သင်ဟာ အိပ်နေရင်းနဲ့ ဟောက်တတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီလိုဖြစ်ရပ်မျိုးတွေကို အိပ်နေရင်းနဲ့ဖြစ်တတ်ပါသလား။
အသက်ရှူရပ်သွားတာ အိပ်နေရင်း ဟောက်နေရာကနေ အသက်ရှူ ရပ်ရပ်သွားရင်တာမျိုး ဖြစ်တတ်ပါသလား။ ဒါဆိုရင်တော့ ဒီကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လို ကျန်းမာရေးပြဿနာတွေလဲ ဘယ်အရွယ်တွေမှာ ဖြစ်တတ်တာလဲ။
Source: sleepapneasurgerynyc.com
ဘယ်အရွယ်မှာဖြစ်တတ်သလဲ
Source: consumerreports.org
အိပ်နေရင်းဟောက်ရာကနေ အသက်ရှူရပ်သွားတတ်တဲ့ အရွယ်အများစုကတော့ အသက် ၃၅ ကျော်တွေဖြစ်ပါတယ်။ ဒါ့ကြောင့် အသက် ၃၅ ကျော်လာရင် အထူးသတိထားဂရုပြုသင့်ပါတယ်။
ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ
Source: specialistaustralia.com.
အိပ်နေရင်း ဟောက်ရာကနေ အသက်ရှူရပ်သွားတာမျိုး မကြာခဏဖြစ်လာတဲ့အခါ ညအိပ်စဉ် မကြာခဏ ဆီးထသွားခြင်း၊ မှတ်ဉာဏ်ချို့ယွင်းလာခြင်း၊ လေဖြတ်ရောဂါရှိခြင်း၊ စိတ်ကျရောဂါဖြစ်လာခြင်း၊ ဆီးချိုသွေးချိုရောဂါ နဲ့ နှလုံးတိုက်ခိုက်ခံရခြင်းတို့လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှုခံယူတာ အကောင်းဆုံးပါပဲ။