တော်ကီ မကောင်းတဲ့ ဘော်ဒါတို့အတွက် ဘော်ဒီ နဲ့တင် ရှော်တီလေးတွေ ပစ်ကြွေသွားစေမယ့် နည်းလမ်းကောင်းလေး ရှိပါတယ်။ ထိုနည်းလမ်းကောင်းကတော့ ကွီးတို့ရဲ့ ဘော်ဒီကို ကြွက်သား အဖုအထစ်များနှင့် သန်မာကြည့်ကောင်းကာ ဆွဲဆောင်မှု တိုးလာအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်များ လိုချင်ပြီး မိန်းကလေးတွေ အားကိုးချင်စရာကောင်းအောင် ဖန်တီးယူချင်တဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကတော့ အသင့်တော်ဆုံးပါပဲ။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက် ထောင်ထားပြီး လှဲလျောင်းနေပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်မှာ စုဆုံထားပါ။ ဝမ်းဗိုက်ကြွက်သားရဲ့ ညှစ်အားကို အသုံးပြုကာ ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးလိုက်ပါ။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

လက်နှစ်ဖက်ကို ခန္ဓာကိုယ် ဘေးတစ်ဖက် တစ်ချက်စီမှာ ထားထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို စုံလိုက်ကြွကာ အပေါ်သို့ မြှောက်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ပြန်ချထားလိုက်ပါ။ ထိုပုံစံအတိုင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၃)

တော်ကီ ဘော်ဒီ

ဒူးနှစ်ဖက်ကို ထောင်ထားကာ လက်နှစ်ဖက်က ရင်ဘတ်ပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် ဝမ်းဗိုက်ရှိ ကြွက်သားများကို အားပြုကာ အိပ် ထ မ တင် ပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

တော်ကီ ဘော်ဒီ

အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ကြွကာ လက်နှစ်ဖက်ကိုလည်း တစ်ပြိုင်တည်း မလိုက်ပြီးနောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကြွပေးလိုက်ပါ။ ထို့နောက် ခြေထောက်ကြွလျက်သားဖြင့် စက္ကန့်အနည်းငယ်ခန့် တောင့်ခံထားပါ။ ပြီးမှ မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း ၁၂ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

တော်ကီ ဘော်ဒီ

ဒီလေ့ကျင့်ခန်းကိုတော့ ၄၅ စက္ကန့်ခန့် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ လက်နှစ်ဖက်ကို စုဆုံထားပြီး Plank ထောက်ရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းများအားလုံးကို ပြုလုပ်ဖို့အတွက် ကြာချိန်က ၁၀ မိနစ်ခန့်သာ ကြာမှာဖြစ်ပါတယ်။ အလုပ်များတဲ့ ဘီးကျဲတို့လည်း အလိုက်သင့် လိုက်လုပ်နိုင်တာကြောင့် အချိန်မဆွဲပဲ အခုပဲ ထလုပ်လိုက်ပါတော့။

ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို Six-Pack တွေနဲ့ ကြည့်ကောင်းလာစေပြီး တော်ကီ ပစ်စရာမလိုဘဲ ဘော်ဒီ နဲ့တင် ရှော်တီလေးတွေက ပစ်ကြွေသွားမှာ မယုံမရှိနဲ့ဗျို့။

Source: Menshealth

Featured Image: Freepik