ဒီကြားရက်ထဲ ချန်ပီယံလိဂ်ပွဲစဉ်တွေ ရှိနေတဲ့ကြားထဲကမှ ဒီဥရောပပွဲတွေနဲ့အပြိုင် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း ပွဲစဉ်တစ်ပွဲကပါ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ကတော့ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေသူ အာဆင်နယ် ( စိန်ခေါ်သူ )အသင်းနဲ့ ဒုတိယနေရာက မန်စီးတီး ( လက်ရှိ ချန်ပီယံ) အသင်းတို့ရဲ့ထိပ်တိုက် ဆုံတွေ့နေတဲ့ ပွဲစဉ်ဖြစ်ပြီး ဒီနေ့ည (၂)နာရီအချိန်တွင် ယှဉ်ပြိုင်သွားကြမှာပဲ ဖြစ်ပါတယ်။

Arsenal

Photo Credit : Football-London

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက ဒီရာသီမှာ လုံးဝ ချီးကျူးလောက်စရာကောင်းတဲ့ ပုံစံမျိုးတွေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း စွမ်းဆောင်ထားပြီး (၂၁)ပွဲထိ ကစားထားပြီးချိန်မှာ ရှုံးပွဲ (၂)ပွဲသာ ရှိထားသေးသလို ရမှတ်(၅၁)မှတ်ပါ ပိုင်ဆိုင်ထားပါတယ်။ အမှတ်ပေးဇယားထိပ်မှာ ရပ်တည်လို့ထားတဲ့ ဆင်ပျံကြီး အာဆင်နယ်ဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း ရလဒ်တွေ အတိမ်းအစောင်း ရှိလာခဲ့တာကြောင့် မန်စီးတီးနဲ့ပါ အမှတ်က ကပ်လာခဲ့ရတဲ့အတွက် အခုပွဲကို အမှားခံလို့ မဖြစ်တော့ပဲ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်တွေအတွင်း မန်ယူနိုက်တက် လီဗာပူးလ် စပါးတို့လို Big Six အသင်းတွေကို အနိုင်ယူထားတဲ့ မှတ်တမ်းကောင်းကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖို့လည်း လိုအပ်နေပါတယ်။

City

Photo Credit : Berita KBB-Pikiran Rakyat

လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာလည်း ထိပ်ဆုံးနေရာ ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းကို ဖိအားတွေ ပေးသွားနိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေချိန် ဘဏ္ဍာရေးဆိုင်ရာ စွဲချက်တွေနဲ့ပါ ရင်ဆိုင်နေရလို့ သူတို့အသင်းမှာ ဖိအားများစွာ ရှိနေနိုင်တယ် ဆိုပေမယ့်လည်း ဒီဖိအားတွေကို တွန်းအားတွေအဖြစ် ခံယူလာနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်နဲ့က (၃)မှတ်သာ ကွာဟနေတော့တာဖြစ်လို့ အခုပွဲကိုသာ စီးတီး အနိုင်ရလိုက်မယ်ဆိုရင် အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဇယားထိပ်ကို ပြန်လည် ရောက်ရှိသွားနိုင်မှာပဲ ဖြစ်ပါတယ်။

City-Arsenal

Photo Credit : Sporting News

ဒေါ့မွန် နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ချန်ပီယံ လိဂ်ပွဲစဉ် ရှိနေတဲ့ ဒီနေ့ညမှာ ဒီပွဲစဉ်ထက် နာရီဝက်စောပြီး ကျင်းပသွားမယ့် အာဆင်နယ် နဲ့ မန်စီးတီးတို့ပွဲက ဘောလုံး ဝါသနာအိုး ကွီးတွေအတွက် ချန်ပီယံလိဂ် ရှုံးထွက်ပွဲထက်ကို ပိုပြီး စောင့်ကြည့်ချင်စရာ ဖြစ်နေမှာ သေချာပါတယ်။ Title decider ပွဲမျိုးတော့ မဖြစ်သေးပေမယ့်လည်း လုံးဝကို အကြိတ်အနယ် ရှိနိုင်သလို ဆင်ပျံကြီးတို့အနေနဲ့ ဒီရာသီ အက်အေဖလား ရှုံးကြွေး ပြန်ဆပ်သွားနိုင်မလား ဒါမှမဟုတ် စီးတီးက နိုင်ပွဲရယူပြီး ဆင်ပျံကြီး နေရာကို တတ်လှမ်းသွားနိုင်မလားဆိုတာကတော့…

Featured Photo : Youtube