ကွီးတို့ Gym ကစားတဲ့အခါ တစ်ယောက်တည်း တစ်ကိုယ်တော် ကစားပါသလား ဒါမှမဟုတ် တက်ညီလက်ညီအတူတူဗျင်းမယ့် Buddy တစ်ယောက်လောက်နဲ့အတူတူ ကစားဖြစ်ပါသလား။ တစ်ယောက်တည်း ကစားတာဖြစ်ဖြစ် အဖော်နဲ့ကစားတာဖြစ်ဖြစ် နှစ်ခုလုံးကတော့ ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ကစားဖော်ကစားဖက် Workout လုပ်ဖော်လုပ်ဖက် သူငယ်ချင်းတစ်ယောက်လောက် ရှိထားမယ်ဆိုရင်တော့ ပိုပြီး အကျိုးများစေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ့်နဲ့အတူတူ တက်ညီလက်ညီ ရှယ်ဗျင်းမယ့် Workout Buddy အနည်းဆုံး တစ်ယောက်လောက် ရှိထားသင့်တဲ့ အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဓာတ်တက်ကြွမှု ပိုရစေတယ်

Workout Buddy

Photo : Marcel Eniu

လူတော်တော်များများ လေ့ကျင့်ခန်းတွေလုပ် Gym တွေ ကစားကြတဲ့အခါ အစပိုင်းမှာတော့ အိုကေနေပေမယ့် အချိန်နည်းနည်းကြာလာတာနဲ့အမျှ စိတ်ဓာတ်တက်ကြွမှုတွေ ပျောက်ဆုံးပြီး ပျင်းရိငြီးငွေ့ လာတက်ပါတယ်။ ဒါပေမယ့် အတူတူကစားမယ့် ကစားဖော်ကစားဖက် Workout Buddy တစ်ယောက်ရှိထားမယ်ဆိုရင်တော့ တစ်ယောက်ကိုယ်တစ်ယောက် အပြန်အလှန်တွဲခေါ်ရင်း စိတ်ဓာတ်တက်ကြွမှုတွေ ရရှိစေမှာပါ။ အားကစားလုပ်တဲ့နေရာမှာ စိတ်အားတက်ကြွမှု ရှိဖို့ကလည်း အရေးကြီးဆုံးပဲ မဟုတ်လား။

(၂) အပြိုင်အဆိုင် ဗျင်းလို့ရတယ်

Workout Buddy

Photo : Livestrong.com

ပြိုင်ဆိုင်မှု မရှိရင် စိတ်အားတက်ကြွမှုလည်း လျော့ကျတက်တာ သဘာဝပါပဲ။ Workout လုပ်တဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ဗျင်းကြတယ်ဆိုရင် ပိုပြီး စိတ်အားတက်ကြွမှုရစေသလို ထိရောက်မှုလည်း ပိုရှိပါတယ်။ အနိုင်မခံ အရှုံးမပေး သူလုပ်ရင်ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ ဗျင်းပါ။ ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်စေမှာ အသေအချာပါပဲ။

(၃) စိတ်ဖိစီးမှု လျော့စေတယ်

Workout Buddy

Photo : The Stuff of Success

Fitness Journey တစ်ခုဟာ တကယ်တော့ ထက်သလောက် မလွယ်ကူပါဘူး။ လိုချင်တဲ့ ပန်းတိုင်တစ်ခုကို မရောက်ခင်အထိ ခက်ခဲကြမ်းတမ်းမှုတွေ ၊ ပင်ပန်းမှုတွေ အများကြီးကို ကျော်ဖြတ်ရတာပါ။ ဒီနေရာမှာ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီနိုင်မယ့် Workout Buddy ရှိထားမယ်ဆိုရင် စိတ်ဖိစီးမှု ပင်ပန်းမှုဆိုတာတွေလည်း လျော့နည်းသွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ပန်းတိုင်ကို အတူတကွ ရောက်အောင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Workout နေရာမှာ ဖေးမကူညီမယ့် ရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါတစ်ယောက် ရှိထားရင် အကောင်းဆုံး ဖြစ်မှာပါ။

(၄) ပျော်ဖို့ကောင်းတယ်

Photo : That Lifestyle Coach

သေချာပါတယ် ကိုယ်နဲ့အတူတူ တက်ညီလက်ညီ Workout လုပ်မယ့် သူငယ်ချင်း တစ်ယောက်ရှိထားမယ်ဆိုရင် ပျော်စရာကောင်းပြီး ပင်ပန်းတယ်ဆိုတာတွေ မရှိသလောက် နည်းသွားစေမှာပါ။ တစ်ယောက်တည်း အားကစားခန်းမထဲမှာ တိတ်တဆိတ် လေ့ကျင့်ခန်း လုပ်နေရတာထက် ကစားဖော်ကစားဖက် အဖော်နဲ့အတူတူ ပျော်စရာ အတွေ့အကြုံလေးတွေ ဝေမျှရင်း လေ့ကျင့်ခန်းလုပ်ရတာက အားကစားခန်းမကို လာဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပိုလှုံ့ဆော်နိုင်မှာ ဖြစ်ပါတယ်။

ကွီးတို့ရော Workout လုပ်တဲ့အခါ တစ်ယောက်တည်း ကစားရတာ ကြိုက်လား ၊ ဘော်ဒါအပေါင်းအသင်း သူငယ်ချင်းတွေနဲ့ အတူတူ ဗျင်းရတာကို ပိုနှစ်သက်ပါသလား???

Featured Photo : Stuffoholics