ဝမ်းဗိုက် က အဆီပိုတွေ ဖယ်ရှားပေးပြီး ကြွက်သားများ ထွက်လာအောင် လေ့ကျင့်ခန်း ပြုလုပ်ချင်တဲ့ ကွီးတို့အတွက် Crunches လေ့ကျင့်ခန်းများက အသင့်တော်ဆုံးပါပဲ။ Crunches လေ့ကျင့်ခန်းများကို အိပ်ထမတင် လေ့ကျင့်ခန်းများလို့ ခေါ်ဆိုနိုင်ပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်းများသည်လည်း အမျိုးအစား မျိုးစုံရှိတဲ့အတွက်ကြောင့် လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ ပြုလုပ်မယ့်အစား အမျိုးအစားစုံလင်အောင် ပြုလုပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မှုရှိပါတယ်။
လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကတော့ Standard Crunches လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာ ထားထားပြီး ခြေထောက်နှစ်ချောင်းကိုတော့ ခုံပေါ်မှာ တင်ထားလိုက်ပါ။ ထို့နောက် ဝမ်းဗိုက်ကြွက်သားကို အသုံးပြုကာ အိပ်ထမတင် လေ့ကျင့်ခန်းကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Source: Wix.com
ဒီလေ့ကျင့်ခန်းကတော့ Twisting Crunches ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ခပ်စောင်းစောင်းလေးထားကာ ထိုင်နေရပါမယ်။ ထို့နောက် ညာခြေကို ဆန့်တန်းကာ ဘယ်ဒူးကို ရင်ဘတ်ဆီသို့ ဆွဲကပ်လိုက်ပါ။ ထိုအချိန်မှာပဲ ဘယ်ဒူးနှင့် ညာတံတောင်ကို ထိကပ်ပေးလိုက်ပါ။ တစ်ဖန် ဘယ်ခြေကို ဆန့်တန်းပြီး ညာဒူးကို ရင်ဘတ်ဆီသို့ ဆွဲကပ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ညာဒူးနှင့် ဘယ်တံတောင်ကို ထိကပ်ပေးလိုက်ရပါမယ်။
လေ့ကျင့်ခန်း (၃)
Source: Flabfix
ခြေထောက်နှစ်ဖက်ကို ဆန့်တန်းကာ ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပါ။ ထို့နောက် ခြေထောက်နှစ်ဖက်စလုံးကို အစုံလိုက် ရင်ဘတ်ဆီသို့ ဆွဲယူပြီးနောက် မျက်နှာကျက်ပေါ်သို့ ပင့်တင်လိုက်ပါ။ ထို့နောက် မူလအနေအထားအတိုင်း ခြေထောက်ပြန်ချပါ။ ထို့နောက် စောစောကနည်းအတိုင်း ခြေထောက်ပြန်မတင်လိုက်၊ ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၄)
Source: Pinterest
ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်နှစ်ဖက်ကို ကတ်ကြေးပုံသဏ္ဍာန် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒ့ါကြောင့် သူ့ကို Scissor Crunches လို့ အမည်ပေးထားပါတယ်။ ဘယ်ခြေနှင့် ညာခြေကို တစ်လှည့်စီ အပေါ်လွှဲလိုက်၊ အောက်လွှဲလိုက်ဖြင့် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၅)
Source: Pinterest
ခန္ဓာကိုယ်အပေါ်ပိုင်းကို ခပ်စောင်းစောင်းလေး နေပြီးတော့ ဒူးနှစ်ဖက်ကို ကွေးထားလိုက်ပါ။ ထို့နောက် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တည့်တည့်မှာ စုထားလိုက်ပါ။ ထို့နောက် ခါးကို ဘယ်လှည့်လိုက် ၊ ညာလှည့်လိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ဝမ်းဗိုက် ကြွက်သား များကို သန်မာကျစ်လျစ်လာစေမယ့် Crunches လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။
Source: Muscleandfitness
Featured Image: Freepik




