ဘာစီလိုနာ အသင်းက ဒီရာသီမှာ ဥရောပ ဘောလုံးနယ်ပယ်ထဲ အသင်းခံစစ်က ဂိုးတွေ အများအပြားကို ခွင့်ပြုထားခဲ့ရပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၆)ပွဲအတွင်းမှာရော ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ပွဲမှာပါ ခံစစ်ကနေ ဂိုးတွေ အတော်လေး ခွင့်ပြုထားခဲ့ရပေမဲ့လည်း စပိန်လာလီဂါဘက်မှာတော့ တကယ့်ကို amazing defense ကြီး ဖြစ်နေရပါတယ်။

bayern vs barca

Photo Credit : Barca Blaugranes

ဘာစီလိုနာ က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေအတွင်းမှာ တစ်ပွဲမှကို clean sheets မရရှိခဲ့ပဲ နူးကမ့်မှာ ပယ်လ်ဇန်အသင်းကို (၅)ဂိုးထိ အပြတ်အသတ် သွင်းယူပြီး အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတောင် ခံစစ်က တစ်ဂိုး ပြန်လည် ခွင့်ပြုထားခဲ့ရသေးသလို အင်တာမီလန် ဘိုင်ယန်မြူးနစ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာလည်း နှစ်ကျော့ပေါင်း အနည်းဆုံး (၄)ဂိုးလောက်အထိ ခွင့်ပြုထားရပါတယ်။

barca vs man utd

Photo Credit : Metro

ချန်ပီယံလိဂ်မှာ အဆင့်(၃)နေရာသာ ရရှိခဲ့လို့ ယူရိုပါလိဂ်ဆီ နန်းကျလာသောအခါတွင်လည်း ဘာစီလိုနာ ဟာ မန်ယူနိုက်တက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နေရပြီး မန်ယူနိုက်တက်ကို နူးကမ့်မှာ ဧည့်ခံကစားခဲ့ရပေမဲ့ ဂိုးသမား တာစတီဂန် လက်စွမ်းပြခဲ့လို့သာ (၂)ဂိုးထိပဲ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီရာသီရဲ့ ဥရောပပွဲ (၇)ပွဲအတွင်း အသင်းခံစစ်က (၁၄)ဂိုးအထိ ခွင့်ပြုခဲ့ရပြီး တစ်ပွဲကို (၂)ဂိုးနှုန်းနဲ့ကို ပေးဂိုးတွေ ခွင့်ပြုထားခဲ့ရပါတယ်။

barcelona

Photo Credit : Forbes

သို့ပေမဲ့လည်း စပိန်လာလီဂါဘက်မှာတော့ ဘာစီလိုနာ ရဲ့ ခံစစ်က အံ့အားသင့်စရာကောင်းလောက်အောင် ဖြစ်နေရပြီး (၂၂)ပွဲအတွင်း (၇)ဂိုးသာ ခွင့်ပြုထားရပါသေးတယ်။ ကစားပြီးထားသမျှ လာလီဂါပွဲပေါင်း (၂၂)ပွဲအတွင်းမှာ ခံစစ်ကနေ ဂိုးမပေးရအောင် ကစားထားတဲ့ ပွဲစဉ်ပေါင်းက (၁၇)ပွဲအထိကို ရှိထားပြီး (၅)ပွဲသာ ဂိုးပေးထားရတာက ဘာစီလိုနာခံစစ် အတော်ကို sold ဖြစ်လွန်းတာကို သတိထားမိနိုင်ပါတယ်။ ဘာစီလိုနာပြီးရင် ဒီရာသီ လာလီဂါမှာ ပေးဂိုးနည်းလှပါတဲ့ မက်ဒရစ် (၂)သင်းလုံးတောင် သူတို့ခံစစ်တွေက (၁၇)ဂိုးစီ အသီးသီး ခွင့်ပြုထားရပြီး ဘာစီလိုနာခံစစ်ထက် (၁၀)ဂိုးစီ များပြားနေပါတယ်။ ဒီလို လာလီဂါမှာ ခံစစ်မာသလောက် ဥရောပပြိုင်ပွဲတွေမှာ ပွဲတိုင်း ဂိုးပေးထားရတဲ့ ဘာစီလိုနာ အသင်း မန်ယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည် ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ပလေးအော့ ဒုကျော့မှာရော ခံစစ်က ဂိုးတွေ ပေးရဦးမလား ဒါမှမဟုတ် ကျစ်ကျစ်လစ်လစ် ကစားပြသွားနိုင်မလားဆိုတာကတော့…

Featured Photo : FC Barcelona