Gym ကစားတဲ့အခါ နည်းစနစ် မှန်ကန်မှု ရှိဖို့က အရေးကြီးပါတယ်။ နည်းစနစ်တကျ ကစားမှလည်း ထိထိရောက်ရောက်နဲ့ ကိုယ်ရည်မှန်းထားတဲ့ ဘော်ဒီတည်ဆောက်မှုဆိုင်ရာ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နည်းစနစ် မှန်မှန်နဲ့ အချိုးအစား ကျကျ Gym ကစားနိုင်ဖို့ဆိုရင် ကျွမ်းကျင်တဲ့ Personal Trainer တွေရဲ့ လမ်းညွှန်ပြသမှုတွေက မဖြစ်မနေ လိုအပ်ပါတယ်။  ကျန်းမာရေးအတွက်ဖြစ်စေ ၊ ခန္ဓာကိုယ် ရုပ်ပိုင်းစိတ်ပိုင်းကျန်းမာဖို့အတွက်ပဲ ဖြစ်စေ Gym ကစားတော့မယ်ဆိုရင် Personal Trainer တွေ ဘာကြောင့် ငှားသင့်သလဲ ၊ Personal Trainer တွေနဲ့ ကစား တာက ဘယ်လိုအားသာချက်တွေရှိမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) Motivation ပိုရစေတယ်


Photo : Perfect Health

Workout ကစားတဲ့အခါ တစ်ဦးတည်း ကစားတာထက် အဖော်နဲ့ ကစားတာက ပိုပြီး စိတ်အားတက်ကြွမှုကို ရစေပါတယ်။ Personal Trainer တစ်ယောက်က ကွီးတို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တိုင်းမှာ အနီးကပ် တွန်အားပေးနေမှာဖြစ်တာကြောင့် Workout ကစားခြင်းအပေါ် ပျင်းရိသွားတာမျိုး မဖြစ်ပဲ Motivation ပိုရစေမှာ ဖြစ်ပါတယ်။

(၂) နည်းစနစ် မှန်ကန်စေတယ်

Photo : Men’s Health

အထက်မှာ ပြောခဲ့သလိုပါပဲ Gym ကစားတဲ့အခါ နည်းစနစ်ပိုင်း မှန်ကန်ဖို့ အရေးကြီးပါတယ်။ နည်းစနစ် မှန်ကန်မှလည်း လေ့ကျင့်ခန်းလုပ်ရာမှာ ပိုမိုထိရောက်မှုရှိစေမှာ ဖြစ်ပြီး ရည်မှန်းထားတဲ့ Body Goal မှန်မှန်နဲ့ မြန်မြန် ရောက်နိုင်မှာပါ။ Personal Trainer နဲ့ ကစားတာက နည်းစနစ်ပိုင်းမှာ ပိုမိုမှန်ကန်ကောင်းမွန်စေပြီး ထိထိရောက်ရောက် ကစားနိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၃) Injury ရနိုင်ခြေ နည်းစေတယ်

Photo : Unsplash

Gym အခုမှ စကစားမယ့်သူတွေအနေနဲ့ နည်းစနစ် မှန်ကန်မှုမရှိရင် မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ခြေ များပါတယ်။ ထိခိုက်ဒဏ်ရာ ရပြီဆိုရင် Workout ကောင်းကောင်း ကစားနိုင်တော့မှာ မဟုတ်ပဲ ကြွက်သားတည်ဆောက်ခြင်းမှာပါ ကြန့်ကြာမှုတွေ ရှိလာနိုင်ပါတယ်။ Personal Trainer နဲ့ ကစားမယ်ဆိုရင်တော့ Injury ဖြစ်နိုင်ခြေရှိတဲ့ ကစားပုံ ကစားနည်းတွေကို သေချာလမ်းညွှန်ပြသပေးနိုင်တဲ့အတွက် ပုံစံမှန်မှန်ကစားနိုင်ပြီး မတော်တဆနဲ့ ထိခိုက်ဒဏ်ရာရနိုင်ခြေ နည်းစေမှာပါ။

(၄) ကစားနည်းစုံတယ်

Photo : Men’s Health

တစ်ရက်တစ်ရက် ပုံစံတူ ကစားနည်းတွေ ၊ လေ့ကျင့်ခန်းတွေကို ထပ်ခါတလဲလဲ လုပ်နေမယ်ဆိုရင် အချိန်တိုအတွင်းမှာတင် ငြီးငွေ့လာနိုင်ပါတယ်။ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ Trainer တွေကတော့ ကွီးတို့ကို မတူညီတဲ့ ကစားနည်းတွေ ၊ စက်ကိရိယာ အသုံးပြုနည်းတွေ ၊ ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ ကြံ့ခိုင်ရေး အစီအစဉ်တွေကို အမြဲပြောင်းလဲ ကစားစေမှာဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ကစားနည်းမျိုးစုံ ပြောင်းလဲပြီး တက်ကြွပျော်ရွှင်စွာ ကစားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွမ်းကျင်တဲ့ Trainer တွေဆီကနေ အာဟာရဆိုင်ရာ အကြံပြုချက်တွေ ၊ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ကိုယ်က ဘယ်လို ခန္ဓာကိုယ်အချိုးအစားမျိုး လိုချင်တယ် ၊ ဘယ်လောက် အားစိုက်ထုတ်နိုင်လဲ ပေါ်မူတည်ပြီး လိုချင်တဲ့ Result တစ်ခုရအောင် ဘယ်လို ကစားရမယ် စသည်ဖြင့် အကြံဉာဏ်ကောင်းတွေ ရယူနိုင်ပြီး ထိရောက်မှုရှိစွာ ကစားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Online Fitness Coach