ဝိတ်ချချင်ပေမယ့် Workout လုပ်ဖို့ မအား ဘဲ အခြားအလုပ်တွေနဲ့ လုံးလည်ချာလည် လိုက်နေပါသလား။ မိနစ် ၆၀၊ မိနစ် ၉၀ လောက် လေ့ကျင့်ခန်း ပြုလုပ်ဖို့ မအားဘူးဆိုရင်တော့ စိတ်မပူပါနဲ့။ မိနစ်ပိုင်းအတွင်း ထိရောက်မှုရှိတဲ့ Workout လေ့ကျင့်ခန်းအတိုလေးတွေရှိပါတယ်။ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို တစ်ရက်လျှင် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် အချိန်ပေးရုံနဲ့ ကွီးတို့ရဲ့ ခန္ဓာကိုယ်က သွယ်လျကျစ်လျစ်လာမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

Workout မအား

ဒီလေ့ကျင့်ခန်းကတော့ Leg Raise လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ ခြေထောက်နှစ်ဖက်ကို စုံလိုက် မတင်ရမှာဖြစ်ပါတယ်။ ၄၅ စက္ကန့်ခန့် လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

Workout မအား

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းဖြည်းချင်းကြွကာ အိပ် ထ မ တင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။​ ၄၅ စက္ကန့်ခန့် လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုကြား အနားမယူဘဲ တောက်လျှောက် ဆက်လုပ်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

Workout မအား

ဒီလေ့ကျင့်ခန်းကတော့ V-Sit Crunch လို့ ခေါ်ပါတယ်။ ဗိုက်ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာဖြစ်ပါတယ်။ ခြေထောက်နှစ်ဖက်ကတော့ စက်ဘီးစီးသလိုမျိုး ရှေ့တိုး နောက်ဆုတ် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၄၅ စက္ကန့် ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၄)

Workout မအား

ဒီလေ့ကျင့်ခန်းကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Plank လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ၄၅ စက္ကန့်တိတိ Plank ထောက်ပေးရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အလေးတုံး (သို့) လေ့ကျင့်ခန်း ဘောလုံးတစ်လုံး လိုအပ်ပါမယ်။ မရှိပါက ၁ လီတာ ရေဘူးဖြင့် ပြုလုပ်နိုင်ပါတယ်။ အလေးတုံးကို ဟိုဘက် ရွေ့လိုက်၊ ဒီဘက် ရွေ့လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၅၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၆)

လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Flutter Kick လို့ ခေါ်ပါတယ်။ သူကတော့ ခြေထောက်နှစ်ဖက်ကို အထက် အောက် တစ်လှည့်စီ လွှဲပေးရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း စက္ကန့် ၅၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်းများ အားလုံး ပြီးသွားတဲ့အခါ ၁ မိနစ်ခန့် အနားယူပါ။ ထို့နောက် အစ အဆုံးကို နောက်ထပ် ၂ ကျော့ခန့် ထပ်မံ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းများက အချိန်အကြာကြီး Workout လုပ်ဖို့ မအား တဲ့ ကွီးတို့အတွက် ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က အလုပ်များလို့ မအားတာမဟုတ်ဘဲ ပျင်းလို့ လေ့ကျင့်ခန်း မလုပ်ချင်လို့ ဆင်ခြေဆင်လတ်မျိုးစုံပေးပြီး မအားတာဆိုရင်တော့ သကြားမင်း ဆင်းကယ်တောင် ဝိတ်ကျမှာ မဟုတ်ဘူးဗျို့။

Source: Fatherly

Featured Image: Freepik