ဒီနေ့ သြဂုတ် (၃၁)ရက်နေ့မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင် စုစုပေါင်း ကလပ်အသင်း (၃၂)သင်းရဲ့ အုပ်စုအဆင့် မဲနှိုက်ရေးဆွဲမှုအပြင် တစ်နှစ်တာအတွင်း အကောင်းဆုံး အမျိုးသား နဲ့ အမျိုးသမီး ဘောလုံးသမားတွေ ၊ အမျိုးသားအသင်း နဲ့ အမျိုးသမီး နည်းပြတွေကို ရွေးချယ်ပြီး ပေးအပ် ချီးမြှင့်မယ့် ဆုပေးပွဲကိုလည်း တစ်ခါတည်း ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်ကနေ ဝင်ရောက် ဆင်နွဲခွင့် ရရှိထားတဲ့ အသင်းတွေထဲမှာ လက်ရှိ ချန်ပီယံ မန်စီးတီး အာဆင်နယ် မန်ယူနိုက်တက် နယူးကာဆယ် ရီးယဲလ် ဘာစီလိုနာ အသက်လက်တီကို ဆိုစီဒက် ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာ နာပိုလီ အင်တာမီလန် အေစီမီလန် လာဇီယို ဘိုင်ယန်ြ့မူးနစ် ဒေါ့မွန် လိုက်ပ်ဇစ် ယူနီယံဘာလင် ပီအက်စ်ဂျီ လန်းစ် ဘင်ဖီကာ ပေါ်တို ဖိုင်ယင်နော့ ရှက်တာဒိုးနက် ရက်စတားဘဲလ်ဂရိတ် ဆဲလ်တစ် ဆာလ်ဇ်ဘာ့ဂ်တို့ ပါဝင်ပြီး ဂါလာတာစာရေး ဘရာဂါ PSV အန့်ဝပ် ကိုပင်ဟေဂင် ယန်းဘွိုင်းစ်တို့ကတော့ ခြေစစ်ပွဲတွေကနေ အုပ်စုအဆင့်ကို ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
Photo Credit : Sporting News
ဒီ အသင်း (၃၂)သင်းကိုတော့ (၄)သင်း တစ်အုပ်စုစီနဲ့ အုပ်စု (၈)စု မဲနှိုက်ရေးဆွဲသွားမှာဖြစ်ပြီး ထိပ်သီး ကလပ်အသင်း (၃)သင်း တစ်အုပ်စုတည်း ကျရောက်တက်တဲ့ မရဏ အုပ်စုတွေဟာလည်း နှစ်တိုင်းလိုလိုမှာ ရှိတက်တာမို့ ဒီနှစ်မှာလည်း Group of Death ထဲ ဘယ်အသင်းတွေ တွေ့ဆုံမလဲဆိုတာ ရင်ခုန်စရာကောင်းပါတယ်။
Photo Credit : UEFA
ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ မဲခွဲမှုနဲ့အတူ UEFA Awards ဆုပေးပွဲကိုလည်း တစ်ပါတည်း ကျင်းပမှာမို့ ရင်ခုန်မှုတွေက နှစ်ဆလောက် မြင့်တက်နေရပါလိမ့်မယ်။ 2022/23 UEFA Men’s Player of the Year ဆုအတွက် ဆန်ကာတင်စာရင်း ဝင်နေတဲ့ ကစားသမား (၃)ယောက်ထဲမှာ မက်ဆီ ဟာလန်း နဲ့ ဒီဘရိုင်းနားတို့ ပါဝင်လို့နေပြီး ဘယ်ကစားသမားက ဒီဆုကို ရရှိသွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ အုပ်စု ရေးဆွဲမှု နဲ့ ဆုပေးပွဲကိုတော့ ဒီနေ့ည (၁၀)နာရီခွဲအချိန်တွင် စတင် ကျင်းပသွားပါမယ်။
Featured Photo : Sporting News