မနေ့ညက မက်ဆီ ဂိုးသွင်းတယ်။ ဘာပေ ဂိုးသွင်းတယ်။ ဟာလန်း ဂိုးသွင်းတယ်။ ချဲလ်ဆီး ထပ်ရှုံးတယ်။ ပုံမှန် ပြကွက်တွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေတဲ့ကြားကမှ မမြင်တာ မဆုံတာ ကြာနေတဲ့ တိုက်စစ် ကစားသမားကြီး ဒီယေဂို ကော်စတာရဲ့ သွင်းဂိုးကို ကျွန်တော်တို့ မြင်တွေ့ခွင့် ရရှိခဲ့ပါတယ်။
Photo Credit : The Athletic
တကယ်တော့ဗျာ ကော်စတာဆိုတာ ချဲလ်ဆီးအသင်းမှာ ဒီဒီယာ ဒရော့ဘာကြီး နောက်ပိုင်း အသင်းရဲ့ အထောင်တိုက်စစ် နေရာမှာ အားကိုးခဲ့ရတဲ့ no (9) role striker တစ်ဦးပါ။ ဒါပေမယ့်လည်း ခက်တာက အဲ့ဒီအချိန် ချဲလ်ဆီး နည်းပြ ဖြစ်ခဲ့လေသော ကွန်တီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာမို့ ချဲလ်ဆီးကနေ ထွက်ခွာဖြစ်ခဲ့ပြီး ၂၀၂၂ခုနှစ်မှ ဝုလ်ဗ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ တစ်ကျော့ပြန် ရောက်ရှိလာပါတယ်။
Photo Credit : We Ain’t Got No History
ကော်စတာက အဆုံးသတ်ကောင်းတဲ့ အရည်အသွေးကောင်းတဲ့ ကစားသမား ဖြစ်သလို တစ်ဖက်မှာလည်း စည်းကမ်းပိုင်း အားနည်းတတ်ပြီး နည်းနည်း aggressive ဆန်သူဖြစ်လို့ သူရဲ့ ဘောလုံးသမားဘဝက အနည်းငယ် ထိုးကျသွားခဲ့ရပါတယ်။ လအတန်ကြာလောက်အထိ အသင်းလက်မဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ရတဲ့ ကော်စတာဟာ နောက်ဆုံးမှာတော့ သူ ကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန်မြေဆီ တစ်ဖန် ပြန်လာဖို့ အခွင့်အရေး ကြုံခဲ့ရပေမယ့် ဒီတစ်ကြိမ် သူရဲ့ အပြန်ခရီးစဉ်က ဂိုးတစ်ဂိုးရဖို့ နေနေသာ ပွဲကစားခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : NBC Sports
ဒီရာသီမှာ ကော်စတာက ဝုလ်ဗ်အတွက် ပရီးမီးယားလိဂ် (၁၇)ပွဲမြောက်အဖြစ် ပါဝင်ကစားပြီးချိန်မှပဲ ၂၀၁၇ မေလနောက်ပိုင်း သူရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဂိုးကို ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ အားလုံးက ကော်စတာကြီးရဲ့ သွင်းဂိုးကို တောင့်တနေချိန် ဝုလ်ဗ်အတွက်လည်း တန်းမဆင်းရအောင် အမှန်အကန် ရုန်းဖို့ လိုအပ်နေချိန်မှာ ကော်စတာက ကောက်ခါငင်ခါ ဂိုးထ သွင်းယူခဲ့တယ်။ ဒါဟာ (၃၄)နှစ်သားကြီးရဲ့ ပရီးမီးယားလိဂ် ဂိုးတွေကို ပြန်လည် မြင်တွေ့ရနိုင်မယ့် အစပျိုးမှု ဖြစ်သွားမလား။ ဒါမှမဟုတ် တန်းဆင်းဇုန်ထဲက ဝံပုလွေကြီးကို ဆက်လက် ကယ်တင်နိုင်မယ့် ခွန်းအားတစ်ရပ် ဖြစ်သွားမလားဆိုတာ စောင့်ကြည့်ရပါမယ်။
Featured Photo : Twitter