အဆီတွေကျပြီး One Pack ပြုတ်ချင်လို့ ဖြစ်စေ၊ ကျန်းမာရေးအတွက် ဖြစ်စေ၊ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ချင်လို့ ဖြစ်စေ၊ ဘယ်လိုအကြောင်းနဲ့ပဲ Workout လုပ်လုပ် ကွီးတို့လုပ်သလောက် အကျိုးရှိပြီး ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ အတွက်ပါ ထိရောက်မှု ရှိတယ်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းများကို စနစ်တကျလုပ်မှသာ အကျိုးသက်ရောက်မှုက မြန်ဆန်မှာပါ။ ဒါ့အပြင် အခုမှစပြီး Workout လုပ်မဲ့ သူများအတွက်လည်း သိထားရမဲ့ အချက်တွေ၊ လိုက်နာရမဲ့ အချက်တွေ ရှိပါတယ်။ ဆက်လက်ပြီးတော့ အခုဖော်ပြပေးမဲ့ အချက်တွေ ကို Workout မလုပ်ခင် သိထားနိုင်ဖို့ ဝေမျှပေးချင်ပါတယ်။

မှန်ကန်သော နည်းစနစ်ကို လေ့လာထားပါ

အချက်တွေ Workout

Photo : Men’s Health

ကွီးတို့ရေ အိမ်မှာပဲ Workout စလုပ်မယ်ဆိုရင်တော့ ဒီအချက်က အရေးကြီးပါတယ်။ ဘယ်လို ကိုယ်လက်လေ့ကျင့်ခန်းကိုပဲ လုပ်သည်ဖြစ်စေ၊ တစ်ခုခုကို စလုပ်တော့မယ်ဆိုရင် မှန်ကန်တဲ့ နည်းစနစ်ကို လေ့လာထားဖို့ လိုပါတယ်။ မှန်ကန်သောနည်းစနစ်ကို မသိရှိထားဘဲ Workout လုပ်မိပါက ထိရောက်မှု မရှိနိုင်တဲ့အပြင် ကွီးတို့ကို ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ဘယ်လို Workout မျိုးမဆို စတင်လုပ်ဆောင်ချိန်တွင် ကျွမ်းကျင်သော Trainers များ၏ အကူအညီကို ယူပြီး ဖြည်းဖြည်းချင်း မှန်ကန်စွာ လုပ်ဆောင်ဖို့ လိုပါတယ်။

သွေးပူလေ့ကျင့်ခန်း လုပ်ပါ

အချက်တွေ Workout

Photo : Sports Care

Workout မလုပ်ခင် အရေးကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့ အချက်ကတော့ အရင်ဆုံး သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ပါပဲ။ သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ လေ့ကျင့်ခန်းတွေကို တန်းပြီးလုပ်မယ်ဆိုပါက ကွီးတို့ရဲ့ ကြွက်သားတွေဟာ အေးနေခြင်းကြောင့် ပျော့ပြောင်းမှုနည်းပြီး လေ့ကျင့်ခန်းလုပ်ရာမှာ အဆင်မပြေဘဲ ထိခိုက်ဒဏ်ရာရခြင်း၊ ကြွက်သားနာကျင်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဘယ်လေ့ကျင့်ခန်းမဆို မလုပ်ခင်မှာ သွေးပူ လေ့ကျင့်ခန်းလုပ်ပါက လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း ကြွက်သားနာကျင်ခြင်းနဲ့ ဒဏ်ရာဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းစေပါတယ်။ ကွီးတို့ရဲ့ လေ့ကျင့်ခန်း စွမ်းဆောင်ရည်ကိုလည်း ပိုကောင်းပြီး လေ့ကျင့်ခန်းများကိုလည်း ပိုမိုထိရောက်စေပါလိမ့်မယ်။ သွေးပူလေ့ကျင့်ခန်းများကို Workout မလုပ်ခင် အနည်းဆုံး ၁၅ မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။

သင့်လျော်သော အဝတ်အစားကို ရွေးချယ်ပါ

Photo :  The Authentic

လေ့ကျင့်ခန်းတွေ လုပ်ရာမှာ မတော်တဲ့ အားကစား ဖိနပ်များ၊ ကျပ်လွန်းချောင်လွန်းသော ဝတ်စုံများကြောင့်လည်း အဆင်မပြေဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။ ထို့ကြောင့် လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အားကစားဖိနပ်ကို သေချာရွေးချယ်သင့်ပါတယ်။ ဝတ်စုံကိုလည်း သက်တောင့်သက်သာဖြစ်ပြီး အရမ်းမကျပ်လွန်းတာမျိုး ရွေးချယ်ရပါမယ်။ ဒီအချက်ကလည်း Workout မလုပ်ခင် သိရှိထားရမဲ့ အချက်တွေထဲက တစ်ချက်ပါပဲ။

လုံလောက်သော အိပ်ချိန်ရှိပါစေ

Photo : Verywell Health

လုံလောက်စွာ အိပ်စက်အနားယူခြင်းက ကျွန်တော်တို့ကို တစ်နေ့တာ လှုပ်ရှားဖို့အတွက် စွမ်းအင်ပြည့်နေစေပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခြင်းကြောင့် ရရှိလာတဲ့ စွမ်းအင်ပမာဏနှင့် မှန်ကန်သော ဦးနှောက်လုပ်ဆောင်ချက်တို့က Workout လုပ်ရာမှာ ထိရောက်မှု ရှိတဲ့အပြင် ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျော့နည်းစေပြီး ကိုင်တွယ်နိုင်စွမ်းကို တိုးစေပါတယ်။ အကယ်၍ အိပ်ချိန်လုံလောက်မှု မရှိဘဲ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်မိရင် ခန္ဓာကိုယ်အတွက် မကောင်းပါဘူး။ ဒါကြောင့် အိပ်စက်ချိန် လုံလုံလောက်လောက်ရှိဖို့ အရေးကြီးပါတယ်

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေ က Workout မလုပ်ခင် လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီ အချက်တွေ ကို မသိရှိထားဘဲ Workout လုပ်မိပါက ထိရောက်မှုနည်းပြီး ထိခိုက်ဒဏ်ရာ ရတဲ့အထိ ဖြစ်နိုင်တာကြောင့် သတိပြု ဆင်ခြင်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : BYRDIE

Featured Photo : Fitwirr