ပြင်သစ် လီဂူးဝမ်း ကလပ်အသင်း မာဆေးလ်ကို ဆော်ဒီ ရင်းနှီးမြှုပ်နှံမှု ကုမ္မဏီ PIF ကနေ ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် ရီးယဲလ် မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

zidane

Photo Credit : Goal

မာဆေးလ်အသင်းဟာ မကြာသေးခင်ကမှ အေစီမီလန် နာပိုလီ နဲ့ ဗလင်စီယာအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ ဂတ်တူဆိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ထားခဲ့ပေမယ့်လည်း တကယ်လို့သာ ဆော်ဒီတွေရဲ့ PIF ဘက်ကနေသာ မာဆေးလ်အသင်းကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ အသင်းကို အပြောင်းအလဲတွေ ကြီးကြီးမားမား လုပ်ဆောင်သွားဖို့ ရှိနိုင်ပြီး အသင်းအတွက် ကစားသမားကောင်းတွေအပြင် အသင်းနည်းပြအဖြစ်လည်း ပြင်သစ် ကစားသမားဟောင်းကြီး ဇီဒန်းကို ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။

former real madrid coach

Photo Credit : Bola

မာဆေးလ်က ဒီနွေမှာ အူဘာမီယန်း ကော်ရီယာ အစ္စမိုင်လာဆားတို့ကို ခေါ်ယူထားခဲ့ပြီး အသင်းကို အကောင်းဆုံး တည်ဆောက်ထားခဲ့ပေမယ့်လည်း မကြာသေးခင်ကမှ အသင်းအတွင်း နည်းပြအပြောင်းအလဲတွေလည်း ဖြစ်ပေါ်လို့ထားပါသေးတယ်။ မာဆယ်လီနိုက ရုတ်တရက် နည်းပြရာထူးကနေ နုတ်ထွက်သွားချိန်မှာ အေစီမီလန် ကစားသမားဟောင်းကြီး ဂတ်တူဆိုကို နည်းပြသစ်အဖြစ် အစားထိုး ခန့််အပ်ထားခဲ့ပေမယ့်လည်း နယူးကာဆယ်အသင်းကို ပိုင်ဆိုင်ထားတဲ့ PIF ကုမ္မဏီကသာ မာဆေးလ်အသင်းကိုလည်း ထပ်မံ ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ဇီဒန်းကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ တစ်ခါတည်း ပြင်ဆင်ထားခဲ့ပါတယ်။

marseille

Photo Credit : Le Monde

မာဆေးလ်အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ပြင်သစ်လီဂူး အမှတ်ပေးပွဲစဉ်တွေထဲ သရေပွဲစဉ်တွေ များပြားနေရပြီး (၆)ပွဲကစားထားပြီးချိန် နိုင်ပွဲက (၂)ပွဲတည်းသာ ရှိနေသေးပြီး မကြာသေးခင်ကမှ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာလည်း ဂိုးပြတ် ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် ဝင်ခွင့်ရထားတဲ့ မာဆေးလ်အသင်းက အေဂျက်စ် ဘရိုက်တန် AEKအေသင်အသင်းတွေနဲ့ပါ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး ဒီရာသီရဲ့ ယူရိုပါလိဂ်ရဲ့ အကျပ်ဆုံးသော အုပ်စုထဲမှာ ရှိနေတာမို့ အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းဖို့ပါ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

Featured Photo : The Sun