အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူတွေအတွက် စာဖတ်ခြင်းအလေ့အထဟာ တစတစန့ဲ ပျောက်ဆုံးလာသယောင်ယောင်ဖြစ်လာပါတယ်။ တကယ်တော့ စာဖတ်ခြင်းဟာ ဗဟုသုတတွေရနိုင်သလို ကိုယ့်အတွက်ဝမ်းစာဖြည့်တာဖြစ်သလို အနားယူအပန်းဖြေခြင်း တစ်မျိုးလည်း ဖြစ်ပါတယ်။

စိတ်ငြိမ်ပြီး အကုသိုလ်ကင်းခြင်း

Source: ldsmag.com

စာဖတ်နေတဲ့ အခိုက်အတန့်ဟာ စိတ်ငြိမ်ပြီး အကုသိုလ်ကင်းစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်နေချိန်ဟာ စာထဲမှာပဲ အာရုံရောက်နေပြီး တခြားအာရုံကို ပျံ့လွင့်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဒါ့ကြောင့် အရမ်းကို အကျိုးထူးတဲ့ စာဖတ်ခြင်းအလေ့အထပါပဲ။ စာဖတ်ခြင်းဟာ သောကတွေ ခေတ္တခဏ ကင်းလွတ်စေပါတယ်။

လူလည်း အိန္ဒြေရစေခြင်း

Source: ikub.al

စာဖတ်တဲ့ကိုကိုတွေကို ကောင်မလေးတွေက သဘောကျကြပါတယ်။ ကောင်မလေးတွေရဲ့ အမြင်မှာတော့ စာဖတ်တဲ့ကောင်လေးတွေကို ပိုပြီးသဘောကျကြ နှစ်ခြိုက်ကြပါတယ်။ ပြီးတော့ စာဖတ်တဲ့ကောင်လေးတွေဟာ တခြားကောင်လေးတွေထက် ပိုကြည့်ကောင်းပါတယ်။

စာဖတ်ခြင်းဟာ ဘဝရဲ့ အခြေခံအုတ်မြစ်ပါ

Source: shutterstock.com

စာဖတ်ခြင်းကရတဲ့ဗဟုသုတဟာ ဘဝတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ စာဖတ်ခြင်းကနေရရှိတဲ့ ဗဟုသုတတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ အသိပညာတွေအဖြစ် ပြန်လည်ဖြန့်ဝေလို့ရတဲ့အပြင် ဆင်ခြင်တုံတရားလည်းရှိစေပါတယ်။

စိတ်ကူးအတွေးအခေါ်သစ်တွေ ရနိုင်ခြင်း

Source: videoblocks.com

စာဖတ်ခြင်းဟာ ဘယ်တော့မှ အချည်းနှီးမဖြစ်ပါဘူး။ စာဖတ်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ အရာရာအပေါ် စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်စွမ်းရှိသလို စိတ်ကူးကောင်း အတွေးအခေါ်သစ်တွေလည်း ရရှိနိုင်ပါသေးတယ်။