Ryan Reynolds ဆိုတာကတော့ ကမ္ဘာကျော် မင်းသားတစ်လက်ဖြစ်ပြီး ကနေဒါ အမေရိကန် ကပြားဖြစ်ပါတယ်။ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ Ryan Reynolds သည် သရုပ်ဆောင်သက်တမ်း အနှစ် ၃၀ ရှိပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ ဇာတ်ကောင်တော်တော်များများကလည်း လူသိများကျော်ကြားပြီး Deadpool ဇာတ်ကားကတော့ ပရိသတ်တွေ ရင်ထဲ အထိဆုံးပဲဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာ Ryan Reynolds သည် Six-Pack ကြွက်သားများ ထွက်လာအောင် လေ့ကျင့်ခန်း များကို အချိန်ယူပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

Six-Pack ထွက်အောင် ကြိုးစားတဲ့နေရာမှာလည်း လေ့ကျင့်ခန်း တစ်ခုတည်း ဖိလုပ်တာထက်စာရင် Diet Plan နဲ့ပါ တွဲပေးတဲ့အခါ မြန်ဆန်သိသာတဲ့ ရလာဒ်ကောင်းများကို ရရှိမှာဖြစ်ပါတယ်။

deadpool

Photo: Revolutionaryprogramdesign

ကွီးတို့အနေနဲ့ Six-Pack ကြွက်သားများကို လေးပတ်အတွင်း ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို လိုက်နာကျင့်သုံးသင့်ပါတယ်။ Ryan Reynolds သည်လည်း Deadpool ဇာတ်ကားအတွက် အဆီပိုများ မထွက်အောင် ယခုလိုပဲ ကြိုးစားခဲ့တာြဖစ်ပါတယ်။

အစားစားတဲ့ အကြိမ်ရေသည် တစ်ရက်လျှင် ၆ ကြိမ် စားရမှာဖြစ်ပြီး ၃ နာရီခြားတစ်ခါ စားပေးရမှာဖြစ်ပါတယ်။ တစ်ခါစားတဲ့အခါမှာလည်း ပမာဏ နည်းနည်းစီသာ စားသုံးရမှာဖြစ်ပါတယ်။ နေ့စဥ်နေ့တိုင်း အဆီ အဆိမ့်များ၊ အငန်ဓာတ်များ၊ သကြားဓာတ်များကို လျော့စားရမှာြဖစ်ပါတယ်။ စိတ်အလိုလိုက်လို့မရပါဘူး။ သို့သော် ၁၀ ရက်ပြည့်လျှင်တော့ တစ်ကြိမ်ခန့် အစားတစ်နပ်ကို မိမိစိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဥပမာ-ကြက်ကြော် စားချင်သလား၊ ဟမ်ဘာဂါစားချင်သလား စသည်ဖြင့် တစ်နပ်စာကို မိမိစိတ်ကြိုက် စားသုံးနိုင်ပါတယ်။ ဒ့ါအပြင် ပရိုတင်းရှိတ် ဖျော်ရည်များကိုလည်း မှီဝဲပေးမယ်ဆိုရင် ကြွက်သားများ ထွက်လာတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အခုဖော်ပြမယ့် လေ့ကျင့်ခန်းများကိုပါ အချိန်ပေးပြီး ပြုလုပ်မယ်ဆိုရင်တော့ Ryan Reynolds လိုမျိုး ကြွက်သားများဖြင့် ကြည့်ကောင်းလာမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

Six-Pack လေ့ကျင့်ခန်း

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုတော့ Overhead Squats လို့ အမည်ပေးထားပါတယ်။

အဆင့် (၁) ခြေထောက်နှစ်ချောင်းကို ပုခုံးအကျယ်ထက် အနည်းငယ် ပိုကျယ်အောင် ချဲထားလိုက်ပါ။ လက်နှစ်ဖက်က အလေးတန်းကို ကိုင်ထားလိုက်ပါ။ အလေးတန်း ကိုင်ထားတဲ့အခါမှာလည်း လက်နှစ်ဖက်ကို ခပ်ကျဲကျဲလေး ချဲထားလိုက်ပါ။

အဆင့် (၂) ရယ်ဒီဖြစ်ပြီဆိုရင်တော့ တင်ပါးကို နောက်ပစ်ပြီး ဒူးနှစ်ဖက်ကို ကွေးညွတ်ကာ Squat ထိုင်ပေးရမှာပဲဖြစ်ပါတယ်။

ထိုင်လိုက် ထလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးလိုက်ပါ။ စုစုပေါင်း အကြိမ် ၂၀ မှ ၃၀ ပြုလုပ်ပါ။ ၃ ကျော့မှ ၄ ကျော့ခန့် ပြုလုပ်ပေးရပါမယ်။ တစ်ကျော့နဲ့ တစ်ကျော့ကြား စက္ကန့် ၃၀ ခန်၌ အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

Six-Pack လေ့ကျင့်ခန်း

Source: Menshealth

ဒီလေ့ကျင့်ခန်းကျတော့ စောစောက လေ့ကျင့်ခန်းနဲ့ ဆင်တူသယောာင်ရှိပါတယ်။

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို စုထားရမှာဖြစ်ပြီး အလေးတန်း ကိုင်ထားတဲ့ လက်နှစ်ဖက် အကျယ်ကြီး ချဲထားစရာမလိုဘဲ ပုခုံးအကျယ်လောက်သာ ချဲထားရမှာြဖစ်ပါတယ်။

အဆင့် (၂) လက်နှစ်ဖက်က အလေးတုံးကို ပင့်တင်လိုက် ရင်အုပ်ရှေ့မှာ ချထားလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

Six-Pack လေ့ကျင့်ခန်း

Source: Vissco

အဆင့် (၁) ယောဂဖျာပေါ်တွင် ဝမ်းလျားမှောက်ထားပါ။ လက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထားကာ နှဖူးကာ လက်ပေါ်မှာ တင်ထားလိုက်ပါ။

အဆင့် (၂) ဘယ်ဒူး ကွေးလိုက်၊ ညာဒူး ကွေးလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ပေးရပါမယ်။

စုစုပေါင်း အကြိမ် ၂၀ မှ ၃၀ ပြုလုပ်ပေးရပါမယ်။ ၃ ကျော့မှ ၄ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

Six-Pack လေ့ကျင့်ခန်း

Source: Gymguider

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Plank ထောက်ခြင်းပဲဖြစ်ပါတယ်။ ထိုအနေအထားအတိုင်း ၃ မိနစ်မှ ၅ မိနစ်ခန့် Plank ထောက်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

abs workout

Source: Gymguider

ဒီလေ့ကျင့်ခန်းလေးကိုတော့ Side Plank လို့ နာမည်ပေးထားပါတယ်။ ခန္ဓာကိုယ်ကို ဘေးတစောင်းထားကာ Plank ထောက်ရမှာဖြစ်ပါတယ်။ သူ့ကိုလည်းပဲ ၃ မိနစ်မှ ၅ မိနစ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် ခန္ဓာကိုယ်ကို ဘက်ပြောင်းကာ နောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း Plank ထောက်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

abs workout

Source: Foodspring

ဒီလေ့ကျင့်ခန်းလေးကတော့ Crunches လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားများကို ညှစ်ကာ အိပ် ထ မတင် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ Six-Pack ထွက်ချင်တဲ့ ကွီးတို့အတွက် ထိရောက်မှု အရှိဆုံး လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း အကြိမ် ၂၀ မှ ၃၀၊ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Featured Image: Menshealth