အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ကားတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင် ပရိသတ် ကွီးတို့အတွက် လာမယ့် မတ်လအတွင်းမှာ ရှယ်ကြမ်းရှယ်ရမ်း ဇာတ်ကားကောင်းတွေ ထွက်လာပါတော့မယ်။ ဒီကားတွေထဲကမှ ရုပ်ရှင်သရဲ ကွီးတွေ အကြိုက်တွေ့နိုင်မယ့် အက်ရှင်ရုပ်ရှင်ကားသစ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

In the Lost Lands

Source : Vertical’s Youtube Channel

Resident Evil မင်းသမီးကြီး Milla Jovovich နဲ့ WWE ကနေ ဟောလီးဝုဒ်မှာ နာမည်ကြီးလာတဲ့ မင်းသားကြီး Dave Bautista တို့ ပါဝင်ထားတဲ့ In the Lost Lands ဇာတ်ကားက မတ်လ(၇)ရက်နေ့မှာ ရုံတင်ပြသမှာပါ။ ဇာတ်လမ်းပုံစံကတော့ တစ်ချိန်က နတ်ဆိုးတွေနဲ့ လူသားတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ကြာမြင့်ခဲ့ပါပြီ။ အခုတော့ လူသားတွေဟာ နတ်ဆိုးတွေကို ကြောက်ရွံ့ပြီး မုန်းတီးနေကြပါပြီ။ အဲ့ဒီလို အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ နတ်ဆိုးမလေးတစ်ယောက်နဲ့ လူသားမုဆိုးတစ်ယောက်တို့ရဲ့ တွေ့ဆုံမှုက ဇာတ်လမ်းကို စတင်ခဲ့ပါတယ်။ နတ်ဆိုးမလေးဟာ သူမရဲ့ မျိုးနွယ်စုကို ကယ်တင်ဖို့ ကြိုးစားနေပြီး လူသားမုဆိုးကတော့ သူ့ရဲ့အတိတ်ကို မေ့ဖျောက်ဖို့ ကြိုးစားနေပါတယ်။ သူတို့နှစ်ဦးဟာ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့အတူ ခရီးတစ်ခုကို အတူတူ လျှောက်လှမ်းရင်း တစ်ယောက်ကိုတစ်ယောက် နားလည်လာကြပါတယ်။ ရန်သူတွေ၊ အန္တရာယ်တွေကြားမှာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ဘယ်လို ပြောင်းလဲသွားမလဲ၊ ကမ္ဘာကြီးကို ဘယ်လို ပြောင်းလဲသွားစေမလဲဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ကြပါ။

Mickey 17

Source : Warner Bros’s Youtube Channel

Twilight ရုပ်ရှင် နဲ့ မွီးတွေရဲ့ အသည်းကျော် ပဲကြော်ဖြစ်လာတဲ့ မင်းသားချော Robert Pattinson ခေါင်းဆောင်ပြီး ပါဝင်ထားတဲ့ Mickey 17 ဇာတ်ကားဟာ အက်ဒ်ဝပ် အက်ရှ်တန်ရဲ့ “Mickey7” ဝတ္ထုကို ပြန်လည်ရေးသားထားတာဖြစ်ပြီး အာကာသခရီးစဉ်တစ်ခုက “အသုံးအဆောင်” အဖြစ် Robert Pattinson က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူဟာ အန္တရာယ်များတဲ့ လုပ်ငန်းတာဝန်တွေအတွက် ရွေးချယ်ခံထားရတဲ့ စွန့်ပစ်လို့ရတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်သေဆုံးသွားရင် အမှတ်တရတွေ အများစု မပျက်စီးဘဲ ပြန်လည်ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် မျိုးဆက်တစ်ခု ပြန်လည် ရှင်သန်တဲ့အခါမှာတော့ အရာအားလုံး အရမ်းမှားယွင်းသွားပါတယ်။ ဒီရုပ်ရှင်ကလည်း မတ်လ(၇)ရက်နေ့မှာပဲ ရုံတင်ပါမယ်။

A Working Man

Source : Amazon MGM Studios’s Youtube Channel

အက်ရှင်ဇာတ်ကြမ်း မင်းသားကြီး Jason Statham ရဲ့ နောက်ထပ် အက်ရှင် ရုပ်ရှင် ကားကို မတ်လထဲမှာ ကြည့်သွားရပါတော့မယ်။ ဒီကားမှာ Jason Statham သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် လီဗွန် ကိတ်ဒ်ဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ကာ သူ့သမီးအတွက် ကောင်းမွန်တဲ့ ဖခင်တစ်ယောက် ဖြစ်ချင်ခဲ့တယ်။ ဒါပေမယ့် ဒေသခံ မိန်းကလေးတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါမှာတော့ သူ့ကို အကြမ်းဖက် တိုက်ဖျက်ရေးရဲ့ မှောင်မိုက်တဲ့ကမ္ဘာမှာ ဒဏ္ဍာရီဆန်တဲ့ ပုံရိပ်တစ်ရပ် ဖြစ်စေခဲ့တဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်အသုံးပြုဖို့ တောင်းဆိုခံလာရပါတော့တယ်။ ဒီရုပ်ရှင်ကားက မတ်လ (၂၈)ရက်နေ့မှာ ရုံတင်ပြသသွားပါမယ်။

Featured Photo : MovieWeb