ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊ စားသောက်နေထိုင်မှုပုံစံတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ ကျွန်တော်တို့က ပိန်ဖို့၊ ကြွက်သားအဖုအထစ်တွေနဲ့ ကြည့်ကောင်းဖို့၊ ကျန်းမာရေးကို မြှင့်တင်ဖို့၊ သက်လုံကောင်းဖို့ စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေ လုပ်တဲ့နေရာမှာ ပိုပြီးထိရောက်မှု ရှိဖို့ အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွမ်းကျင်တဲ့ Gym Trainers တွေ၊ ဆရာဝန်တွေက လေ့ကျင့်ခန်း ရလဒ်ကို ပိုမြှင့်တင်ပေးပြီး စွမ်းဆောင်ရည် ပိုမိုမြှင့်မားဖို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ထိရောက်တဲ့ အစားအစာတွေ စားသုံးပေးဖို့ အကြံပြုလေ့ရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် Workout လုပ်ပြီး ရလဒ် ကောင်းကာ ထိရောက်စေဖို့ ကူညီပေးနိုင်တဲ့ အစားအစာများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Oatmeal

Workout ရလဒ်

Photo : www.self.com

Oatmeal က ကွီးတို့ရဲ့ လေ့ကျင့်ခန်း တိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်တို့ကို ပေးစွမ်းရုံသာမက အမျှင်ဓာတ်ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် Oatmeal ကို ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ပရိုတင်းဓာတ်များပါဝင်သော ဒိန်ချဉ်၊ အခွံမာသီးများ၊ အစေ့အဆန်များနှင့် ဘယ်ရီသီးများကဲ့သို့သော အစားအစာများနဲ့ တွဲပြီး စားသောက်နိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးနောက် စားသင့်တဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။

ခရမ်းချဉ်သီး

Workout ရလဒ်

Photo : Masterclass

Workout လုပ်တဲ့အခါ ရလဒ် ကောင်ကောင်းရစေဖို့ စားပေးသင်တဲ့ အစားအစာများထဲမှာ ကျွန်တော်တို့ နေ့စဉ်စားသုံးနေပြီး လွယ်လွယ်ကူကူရနိုင်တဲ့ ခရမ်းချဉ်သီးကလည်း အပါအဝင်ဖြစ်ပါတယ်။ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးဖျော်ရည်ဟာ သွေးတွင်းသွေးဆဲလ်ဖြူကို ကြွက်သားများဆီ ပို့ဆောင်ပေးတဲ့အတွက် ကြွက်သားများ ပြန်လည်ကျန်းမာစေပါတယ်။ သုတေသနတစ်ခုက ခရမ်းချဉ်သီးက ကြွက်သားပျက်စီးခြင်းကို လျှော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် ချွေးထွက်ခြင်းကြောင့် ပိုတက်ဆီယမ်လျှော့နည်းခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်သူတွေ အနေနဲ့ နေ့စဉ်အစားအစာထဲမှာ ခရမ်းချဉ်သီးကို ထည့်သွင်းစားသုံးသင့်ပါတယ်။

ကြက်ဥ

Workout ရလဒ်

Photo :Food.com

ပရိုတင်းဓာတ် ကြွယ်ဝသော ကြက်ဥက ကြွက်သားတည်ဆောက်ရန်အတွက် ကောင်းမွန်တဲ့ အစားအစာတစ်ခုပါ။ ကြက်ဥကို ပြုတ်ပြီး စားသောက်ခြင်းဖြင့် ၎င်းရဲ့ အာဟာရအများစုကို ထိန်းထားနိုင်ပြီး ဆီကဲ့သို့သော ကယ်လိုရီအပိုများမှ ထပ်ထည့်ရန် မလိုအပ်သောကြောင့် ကိုယ်အလေးချိန် လျှော့ချရမှာလည်းကောင်း၊ ကြွက်သားများ ဖွံ့ဖြိုးဖို့အတွက်လည်းကောင်း အထောက်အကူပေးနိုင်တဲ့ အကောင်းဆုံး အစားအသောက်တစ်ခုပါ။

ထောပတ်သီး

Photo : Healthline

ထောပတ်သီးဟာ စူပါအစားအစာတစ်ခုလို့ ပြောလို့ရပါတယ်။ ၎င်းမှာ ငှက်ပျောသီးထက် ပိုတတ်ဆီယမ်ပါဝင်မှု ပိုများတာကြောင့် လေ့ကျင်ခန်းလုပ်ပြီးနောက် စားသင့်တဲ့ အကောင်းဆုံး သရေစာတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါ့အပြင် ထောပတ်သီးကဲ့သို့ အဆီပါဝင်မှုရှိသော အသီးများက နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ အစာခြေဖျက်ခြင်း၊ စိတ်ခံစားချက်ကို မြှင့်တင်ပေးခြင်းနှင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်းကဲ့သို့သော အကျိုးကျေးဇူးများကို ရရှိနိုင်ရုံသာမက လေ့ကျင့်ခန်းရလဒ်များကိုလည်း ပိုပြီးကောင်းမွန်စေပါတယ်။

အဆီပါဝင်သော ငါးများ

Photo : Fatty15

အားကစားသမားများနဲ့ ကျန်းမာရေးလိုက်စားသူ အတော်များများက ခန္ဓာကိုယ်ကြွက်သားများ ကြီးထွားရန်နဲ့ ပြန်လည်သန်စွမ်းစေဖို့ ပရိုတင်းဓာတ်ရဲ့ အရေးပါပုံကို ကောင်းကောင်း သိကြပါတယ်။  ဒါ့အပြင် သွေးတွင်းဟော်မုန်းပမာဏကို ထိန်းထားနိုင်ဖို့ လုံလောက်သော အဆီဓါတ်ကို စားသောက်ဖို့လည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် အဆီဓာတ်ပါဝင်ပြီး ပရိုတင်းဓာတ်ကိုလည်း ပေးစွမ်းနိုင်တဲ့ အဆီဓာတ်ကြွယ်ဝသော ငါးများကို စားသုံးပေးနိုင်ပါတယ်။ ပိုရိုတင်းဓာတ်နဲ့ အဆီဓာတ်ကြွယ်ဝသော ငါးအချို့ကတော့ ဆော်လမွန်၊ တူနာ၊ ဆာဒင်း နဲ့ မာကရယ် စတာတွေပဲ ဖြစ်ပါတယ်။

ဖရဲသီး

Photo : FirstCry Parenting

ဖရဲသီးဟာ ကြွက်သားနာတာကို လျှော့ချပေးတယ်လို့ ယူဆထားတဲ့ အမိုင်နိုအက်ဆစ် L-Citrulline ကြွယ်ဝစွာ ပါဝင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုပါ။ ကွီးတို့ Workout လုပ်တဲ့ နေ့တိုင်း တစ်ခွက်သောက် ဖရဲသီးဖျော်ရည် တစ်ခွက်သောက်တာကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသီးအနှံများက ကျွန်တော်တို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထောက်အကူပြုတာကြောင့် ပုံမှန်စားသောက်ပေးရင်တော့ အကောင်းဆုံးပါပဲ။

အခုဖော်ပြပေးလိုက်တာကတော့ Workout လုပ်တဲ့အခါ ထိရောက်ပြီး ကွီးတို့လိုချင်တဲ့ ရလဒ် ကောင်းကောင်း ရစေဖို့ အထောက်အကူ ပြုပေးနိုင်တဲ့ အစားအသောက် အချို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖော်ပြထားတဲ့ အစားအသောက်များက အလွယ်တကူ ရရှိနိုင်ပြီး ကျန်းမာရေးအတွက်လည်း များစွာ အထောက်အကူပြုတာကြောင့် ကွီးတို့ရဲ့ နေ့စဉ် အစားအသောက်များထဲမှာလည်း ပုံမှန်ထည့်သွင်း စားသုံးသင့်ပါတယ်။

Source : Eat This Not That

Featured Photo : Men’s Health