The Rock လို့ ပြောလိုက်တာနဲ့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း၊ ဗလတောင့်တောင့် မင်းသားကြီးကို မျက်စိထဲ ပေါ်လာပါလိမ့်မယ်။ The Rock သည် သရုပ်ဆောင် ကောင်းရုံတင်မကဘူး။ ဗလတောင့်တဲ့အတွက်ကြောင့် အက်ရှင်ကားတော်တော်များများမှာ သရုပ်ဆောင်ရလေ့ရှိပါတယ်။ ကြွက်သားများ တောင့်တင်းလာဖို့ရန်အတွက်လည်း The Rock သည် လေ့ကျင့်ခန်း အများအပြား ပြုလုပ်ကာ အားစိုက်ခဲ့ရတာဖြစ်ပါတယ်။

The Rock ရဲ့ ပရိသတ်ကြီးလည်း သူ့လိုမျိုး ကြွက်သားများ သန်မာတောင့်တင်းချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များကို ပြုလုပ်နိုင်ပါတယ်။ သူ ပြုလုပ်လေ့ရှိတဲ့ Workout Plan ကို အပိုင်း (၅) ပိုင်းခွဲထားပါတယ်။ ပထမတစ်ပိုင်းကတော့ ရင်အုပ်ကြွက်သားများအတွက် လေ့ကျင့်ခန်းများ၊ ခြေထောက်ကြွက်သား၊ လက်မောင်းနှင့် ဝမ်းဗိုက်ကြွက်သား၊ နောက်ကျောကြွက်သား၊ ပုခုံးကြွက်သားများ ဆိုပြီးဖြစ်ပါတယ်။

The Rock သည် ထို လေ့ကျင့်ခန်း များ မပြုလုပ်ခင်မှာလည်း Cardio လေ့ကျင့်ခန်းများကို ၁ နာရီတိတိ အရင်ဆုံး ပြုလုပ်လေ့ရှိပါတယ်။ Cardio လေ့ကျင့်ခန်းများ ပြီးတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်လည်း ဆိုတော့…

လေ့ကျင့်ခန်း (၁)

exercises

Photo: Tenor

ဒီလေ့ကျင့်ခန်းကတော့ ခုံတန်းရှည်ပေါ်မှာ လှဲလျောင်းနေကာ အလေးတုံးကို အပေါ်သို့ ပင့်တင်ရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

exercises

Photo: Pinterest

ဒီလေ့ကျင့်ခန်းလေးကတော့ စောစောက ခုံတန်းရှည်ကို ခပ်စောင်းစောင်းလေး ထားပြီးတော့ ထိုအပေါ်မှာ လှဲလျောင်းနေကာ အလေးတန်းဖြင့် ရင်အုပ်ကြွက်သားများ တောင့်တင်းအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

exercises

Source: Menshealth

ထိုင်ခုံအနေအထားကတော့ စောစောက အနေအထားအတိုင်းပဲဖြစ်ပါတယ်။ အလေးတန်းအစား အလေးတုံး နှစ်တုံးကို ပြောင်းလဲအသုံးပြုရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၅ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

exercises

Source: Greatiest

အလေးတုံးနှင့် ချိတ်ဆက်ထားတဲ့ ကြိုးနှစ်ချောင်းကို အရှေ့သို့ ဆိုက်ချကာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

ထိုလေ့ကျင့်ခန်းများကတော့ ရင်အုပ်လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားများအတွက် လေ့ကျင့်ခန်းများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

လေ့ကျင့်ခန်း (၅)

exercises

Source: Jeremystraining

ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်ကြွက်သားများကို သန်မာလာစေမယ့် လေ့ကျင့်ခန်းတစ်ခုပဲဖြစ်ပါတယ်။ စုစုပေါင်း ၂၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

Rock လေ့ကျင့်ခန်း

Source: Menshealth

အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားကာ ဘယ်ခြေကို အရှေ့သို့ ကွေးညွှတ်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း မတ်တပ်ပြန်ရပ်လိုက်ပါ။ စုစုပေါင်း ၂၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘက်ပြောင်းကို စောစောကနည်းအတိုင်း ဆက်လက်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၇)

Rock လေ့ကျင့်ခန်း

Source: Anabolic Aliens

ကြမ်းပြင်ပေါ်မှာ တံတောင်ထောက်ပြီး လှဲလျောင်းကာာ ညာခြေကို အပေါ်သို့ မြှောက်ပေးလိုက်ပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။ သတ်မှတ်အကြိမ်ရေ ပြည့်ပါက ဘယ်ခြေကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

ထို့နောက် လက်မောင်းနှင့် ဝမ်းဗိုက်ကြွက်သားများအတွက် ဆက်လက်ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၈)

Rock လေ့ကျင့်ခန်း

Source: Pinterest

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ချဲထားကာ အလေးတန်းကို ကိုင်ထားပြီး တံတောင်ကွေးလိုက် ပြန်ဆန့်လိုက် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၉)

Rock လေ့ကျင့်ခန်း

Source: Menshealth

ဒီလေ့ကျင့်ခန်းသည်လည်း စောစောက လေ့ကျင့်ခန်းအတိုင်းပဲ ဖြစ်ပါတယ်။ အလေးတန်းအစား အလေးတုံး နှစ်တုံး ပြောင်းလဲအသုံးပြုကာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁၀)

Rock လေ့ကျင့်ခန်း

Source: GIPHY

လက်နှစ်ဖက်က အလေးဘောလုံးကို ကိုင်ထားကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရွေ့လျားပေးကာ ဘောလုံးကို ဘယ်ရွေ့လိုက် ညာ ရွေ့လိုက် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း အကြိမ် ၂၀၊ ၄ ကျော့ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁၁)

Rock လေ့ကျင့်ခန်း

Source: Gfycat

လက်နှစ်ဖက်က ဘားတန်းပေါ်မှာ တွဲလွဲခိုနေပြီး ခြေထောက်နှစ်ဖက်က ဘယ်ဘက်သို့ စောင်းပြီး မြှောက်လိုက်၊ ညာဘက်သို့ စောင်းပြီး မြှောက်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကတော့ The Rock ရဲ့ Workout Plan ထဲမှာ ပါဝင်တဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။

Source: Mensjournal

Featured Image: Manofmany