လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေက ကွီးတို့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ တော်တော်များများသိပြီးသား ဖြစ်မှာပါ။ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက ကွီးတို့ကို ပိုပျော်ရွှင်စေပြီး ကျန်းမာစေတဲ့ အတွက် တကယ်ကို လျစ်လျူမရှူသင့်ပါဘူး။ ဒါကြောင့် ကွီးတို့ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ကို စိတ်အားထက်သန်စွာ မပျက်မကွက်ပြုလုပ်ချင်စိတ်ရှိစေရန် ကိုယ်လက်လှုပ်ရှားမှုက ရရှိလာမဲ့ အကျိုးကျေးဇူးများ ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကျန်းမာရေးကို တိုးတတ်ကောင်းမွန်စေပါတယ်

ကိုယ်လက်လှုပ်ရှားမှု အကျိုးကျေးဇူးများ

Photo : Shutter Stock

ကိုယ်လက်လှုပ်ရှားမှု နေ့စဉ် ပြုလုပ်ခြင်းဖြင့် ရရှိလာမဲ့ အကျိုးကျေးဇူးများ ထဲမှာ ကွီးတို့ရဲ့ ကျန်းမာရေးကို များစွာ အထောက်အကူပြုစေတာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ နှလုံးရောဂါအတွက် စိတ်ပူနေပြီလား၊ သွေးတိုးရောဂါကို ကာကွယ်ချင်ပါသလား၊ အဝလွန်တာကိုကာကွယ်ချင်ပါသလား။ ဒါဆိုရင်တော့ လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပါ။ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်းက ကောင်းသော ကိုလက်စထရောကို မြှင့်တင်ပေးပြီး ကျန်းမာရေးနှင့်မညီညွတ်သော triglycerides များကို လျော့နည်းစေပါတယ်။ ဒီတစ်ချက်နှစ်ချက်က သွေးတွေကို ချောမွေ့စွာစီးဆင်းစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၂) စိတ်ခံစားချက်ကို တိုးတတ်ကောင်းမွန်စေပါတယ်

ကိုယ်လက်လှုပ်ရှားမှု အကျိုးကျေးဇူးများ

Photo : Exercise.co.uk

ကွီးတို့ရဲ့ စိတ်ခံစားမှု မြှင့်တင်ရန် လိုအပ်ပါသလား။ ဒါမှမဟုတ် စိတ်ဖိစီးမှုတွေကို လျှော့ချချင်ပါသလား။ အမြန်လမ်းလျှောက်ခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုတွေက ကွီးတို့ရဲ့ စိတ်ခံစားမှုတွေ ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကွီးတို့ကို ပိုမိုပျော်ရွှင်စေပြီး ပေါ့ပေါ့ပါးပါးနဲ့ စိုးရိမ်ပူပန်မှုနည်းစေမဲ့ ဦးနှောက်ဓာတုပစ္စည်းများကို လှုံ့ဆော်ပေးပါတယ်။

(၃) လိင်မှုဘဝကို ပိုမိုကောင်းမွန်စေပါတယ်

ကိုယ်လက်လှုပ်ရှားမှု အကျိုးကျေးဇူးများ

Photo : Psychology Today

နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ရရှိလာမဲ့ အကျိုးကျေးဇူးများ ထဲကနောက်တစ်ခုကတော့ ကွီးတို့ရဲ့ လိင်မှုဘဝကို ပိုမိုကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ကွီးတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးစေပြီး အိပ်ရာပေါ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်မှာပါ။ ထို့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်သော အမျိုးသားများက လေ့ကျင့်ခန်းမလုပ်သော အမျိုးသားများထက် လိင်အင်္ဂါချို့ယွင်းမှုပြဿနာများ ဖြစ်နိုင်ခြေနည်းတယ်လို့လည်း ဆိုထားပါတယ်။

(၄) ကွီးတို့ရဲ့ ကိုယ်ခန္ဓာစွမ်းအင်ကို ပိုတိုးစေပါတယ်

exercise benifits

Photo : Smart Capital Mind

ကွီးတို့ရဲ့ ခန္ဓာကိုယ် အားနည်းနေလျှင် ရောဂါများ အလွယ်တကူ ဝင်ရောက်နိုင်ပြီး နေ့စဉ်လုပ်ငန်းများကို ထိခိုက်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းက ကွီးတို့ရဲ့ ကြွက်သားတွေကို သန်မာစေပြီး ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းက ခန္ဓာကိုယ်တစ်ရှူးများဆီသို့ အောက်ဆီဂျင်နှင့် အာဟာရများကို ပို့ဆောင်ပေးပြီး သင့်နှလုံးသွေးကြောစနစ်ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေရန် ကူညီပေးပါတယ်။ နှလုံးနှင့် အဆုတ်ကျန်းမာရေး ကောင်းမွန်လာသောအခါတွင် နေ့စဉ်အလုပ်များကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းအင်ပိုရှိလာစေပါတယ်။

(၅) ကောင်းမွန်စွာ အိပ်စက်နိုင်စေပါတယ်

exercise benifits

Photo : Discover Magazine

ကွီးတို့အနေနဲ့ အိပ်ပျော်ဖို့ ခက်ခဲနေတတ်ပါသလား။ ဒါဆိုရင်‌တော့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းက ထိုပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကောင်းပါပဲ။ ကိုယ်လက်လှုပ်ရှားမှုက ကွီးတို့ကို မြန်မြန်အိပ်ပျော်စေပါတယ်။ အိပ်စက်ခြင်းစက်ဝန်းကိုလည်း မှန်ကန်လာစေပါလိမ့်မယ်။ သို့သော်လည်း အိပ်ရာဝင်ချိန်နဲ့ နီးနီးကပ်ကပ်တော့ လေ့ကျင့်ခန်းမလုပ်သင့်ပါဘူး။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ရရှိလာမဲ့ အကျိုးကျေးဇူးများ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့လည်း နေစဉ် ပုံမှန် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : MYAO Clinic

Featured Photo : Men’s Journal