နွေရာသီ မှာ Workout လုပ်တော့မယ်ဆိုရင် မနက်ခင်း ၁၀ နာရီကနေ ညနေ ၄ နာရီအတောအတွင်း အချိန်ကို ရှောင်ကြဥ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအချိန်တွင် ခရမ်းလွန်ရောင်ခြည်များ ပြင်းထန်စွာ ကျရောက်နေတဲ့အချိန်ဖြစ်ပြီး နေ့အပူချိန်ကလည်း အဆမတန် မြင့်တက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ မနက်ခင်း စောစောပိုင်းမှာ လေ့ကျင့်ခန်း ပြုလုပ်တာ အကောင်းဆုံးပါပဲ။

တကယ်လို့ ကွီးတို့က မဖြစ်မနေ လေ့ကျင့်ခန်း ပြုလုပ်ရမယ်ဆိုရင်တော့ သင့်တော်တဲ့ ဖျော်ရည်မျိုးကို ယူသွားတာ အကောင်းဆုံးပါပဲ။​ တကယ်လို့ ကွီးတို့က ၁ နာရီလောက် လေ့ကျင့်ခန်း ပြုလုပ်ရမယ်ဆိုရင် Sports Drinks ဖျော်ရည်မျိုးတွေကို သောက်သုံးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နေ့အပူချိန်ကလည်း ပူပြင်းခြောက်သွေ့တဲ့အပြင် ခန္ဓာကိုယ်ထဲမှာကလည်း ရေဓာတ် ဆုံးရှုံဂသွားတဲ့အတွက်ကြောင့် ထိုရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် နွေရာသီမှာ လေ့ကျင့်ခန်း ပြုလုပ်တော့မယ်ဆိုရင်လည်း ပြင်းထန်လွန်းပြီး ချွေးထွက်များစေမယ့် လေ့ကျင့်ခန်းမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။

အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကတော့ နွေရာသီ Workout Plan အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၁)

Source: Menshealth

အလေးတုံးကို မလိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ ၁၀ ကြိမ်မှ ၁၂ ကြိမ် အထိ ပြုလုပ်နိုင်ပါတယ်။ ဘယ် ညာ တစ်လှည့်စီ ပြုလုပ်ပါ။ စုစုပေါင်း ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

#image_title

Source: Menshealth

ဒီလေ့ကျင့်ခန်းလေးကိုလည်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်ပေးပါ။ တစ်ကျော့နဲ့ တစ်ကျော့ကြားမှာ စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ အနားယူနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

နွေရာသီ Workout

Source: Menshealth

တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်၊ အပေါ်သို့ ခုန်လိုက်ဖြင့် တစ်လှည့်စီ ပြလုပ်ရမှာပဲ ဖြစ်ပါတယ်။ သူ့ကိုလည်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

နွေရာသီ Workout

Source: Menshealth

ဒီလေ့ကျင့်ခန်းကတော့ Walking Lunge ပဲဖြစ်ပါတယ်။ အသွားလမ်းအတိုင်း ခြေလှမ်း ၁၀ လှမ်း၊ အပြန်လမ်းကိုလည်း ခြေလမ်း ၁၀ လမ်း လှမ်းပေးလိုက်ပါ။ စုစုပေါင်း ၃ ကျော့မှ ၄ ကျော့အထိ ပြုလုပ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

နွေရာသီ Workout

Source: Menshealth

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး အလေးတုံး နှစ်တုံးကိုင်ကာ မတ်တပ်ရပ်နေပါ။ ထို့နောက် အလေးတုံးကို ဘေးနှစ်ဖက်ကို ကားလိုက်ပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပေးရပါမယ်။​

လေ့ကျင့်ခန်း ပြုလုပ်နေစဥ်အတွင်းမှာ အလွန်အမင်း ချွေးထွက်တာမျိုး (သို့) မူးမော်တာမျိုးရှိရင် လေ့ကျင့်ခန်း ပြုလုပ်တာကို ချက်ချင်းရပ်လိုက်သင့်ပါတယ်။ နေပူရှိန် အလွန်မြင့်တက်တဲ့အတွက်ကြောင့် အဲကွန်းခန်းထဲမှာ လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ နေပူထဲ ချက်ချင်းထွက်တာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

Featured Image: Freepik