နေရာဟောင်းဆီ ပြန်လာခဲ့သူ ပေါလ် ပေါ့ဘာ က သူ့နေရာဟောင်း ဂျုဗင်တပ်စ်အသင်းနဲ့ ပြန်လည် ပူးပေါင်းချိန်ကနေ စတင်ပြီး ပြီးခဲ့တဲ့ ခရီမိုနီဆီအသင်းနဲ့ ပွဲစဉ်မှာမှ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

pogba

Photo Credit : Reuters

မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို (၂)ကြိမ်တိုင်တိုင် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ပေါ့ဘာဟာ ပထမဆုံးတစ်ကြိမ်တုန်းကတော့ ဂျုဗင်တပ်စ်က သူ့လို ကစားသမားမျိုးကို free နဲ့ ရလိုက်တာ အရမ်း အကျိုးရှိခဲ့ရပြီး အသင်းမှာ (၄)ရာသီ အသုံးပြုပြီးချိန် ယူနိုက်တက်ဆီကိုပဲ ပေါင် သန်း(၈၀)နဲ့ ပြန်ရောင်းချခဲ့တယ်။ ယူနိုက်တက်မှာ (၆)နှစ်ကြာ အသုံးတော်ခံပြီးနောက် ပေါ့ဘာ ကို အလွတ်နဲ့ ထပ်မံ ခေါ်ယူခဲ့ပြန်ပါတယ်။

pogba jufc

Photo Credit : The Mirror

ဒီတစ်ကြိမ်မှာတော့ ပေါ့ဘာ က ဂျုဗင်တပ်စ်ကို အကျိုးမပြုနိုင်တော့ပဲ ရာသီကြို ခြေစမ်းပွဲမှာတင် ဒူးဒဏ်ရာ ရသွားခဲ့လို့ ရာသီအစ ပွဲစဉ်တွေကနေ ဇန်နဝါရီလလယ်ပိုင်းအထိ ကာလရှည်ကြာ အနားယူလိုက်ရပါတယ်။ ဒူးဒဏ်ရာက သက်သာလာတော့ ကြွက်သားဒဏ်ရာ ထပ်ရသွားလို့ နောက်ထပ် (၂)လခန့် ထပ်နားလိုက်ရပြန်ပါတယ်။ Muscle injury ကနေ သက်သာလာတဲ့ နောက်ပိုင်း ဂျုဗင်ရဲ့ စီးရီးအေ (၂)ပွဲကို ပါဝင်ကစားရင်း ပေါ့ဘာက အသင်း စည်းကမ်းပိုင်း မလိုက်နာလို့ ဖရိုင်းဘတ်နဲ့ ယူရိုပါလိဂ် လူစာရင်းကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

Paul Pogba forced off in tears 24-minutes

Photo Credit : The US Sun

အဲ့ဒီလို လူစာရင်းကနေ ဖယ်ရှားပြီးနောက်ပိုင်း muscle injury နဲ့ (၆)ပွဲဆက်တိုက်အထိ ထပ်မံ အနားယူရပြန်တဲ့ ပေါ့ဘာဟာ နောက်ပိုင်းပွဲစဉ်တွေထဲ ဂျုဗင်အတွက် ပြန်ကစားခွင့် ရလာခဲ့ပြီး မနေ့ညက ခရီမိုနီဆီအသင်းနဲ့ ကစားခဲ့ရတဲ့ စီးရီးအေ ပွဲစဉ်မှာ ပေါ့ဘာက သူရဲ့ 2nd time ဂျုဗင်တပ်စ် ကစားသမားဘဝ ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရင်း မိနစ်(၂၀)လောက်မှာပဲ ပြင်းထန်တဲ့ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီ ဒဏ်ရာကြောင့် ပေါ့ဘာ အနေနဲ့ နောက်ထပ် ဘယ်အချိန် အတိုင်းအတာလောက်အထိ အနားယူရဦးမလဲဆိုတာ မသိရသေးပေမယ့် အသင်းဘက်ကတော့ ပေါ့ဘာကို ပြန်ခေါ်ယူမိတာ မှားပြီလို့ တွေးကောင်းတွေးနေနိုင်ပါတယ်။

Featured Photo : Eurosport