အားကစားလုပ်တယ် Workout ကစားတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့်လည်း Gym ရုံဆိုတာ လူပေါင်းများစွာ ချွေးတရွဲှရွှဲနဲ့လာကစားတဲ့ နေရာဖြစ်လို့ဘက်တီးရီးယားနဲ့မှိုဟာ နေရာတိုင်းမှာ ရှိပါတယ်။ ဒါဟာ အသားအရေ ပျက်စီးစေနိုင်တာကြောင့် Gym သွားသူတိုင်း ကိုယ့်ရဲ့ အသားအရေကို အခုလို ထိန်းသိမ်းသင့်ပါတယ်။

(၁) Workout ကစားပြီးတိုင်း ရေချိုးပါ

Source: Freepik

Gym ကစားပြီးတာနဲ့ရေချိုး သန့်စင်လိုက်တာဟာ ချွေးနဲ့အဆီတွေကို ဖယ်ရှားရာ ရောက်သလို ဘက်တီးရီးယားနဲ့အနုဇီဝပိုးလေးတွေ မကပ်တွယ်နိုင်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။ ဘက်တီးရီးယားတွေကြောင့် ချွေးနံ့ပိုဆိုးနိုင်စေတာကြောင့် ဘက်တီးရီးယားသတ်နိုင်မယ့်ခန္ဓာကိုယ်နဲ့မျက်နှာသန့်စင်ဆေးရည်ကို သုံးပေးသင့်ပါတယ်။တကယ် လို့ရေချိုးဖို့မလွယ်ရင် ချွေးတွေကို အဝတ်သန့်သန့်နဲ့ခြောက်သွေ့အောင် သုတ်ပေးရမှာ ဖြစ်ပါတယ်။ ရေချိုးချိန်မှာလည်း ရေပူချိုးတာဟာ အသားအရေကို ယားယံစေနိုင်ပြီး ယားလို့ကုတ်ဖဲ့မယ်ဆိုရင် အရေပြားထဲ ပိုးတွေ ပိုရောက်စေပြီး အနာဖြစ်တတ်ပါတယ်။

(၂) Skincare ကောင်းကောင်း သုံးပါ

Source: Freepik

အမျိုးအစားကောင်းပြီး ပစ္စည်းမှန်တဲ့ အရေပြား အလှကုန်သုံးခြင်းဟာ လူ့အရေပြားသန့်ရှင်း ခြောက်သွေ့စေရုံတင်မဟုတ်ဘဲ ပြင်ပက ကူးစက်နိုင်တဲ့ အရေပြားပိုးတွေကနေပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအတွက် ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ Skincare Products တွေကို မှန်မှန်ကန်ကန် ရွေးချယ် သုံးစွဲရမှာပါ။

(၃) အဝတ်အစားနဲ့မျက်နှာသုတ်ပုဝါတွေကို အမြဲလျှော်ပါ

Source: Freepik

ချွေးကြောင့် ဘက်တီးရီးယား ပွားနိုင်ပြီး ချွေးသုတ်ထားတဲ့ မျက်နှာသုတ်ပုဝါတွေမှာလည်း ဘက်တီးရီးယားတွေ ကပ်တွယ်နေနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။ Gym မှာ သုံးတဲ့ အဝတ်အစားအသုံးအဆောင်တွေကို မလျှော်မဖွပ်ဘဲ အကြာသုံး သုံးမယ်ဆိုရင် ဒီအဝတ်တွေကနေ တစ်ဆင့် မျက်နှာနဲ့အရေပြားတွေမှာ ကျန်းမာရေး ပြဿနာ ရှိလာနိုင်ပါတယ်။

(၄) Gym ပစ္စည်းတွေ မသုံးခင်သန့်ရှင်းရေးလုပ်ပါ

Source: Pexels

ဝိတ်မတော့မယ်ဆိုရင် အရင်ဆုံး Rod တံကို Tower လေးနဲ့သုတ်ပေးတာမျိုး လုပ်သင့်ပါတယ်။ Gym ထဲက ပစ္စည်းတွေ သုံးပြီးပြီဆိုရင်လည်း တတ်နိုင်သမျှ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

(၅) Hair Gel တွေ သိပ်မသုံးပါနဲ့

Source: Freepik

အားကစားလုပ်တော့မယ်ဆိုရင် ခေါင်းလိမ်းဆီလည်း သတိထားရပါတယ်။ Gel နဲ့Wax တွေ အများကြီး လိမ်းသွားတဲ့ နေ့ Gym ကစားမယ်ဆိုရင် ချွေးထွက်တာနဲ့ခေါင်းချွေးကြောင့် လိမ်းထားတဲ့ ခေါင်းလိမ်းဆီက မျက်နှာနဲ့လည်ပင်း ၊ ပုခုံးတို့အပေါ် ကျပြီး ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။