လက်မောင်း Tricep လှတဲ့သူတွေဟာ တီရှပ်လို ဖက်ရှင်မျိုးမှာ ပိုပြီး ကြည့်ကောင်းတတ်တယ်ဆိုတာ အမျိုးသားတိုင်း အသိဖြစ်ပါတယ်။ Tricep တက်ဖို့ များသောအားဖြင့် လက်မောင်းအပေါ်ပိုင်း လေ့ကျင့်ခန်းတွေကို ခပ်ပြင်းပြင်းလေး ကစားပေးကြရပါတယ်။ ဒီလို ကစားပေးရာမှာ အခုပြောမယ့် လေ့ကျင့်ခန်းတွေလည်း ပါဝင်ပါတယ်။
(၁) Close-Grip Bench Press
Barbell တန်းကို ပက်လက်လှန်ပြီး တွန်းရတာပါ။ ကိုယ်နိုင်သလောက် ဝိတ်နဲ့ စတင်နိုင်ပါတယ်။ လုပ်ဆောင်တဲ့ နည်းလမ်းကိုတော့ Video ဖိုင်ထဲက အတိုင်း နည်းယူနိုင်ပါတယ်။ ၆ ကြိမ် ၈ ကြိမ် နှုန်းနဲ့ ၃ ကျော့ ၄ ကျော့ ကစားပေးနိုင်ပြီး တစ်ကျော့နဲ့ နောက်တစ်ကျော့အကြား စက္ကန့် ၆၀ လောက် အနားယူသင့်ပါတယ်။
(၂) Cable Rope Tricep Pushdown
Tricep တွေကို Target ထားတဲ့ ဒီလေ့ကျင့်ခန်းကတော့ Weight သိပ်မတင်ဖို့ အရေးကြီးပါတယ်။ ဖြည်းဖြည်းချင်း ကြိုးကို ဆွဲချရတာ ဖြစ်ပြီး တံတောင်ကို သေချာထိန်းကစားရတာပါ။ ဗွီဒီယိုထဲမှာ Cable Rope Tricep Pushdown ကစားနည်း ပြထားပါတယ်။ ၁၀ ကြိမ် ၃ ကျော့ နှုန်း ကစားပြီး တစ်ကျော့ကို စက္ကန့် ၆၀ အနားပေးသင့်ပါတယ်။
(၃) Lying Triceps Extension
ဒီလေ့ကျင့်ခန်းက Beginners တွေအတွက် တစ်ယောက်တည်း မကစားသင့်တဲ့ လေ့ကျင့်ခန်းမျိုးပါ။ ပက်လက်လှန် OverHead မ,ရတာ ဖြစ်လို့ Trainer အကူနဲ့ ကစားတာ ပိုကောင်းပါတယ်။ နည်းစနစ်အတိအကျကို ဗွီဒီယိုဖိုင်မှာ ကြည့်နိုင်ပါတယ်။ ၁၀ ကြိမ် ၃ ကျော့ ကစားရမယ့် လေ့ကျင့်ခန်းအမျိုးအစားပဲ ဖြစ်ပါတယ်။
Featured Photo : ManOfMany
