ကျန်းမာရေးအတွက် အစားအသောက်ရွေးချယ် စားသောက်တတ်ဖို့ လိုပါတယ်။ တချို့ အစားအသောက်တွေက သင့် ခန္ဓာကိုယ် အတွက် ကောင်းကျိုး မဖြစ်တဲ့အပြင် ဆိုးကျိုးပါ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအမြင်အရ ခန္ဓာကိုယ် အတွက် ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစားအသောက်တွေက ဘာတွေလဲ ကြည့်လိုက်ရအောင်ပါ။
(၁) အာလူးကြော်

Photo : Pexels
စားလို့ ကောင်းပေမယ့် ဆိုဒီယံပါဝင်မှု မြင့်လို့ နှလုံးအတွက် မကောင်းပါဘူး။ အာလူးကြော်တွေဟာ သကြားဓါတ်ပါတဲ့ အချိုရည်တွေ ၊ တာရှည်ခံ အသားငါး ၊ အနီရောင်အသားစတာတွေထက် လူကို ဝိတ်ပိုတက်စေနိုင်ပါတယ်။
(၂) ကြက်ကြော်

Photo : Pexels
ကြက်သားက အနီရောင်အသားတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း ဂျုံနဲ့ နယ်ပြီး ဆီများများနဲ့ ကြော်တဲ့ ကြက်ကြော်တွေကတော့ နှလုံး ၊ကင်ဆာ နဲ့ အဝလွန်မှုတွေ ဖြစ်စေနိုင်ပါတယ်။
(၃) ဒိုးနပ်စ်

Photo : Pexels
ဂျုံဖြူ ၊ သကြားတွေနဲ့ ဖန်တီးထားတဲ့ ဒိုးနပ်စ်တွေကလည်း ဆီကြော်စာတွေ ဖြစ်လို့ မကောင်းတဲ့ Cholesterol တက်စေပြီး ကောင်းတဲ့ Cholesterol ကျဆင်းစေနိုင်ပါတယ်။ Trans Fats လို့ ခေါ်တဲ့ မကောင်းတဲ့ အဆီတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
(၄) Non-Dairy Coffee Creamer
Photo : Pexels
မလိုင်မပါ ကော်ဖီ Creamer တွေကို Trans Fats ကနေပဲ ထုတ်တာပါ။ ဒါကို Hydrogenated Oils လို့လည်း ပြောကြပါတယ်။ နှလုံး ၊ သွေးတိုးလေဖြတ်တွေ ဖြစ်မှုနဲ့ Trans Fats အကြား တိုက်ရိုက်ဆက်စပ်မှုတွေ ရှိပါတယ်။
(၅) Hot Dog

Photo : Pexels
အလွယ်အသင့်စား Hot Dot နဲ့ ဝက်အူချောင်းတွေဟာ Saturated Fats နဲ့ ဆိုဒီယမ်မြင့်မားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေများပါတယ်။ မာဂျရင်း ၊ သကြားအုပ်ထားတဲ့ Cereal ၊ ပေါင်မုန့်ဖြူ တို့လည်း လူ့ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အစားအစာ တွေထဲမှာ ထည့်ပြောကြပါတယ်။
Featured Photo : Pexels

