Workout မလုပ်ခင်မှာ Pre-Workout Drink တွေ သောက်ပေးတာဟာ ကွီးတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်အပေါ် အင်မတန် အကျိုးသက်ရောက်မှု ရှိပါတယ်။ Pre-Workout Drink တွေကတော့ အမျိုးမျိုးရှိပါတယ်။ တချို့ကလည်း လတ်ဆတ်တဲ့ အသီးအနှံတွေကို ဖျော်စပ်ထားတဲ့ Juice တွေသောက်ကြသလို Muscle ကစားနေသူတွေကလည်း ပရိုတင်း Shake တွေကို ရွေးချယ်သောက်ကြပါတယ်။ ဒီထဲကမှ ဈေးအရမ်းမကြီး ၊ ကထိကထလည်းမများပဲ Workoutလုပ်ရာမှာ အကျိုးများစွာပေးတဲ့ Pre-Workout Drink တစ်ခုကို ညွှန်းပေးချင်ပါတယ်။ ဒါကတော့ Black ကော်ဖီပါ။ Workoutမလုပ်ခင်မှာ သကြား ၊ နို့တို့မပါပဲ ကော်ဖီမှုန့်သီးသန့်ကို ဖျော်ထားတဲ့ Black ကော်ဖီ တစ်ခွက်သောက်ပေးမယ်ဆိုရင် အခုပြောပြမယ့် အကျိုးကျေးဇူးတွေရနိုင်မှာ ဖြစ်ပါတယ်။

(၁) အဆီလောင်ကျွမ်းမှုကို မြှင့်တင်ပေးတယ်

Photo : Herbalife Nutrition

အဆီကျချင်သူတွေနဲ့ ဝိတ်ချင်နေသူတွေအတွက် သတင်းကောင်းပါ။ Black ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြင့်စေပြီး တစ်နေ့တာလုံး ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။ Workoutမလုပ်ခင်မှာ ကော်ဖီသောက်တာက ဒီအကျိုးသက်ရောက်မှုကို ပိုကောင်းစေပါတယ်။ ဒါ့အပြင် ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်နဲ့ တခြားဒြပ်ပေါင်းတွေက အစာစားချင်စိတ်ကို ထိန်းပေးပြီး စားသုံးမှုပမဏကို လျှော့ကျစေနိုင်ပါတယ်။

(၂) အားကစား စွမ်းဆောင်ရည် တက်စေတယ်

Photo : Men’s Health

Workout မလုပ်ခင် Black ကော်ဖီတစ်ခွက် သောက်သုံးတာဟာ Athletic Performance ကို တက်စေတယ်လို့ လေ့လာမှုများစွာက အတည်ပြုထားပါတယ်။ British Journal of Sports Science ကနေ ထုတ်ဝေတဲ့ နောက်ထပ်လေ့လာမှုတစ်ခုအရ ပြေးစက်ပေါ်မှာ မီတာ ၁၅၀၀ ခန့် မပြေးမီ Black ကော်ဖီ သောက်ထားသူတွေဟာ ကော်ဖီမသောက်သူတွေထက် ပျမ်းမျှအားဖြင့် ၄.၂ စက္ကန့် ပိုမြန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် စွမ်းအင်အပြည့်နဲ့ ထိထိရောက်ရောက် Workoutကစားချင်ရင်တော့ Black ကော်ဖီတစ်ခွက်က ကွီးတို့ကို ကူညီပေးနိုင်ပါတယ်။

(၃) နိုးကြားတက်ကြွမှုနဲ့ အာရုံစူးစိုက်မှုကို တိုးစေတယ်

Workout

Photo : Jefit

Black ကော်ဖီဟာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးမှာ ခွန်အားကို အမြင့်ဆုံးအထိ မြှင့်တင်ပေးတဲ့အပြင် နိုးကြားတက်ကြွမှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးစေပါတယ်။ သွက်လတ်ဖျက်လတ်ပြီး နိုးကြားတက်ကြွနေခြင်းဟာ Workoutကစားရာမှာ ပိုမိုထိရောက်မှုရှိစေပါတယ်။

(၄) ရောဂါတော်တော်များများကို ကြိုတင်ကာကွယ်ပေးတယ်

Workout

Photo : Health Reporter

ကော်ဖီသောက်ခြင်းရဲ့ မျှော်လင့်မထားတဲ့ အားသာချက်တစ်ခုကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ရောဂါအန္တရာယ်တွေကနေ ခုခံကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ကော်ဖီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ၂၀၁၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Critical Reviews in Food Science and Nutrition ရဲ့ လေ့လာမှုအရ Black ကော်ဖီသောက်ခြင်းဟာ ဆီးချိုရောဂါ ၊ ပါကင်ဆန်ရောဂါ ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ ကင်ဆာရောဂါအချို့ကို ကြိုတင်ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။

(၅) Workoutကစားစဉ် ကြွက်သားနာကျင်မှုကို လျှော့ချပေးတယ်

Workout

Photo : Health Reporter

Illinois တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုအရ Workoutမလုပ်ခင် Black ကော်ဖီသောက်ပေးတာဟာ Workoutကစားစဉ် ကြွက်သားနာကျင်မှုကို လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ကဖင်းဓာတ်ဟာ ကြွက်သားနာကျင်မှု ၊ ဒဏ်ဖြစ်မှုတွေကို လျော့ချပေးတဲ့အတွက် ပြင်းထန်တဲ့ Weight Training ကစားသူတွေ ၊ အချိန်ကြာကြာ Cardio Workouts ကစားသူတွေအနေနဲ့ သေချာပေါက်သောက်သင့်တဲ့ Pre-Workout Drink တစ်ခုဖြစ်ပါတယ်။

ကွီးတို့ရော Workoutမလုပ်ခင်မှာ Pre-Workout Drink အနေနဲ့ Black ကော်ဖီ သောက်ဖြစ်ပါရဲ့လား။

Featured Photo : Men’s Health