ဒီနေ့ည Super Sunday မှာ ကွီးတို့ လက်မလွတ်စတမ်း စောင့်ကြည့်ရမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲ ရှိနေပါတယ်။ အဲ့ဒီပွဲကတော့ အိမ်ကွင်း အန်ဖီးလ် မှာဆို ဘယ်အသင်းမှ အထာမထားတတ်တဲ့ လီဗာပူးလ်အသင်း နဲ့ ပရီးမီးယားလိဂ်မှာ အမြင့်ပျံသန်းနေတဲ့ ဆင်ပျံ ကြီး အာဆင်နယ်အသင်းတို့ ထိပ်တိုက် ဆုံတွေ့ကြမယ့် ပွဲစဉ် ဖြစ်ပါတယ်။

arsenal

Photo Credit : The Athletic

ဒီရာသီ ပရီးမီးယားလိဂ်မှာ မထင်ထားလောက်အောင် form အရမ်းကောင်းနေတဲ့ အာဆင်နယ်က အသင်းနဲ့ အနှစ်နှစ် အလလ ဝေးကွာနေရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ရယူနိုင်ဖို့တောင် လက်တစ်ကမ်း အကွာလောက်ထိပါ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ လက်တစ်ကမ်းအကွာအတွင်းမှာပဲ အာဆင်နယ်တို့ ရင်ဆိုင်ရမယ့် ကလပ်အသင်းတွေကလည်း သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်စေနိုင်မယ့် အသင်းတွေ များစွာ ပါဝင်လို့နေပါတယ်။ ဒီအသင်းတွေထဲမှာ အပါအဝင်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ဒီနေ့ညမှာပဲ ရင်ဆိုင်သွားရပါတော့မယ်။

arsenal at anfield

Photo Credit : The Athletic

အာဆင်နယ်အသင်းက လီဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ အနိုင်မယူနိုင်ခဲ့တာ့ဟာ ၂၀၁၂ခုနှစ်ကတည်းကဖြစ်ပြီး အဲ့ဒီကာလအတွင်း (၁၂)ပွဲအထိ ကစားခဲ့ရာမှာ သာမာန်ပွဲချိန်ထဲ သရေကျခဲ့တာက (၃)ပွဲသာ ရှိခဲ့ကာ ကျန်တဲ့ပွဲတွေမှာတော့ လီဗာပူးလ်ကသာ အနိုင်ယူခဲ့ပါတယ်။ ဒီရာသီအတွင်း အာဆင်နယ်ရဲ့ အိမ်ကွင်း Emirates ကွင်းမှာ ဆုံတွေ့ခဲ့စဉ်ကတော့ အာဆင်နယ်က ဆာကာရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးလ်ကို အနိုင်ယူခဲ့ပါတယ်။ အခု အန်ဖီးလ်မှာ ပြန်လည် တွေ့ဆုံမယ့် အချိန်မှာတော့ အာဆင်နယ်အနေနဲ့ ထပ်မံ နိုင်ပွဲရဖို့က မလွယ်သလို အန်ဖီးလ် ကျိန်စာဆိုးကနေ လွတ်မြောက်ဖို့က်ုလည်း ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်ဖွယ် ရှိနေပါတယ်။

liverpool vs arsenal

Photo Credit : Sky Sports

လီဗာပူးလ်ကလည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ရတယ် ဆိုပေမယ့် ဒီ(၄)ပွဲလုံးက အဝေးကွင်း ပွဲတွေသာ ဖြစ်နေတာကိုတော့ သတိထားရပါမယ်။ ဒီရာသီ အန်ဖီးလ်မှာ မန်ချက်စတာနှစ်သင်းလုံး ၊ နာပိုလီ အေဂျက်စ် ၊ မီလန်တို့လို အသင်းတွေကို အနိုင်ယူထားခဲ့တဲ့ လီဗာပူးလ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း ရှိနေတာကြောင့် (၄)ပွဲဆက် နိုင်ပွဲပျောက်မှုကို အန်ဖီးလ် မှာ အဆုံးသတ်ပစ်ဖို့ အားခဲလာမှာ သေချာပါတယ်။ ဒါကြောင့် ဒီပွဲက ဒီကနေ့မှာ လုံးဝကို မလွတ်တမ်း စောင့်ကြည့်သင့်နေပါကြောင်း အသိပေးလိုက်ရပါတယ်။

Feature Photo : The Analyst