Youtube နဲ့ Twitch ပလက်ဖောင်းတွေရဲ့ နာမည်ကျော် Streamer ဖြစ်သူ IShowSpeed ဟာ နောက်ဆုံးမှာတော့ သူ အရူးအမူးကို နှစ်သက် စွဲလန်းနေရတဲ့ သူရဲ့ အိုင်ဒေါကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို နဲ့ တရင်းတနှီး ဆုံတွေ့ခွင့် ရရှိသွားခဲ့ပြီး Speed ရဲ့ စိတ်ကူးအိမ်မက်တွေဟာလည်း ပြည့်ဝသွားခဲ့ရပါတယ်။

ishowspeed

Photo Credit : Dexerto

IShowSpeed ဆိုတာ အသက် (၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ နာမည်ကြီး အမေရိကန် Youtuber Streamer တစ်ဦးဖြစ်ပြီး သူရဲ့ တူမသူအောင် ပေါက်တတ်ကရ တင်ဆက်နိုင်မှုတွေကြောင့် လူသိများ ကျော်ကြားလာခဲ့တဲ့ ဆယ်ကျော်သက် Streamer တစ်ဦး ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကျော် ဆယ်လီတစ်ဦး ဖြစ်နေတဲ့ IShowSpeed က ဘောလုံးလောကရဲ့ GOAT ကြီးတွေထဲကမှ လက်ရှိအချိန်ထိ ဘောလုံးနယ်ပယ်မှာ ဖြတ်သန်းနေဆဲဖြစ်သူ ရော်နယ်လ်ဒို ကို လွန်စွာ သဘောကျနေသူဖြစ်ပြီး ရော်နယ်လ်ဒို ပါဝင်တဲ့ ပွဲစဉ်တိုင်းကို လိုက်လံ အားပေးတတ်သလို သူရဲ့ live အစီအစဉ်တွေမှာလည်း ရော်နယ်လ်ဒိုကို သူ ဘယ်လောက်ထိ ချစ်ခင်ကြောင်း ထုတ်ဖော်ပြသလေ့ ရှိပါတယ်။

speed and cr7

Photo Credit : Dexerto

အခုတော့ Speed ဟာ သူ သိပ်ချစ်လှပါတဲ့ သိပ်သဘောကျရပါတဲ့ သူ့အိုင်ဒေါကြီးနဲ့ အနီးကပ် ဖက်လဲတကင်း ဆုံတွေ့ခွင့် ရရှိခဲ့ပြီဖြစ်ပြီး ဒီလို ဆုံတွေ့ခွင့်ကိုလည်း သူ ကိုယ်တိုင်ပါ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ပေါ်တူဂီ နဲ့ ဘော့စနီးယားအသင်းတို့ရဲ့ ယူရို ခြေစစ်ပွဲစဉ်အပြီး ဒီပွဲကို လာရောက် အားပေးခဲ့တဲ့ Speed က ပွဲအပြီးမှာပဲ ရော်နယ်လ်ဒို ရဲ့ အသင်ဖော်တချို့နဲ့ စကားစမြည် ပြောဆိုပြီးနောက်မှာပဲ သူ အရမ်းကို တွေ့ဖူးချင်နေတဲ့ သူ့အိုင်ဒေါကြီးကို အနီးကပ် မြင်တွေ့လိုက်ရပါတယ်။

speed ronaldo

Photo Credit : talkSPORT

ရော်နယ်လ်ဒိုကို ပွဲကြည့်စင်ကနေ လှမ်းအားပေးခဲ့ရတဲ့ အနေအထားကနေ အခုလို နီးနီးကပ်ကပ် မြင်တွေ့လိုက်ရတာကြောင့် Speed ဟာ သူရဲ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပဲ ကားပေါ်ကနေ ရော်နယ်လ်ဒို ဆင်းလာချိန်မှာ ဖင်ထိုင်ရပ်ပါ ဖြစ်သွားခဲ့သလို သူရဲ့လက်မောင်းမှာ ရော်နယ်လ်ဒိုပုံ တတ်တူးထိုးထားတာကိုပါ ရော်နယ်လ်ဒိုကို ပြသခဲ့ပါသေးတယ်။ ရော်နယ်လ်ဒိုနဲ့ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ရပြီး ဓါတ်ပုံပါ အတူတူ ရိုက်ကူးခွင့် ရရှိခဲ့တဲ့ Speed ကတော့ သူအိုင်ဒေါကြီးနဲ့ပါ ဆူးဝီကို အတူတကွတောင် လုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။

Featured Photo : Latestly