မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုဖိတ်ခေါ်ပြိုင်ပွဲ အမ်းမရိတ်ဖလားဗိုလ်လုပွဲ ပွဲစဉ်မှာ အာဆင်နယ်အသင်းက လိုင်ယွန်အသင်းကို (၁-၂) ဂိုးဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အမ်းမရိတ်ဖလားပြိုင်ပွဲသမိုင်းတစ်လျောက် (၅) ကြိမ်တိတိ ဗိုလ်စွဲထားတဲ့မှတ်တမ်းကောင်းတွေရှိခဲ့ပေမယ့်လည်း ယခုနှစ်မှာတာ့ လိုင်ယွန်အသင်းကိုရှုံးနိမ်ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Soource : Evening Standard

အိမ်ရှင်အာဆင်နယ်အသင်းကတော့ ပွဲစဉ်စတင်ချိန်ကတည်းက လိုင်ယွန်အသင်းကို ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် (၂၁)မိနစ်မှာ ဂိုးဧရိယာထဲကနေ မစ်ခီတာယန် လှပတဲ့ကန်ချက်ကနေတစ်ဆင့် ဦးဆောင်ဂိုးရရှိဖို့ စွမ်းဆောင်ခဲ့ပေမယ့် လိုင်ယွန်အသင်းဂိုးသမားရဲ့အကောင်းဆုံးကာကွယ်ခဲ့မှုကြောင့် ဦးဆောင်ဂိုးရရှိမယ့်အခွင့်အရေးကနေ ဆုံးရှုံးခဲ့ရပါတယ်။

ဆက်လက်ပြီးအာဆင်နယ်အသင်းကဘဲဆက်လက်ဖိအားပေးကစားခဲ့ကာ ပွဲချိန် (၃၆) မိနစ်မှာတော့ မစ်ခီတာယန်ရဲ့ ပေးပို့မှုကနေတစ်ဆင့် တိုက်စစ်မှူး အူဘာမီယန်းကနေရာယူမှန်မှန်နဲ့ အကောင်းဆုံးပိတ်သွင်းခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်အာဆင်နယ်အသင်းဘက်မှ ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။

Soource : Bleacher Report

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ လိုင်ယွန်အသင်းဘက်မှ တိုက်စစ် ဖွင့်ကစားလာခဲ့တာကြောင့် အာဆင်နယ်အသင်းခံစစ်ကို တော်တော်လေးပြာယာခတ်သွားစေခဲ့ပါတယ်။အာဆင်နယ်အသင်းရဲ့ နောက်တန်းကစားသမားတွေရဲ့ ပေါ့ဆမှုကနေတစ်ဆင့် ပွဲချိန် (၆၆) မိနစ်မှာတော့ လိုင်ယွန်ကစားသမား ဒီပေးရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် တိုက်စစ်မှူးဒမ်ဘီလီက လှလှပပဘဲ ခေါင်းတိုက်သွင်းယူသွားခဲ့တာကြောင့် ချေပဂိုးပြန်လည်ရရှိသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပွဲချိန် (၇၅) မိနစ်မှာတော့ တိုက်စစ်မှူးဒမ်ဘီလီကဘဲ အာဆင်နယ်အသင်း ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ဆုံမှုကနေတစ်ဆင့် ပါးပါးနပ်နပ်ပဲ ရရှိလာတဲ့အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် ဒုတိယမြောက်အနိုင်ဂိုးရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

Soource : Hindustan Times

လက်ကျန်မိနစ်တွေမှာတော့ အိမ်ရှင်အာဆင်နယ်အသင်းဘက်မှ ချေပဂိုးတွေရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း (၂-၁) ဂိုးရလဒ်ဖြင့် ပွဲကိုအဆုံးသတ်ကာ လိုင်ယွန်အသင်းကို အရှုံးပေးလိုက်ရတာပဲ ဖြစ်ပါတယ်။ ယခုနှစ်အမ်းမရိတ်ဖလားပြိုင်ပွဲမှာတော့ ယခင်နှစ်တွေလို ပြိုင်ပွဲဝင်အသင်း (၄) သင်းမဟုတ်တော့ပဲ လိုင်ယွန်တစ်သင်းတည်းနဲ့သာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အမျိုးသမီးပွဲစဉ်မှာလည်း အိမ်ရှင်အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်တိုယှဉ်ပြိုင် ကစားခဲ့ကြပါတယ်