ဖောက်ပြန်တယ်ဆိုတဲ့ ခေါင်းစဉ်မှာ ကျားမ Gender ခွဲခြားလို့ မရတာ အမှန်ပါ။ ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ဖောက်ပြန်တက်တဲ့သူ ၊ ခြေရှုပ်တဲ့သူဟာ သူ့ရဲ့နဂိုဗီဇအရ လုပ်ကြတာပါပဲ။ တချို့က နှစ်ဦးသားဆက်ဆံရေးမှာ အဆင်မပြေတာတွေရှိလို့ ၊ မပျော်ရွှင်ရလို့ စတဲ့ အချက်တွေကြောင့် ဖောက်ပြန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဆွဲသွင်းကြသလို ဗီဇရှိတဲ့သူက ကိုယ်ကဘယ်လောက်ပဲ ကောင်းအောင်ထားထား ၊ ဘယ်လောက်ပဲ ပေးဆပ်ဆပ် အချိန်တန်ရင် ဗီဇပြကြတာပါပဲ။ ဒီတစ်ခေါက်တော့ ကွီးတို့ရဲ့ ရှော်တီလေး အကွက်ရွေ့နေပြီလား ၊ ခြေလှမ်းတွေ ရှုပ်နေလားဆိုတာ သိနိုင်မယ့် အချက်ပြ လက္ခဏာလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဆက်သွယ်ပုံတွေ ပြောင်းလာမယ်

Couple

Photo : Global News

လူတစ်ယောက် ခြေလှမ်းတွေမှားစပြုနေပြီဆိုရင် အသိသာဆုံး ပြောင်းလဲလာတာ ဆက်သွယ်မှုပုံစံတွေပါ။ ကွီးတို့အပေါ် အရင်ကလောက် အချိန်မပေးနိုင်တော့ဘူး ၊ ဖုန်းခေါ်တာ ၊ စာပို့တာတွေ နည်းလာတယ် ၊ အရင်လို ရွှန်းရွှန်းဝေနေတဲ့ စကားလေးတွေ မပြောတော့ဘူး ၊ ကွီးတို့ ချစ်သူနှစ်ယောက်ရဲ့ စကားဝိုင်းက အေးစက်တိတ်ဆိတ်လာတယ် ၊ စာပြန်တာတွေ နောက်ကျသလို ဖုန်းခေါ်ရင် မအားတဲ့ အခိုက်အတန့်တွေ ရှိလာတယ် ဒီလို ဆက်သွယ်မှုပုံစံတွေ အပြောင်းအလဲ ရှိလာတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေး စိတ်ထဲမှာ တစ်စုံတစ်ယောက်ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၂) ဒီဆက်ဆံရေးအပေါ် မပျော်မရွှင် ဖြစ်လာမယ်

Couple

Photo : Verywell Mind

ချစ်သူစုံတွဲတိုင်းမှာ ပြဿနာလေးတွေ ၊ အဆင်မပြေမှု ကတောက်ကဆလေးတွေဆိုတာ ရှိကြစမြဲပါ။ ကွီးတို့နှစ်ယောက်လုံး တချို့ပြဿနာလေးတွေကို အချိန်မှီပြင်ဆင်ပြီး နှစ်ဦးနှစ်ဖက် နားလည်မှု တည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ပဲ ကွီးတို့ဘက်က ဘယ်လောက်ပဲ ပျော်အောင်ထားပါစေ ၊ အဆင်ပြေအောင် ညှိနှိုင်းနေပါစေ အခုလက်ရှိ Relationship အပေါ်မှာ မပျော်မရွှင်ဖြစ်နေမယ် ၊ အဆိုးဘက်ကိုပဲ ဦးတည်နေတဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသနေမယ်ဆိုရင်တော့ ရှော်တီလေး ဘက်က ဒီခံစားချက်တွေကို ဖောက်ပြန်မှုအတွက် အကြောင်းပြချက်အနေနဲ့ အသုံးပြုချင်နေတာ ဖြစ်နိုင်ပါတယ်။

(၃) တစ်ဖက်သက် အပြစ်တွေ ပုံချနေမယ်

Couple

Photo : Regain

တစ်ယောက်အပေါ်တစ်ယောက် အမှားတွေ အတူတူရှိခဲ့ကြဖူးတယ်ဆိုရင်တောင် အရာရာက ကွီးတို့ အမှားလို့ တစ်ဖက်သက် ပုံချနေတယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေး အနေနဲ့ သူ့ကိုယ်သူ ကြိုတင်ကာဗာ လုပ်ချင်နေတာ ဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ တကယ်ခြေလှမ်းပျက်ပြီး အမှားလုပ်သူတွေဟာ တစ်ဖက်လူအပေါ် ကြိုတင်အပြစ်ပုံချ တက်တယ်လို့ ဆိုပါတယ်။ ဒါဟာတကယ်ပဲ Red Flag တွေမှာ တွေ့ရတက်တဲ့ အမူအကျင့်တစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ကြိုတင်ကာဗာလုပ်ခြင်းဖြင့် အပြစ်ကနေလွှတ်အောင် တစ်ဖက်လူအပေါ် အပြစ်ပုံချခြင်း ဖြစ်ပါတယ်။

(၄) ကိုယ်နဲ့ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှုနည်းလာမယ်

Couple
Photo : Women’s Health

ဒါကလည်း သိသာထင်ရှားတဲ့ အချက်တစ်ခုပါပဲ။ ကွီးတို့အပေါ်  ခံစားချက်လျှော့ပြီး အရင်လောက် စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုမရှိတော့တဲ့အခါ ကွီးတို့နဲ့ လိင်မှုကိစ္စအပေါ်မှာပါ စိတ်ဝင်စားမှု နည်းလာမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်နေပြီရင်တော့ ကွီးတို့ရဲ့ ရှော်တီလေး အကွက်တွေ့ရွေ့ ၊ ခြေလှမ်းတွေ မှားနေပြီဆိုတာ ခန့်မှန်းကြည့်လို့ သိနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Times Now