လေ့ကျင့်ခန်းတော့ လုပ်နေပါရဲ့ ကိုယ် လိုချင်တဲ့ ခန္ဓာကိုယ်မျိုး မရရှိဘူးဆိုရင် ကွီးတို့ ပြုလုပ်နေတာ တစ်ခုခု မှားယွင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ တချို့တွေဆိုရင် Workout အလွဲ အမှားတွေကို မ ရှောင် ကြဥ်ဘဲ ပြုလုပ်နေကြတာကြောင့် အချိန်ကုန် လူပင်ပန်းပြီး ဘာမှ မဖြစ်လာရတာပါ။

ကွီးတို့လည်း အခုဖော်ပြပေးမယ့် Workout အလွဲတွေကို ရှောင် နိုင်မှသာ အချိန်ကုန် လူပင်ပန်းရကျိုးနပ်ပြီး ကိုယ် လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ရယူပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

(၁) ကောက်ရိုးမီးလိုမျိုး တစ်ရက် နှစ်ရက်လောက်သာ လေ့ကျင့်ခန်း လုပ်ပြီး ဆက်မလုပ်တော့ခြင်း

လေ့ကျင့်ခန်

ဝိတ်ကျအောင် လုပ်မယ်ကွာ၊ ကြွက်သားတွေ ကျစ်လျစ်သွားအောင် ဆော့မယ်ကွာ ဆိုပြီး စိတ်တော့ တင်းထားပါရဲ့ တစ်ရက်၊ နှစ်ရက်လောက် ဆော့ကစားရုံနဲ့ ဘာမှ ထူးမခြားသွားပါဘူး။ ကွီးတို့သည် ကိုယ် လိုချင်တဲ့ ပန်းတိုင်မျိုး၊ ကိုယ် လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားမျိုး မရ ရအောင် လုပ်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိမှသာလျှင် Workout လေ့ကျင့်ခန်းများကို စတင် ဆော့ကစားသင့်ပါတယ်။

(၂) လေ့ကျင့်ခန်း နည်းစနစ် မှားယွင်းခြင်း

လေ့ကျင့်ခန်း နည်းစနစ် မှားယွင်းခြင်း

လေ့ကျင့်ခန်းတွေက လုပ်တော့ လုပ်နေပါရဲ့၊ တလွဲတွေ လုပ်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခါးနာတာ၊ ဒူးနာတာ၊ ကြွက်သားများ နာကျင်ကိုက်ခဲတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါ့ကြောင့် ဘယ်လေ့ကျင့်ခန်းများကို ဘယ်လို လုပ်မယ်ဆိုတာကို စတင် လေ့လာကတည်းက နည်းစနစ် အမှန်ကို သေချာ လေ့လာထားဖို့ လိုအပ်ပါတယ်။

(၃) ဝမ်းဗိုက်ကြွက်သား တစ်ခုတည်းကိုသာ အာရုံစူးစိုက်မိခြင်း

Workout ရှောင်

ကွီးတို့ ခန္ဓာကိုယ်က ကြွက်သား အစိတ်အပိုင်း အများကြီးနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒါကို ဗိုက်က အဆီတွေ ကျရင် ပြီးရော အဲ့တစ်ခုတည်းကိုပဲ အာရုံထားပြီး ဆော့မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ခန္ဓာကိုယ်ရှိ ကြွက်သား အစိတ်အပိုင်းများ အားလုံးကို မျှခြေရှိအောင် ဆော့ကစားဖို့ လိုအပ်ပါလိမ့်မယ်။ ပုခုံးကြွက်သား၊ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သား၊ ဝမ်းဗိုက်ကြွက်သား၊ လက်မောင်းကြွက်သား စသည်ဖြင့် သူ့ရက်အလိုက် သေချာ ဆော့ကစားပေးဖို့ လိုအပ်ပါတယ်။

(၄) သွေးပူလေ့ကျင့်ခန်း မပြုလုပ်ခြင်း

Workout ရှောင်

လေ့ကျင့်ခန်း စလုပ်တော့မယ်ဆိုတာနဲ့ သွေးပူလေ့ကျင့်ခန်းကို ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သွေးပူ လေ့ကျင့်ခန်း မလုပ်ဘဲ Workout တန်းလုပ်တဲ့ အမှားမျိုးကိုလည်း ရှောင် ကြဥ်ဖို့ လိုအပ်ပါလိမ့်မယ်။ သွေးပူ လေ့ကျင့်ခန်း မပြုလုပ်ဘဲ​ ကျော်သွားမယ်ဆိုရင်တော့ ကွီးတို့ပဲ ခံစားသွားရပါလိမ့်မယ်။

(၅) အကြိမ်ရေ များရင်ပြီးရော ပြုလုပ်နေခြင်း

Workout ရှောင်

အိပ် ထ မတင် အခါ ၁၀၀ လုပ်မယ်ဆိုပြီး အကြိမ်ရေ များရင် ပြီး ပြီးရော လုပ်လို့ မရပါဘူး။ တချို့တွေက အကြိမ် ၁၀၀ တော့ ပြည့်ပါက ဖြစ်သလို လုပ်တာက ကွီးတို့အတွက် ဘာအကျိုးကျေးဇူး မှလည်း မရှိပါဘူး။ ဒါ့ကြောင့် အကြိမ်ရေ များစရာ မလိုပါဘူး။ အကြိမ်ရေ နည်းနည်းနဲ့ ထိထိ မိမိ ပြုလုပ်ဖို့ကသာ အရေးကြီးတာပါ။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ Workout အလွဲတွေကို ပြုလုပ်မိနေပြီလား။

Source: Realbuzz

Featured Image: Menshealth