အဝတ်အစားကောင်းကောင်း ဝတ်ရုံနဲ့ ကိုယ်ရဲ့စတိုင်က လန်းလာမယ်လို့ ပြောလို့မရပါဘူး။ တကယ်တမ်း လူတစ်ယောက်ရဲ့ အသွင်အပြင်ကို အဝတ်အစားတစ်ခုတည်းက ဖုံးထားတာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု အပြည့်ရှိနေတဲ့သူ ၊ သူကျွမ်းကျင်ရာနယ်ပယ်တစ်ခုမှာ ကျင်ကျင်လည်လည် လှုပ်ရှားနေသူကလည်း ကြည့်လို့ ကောင်းပါတယ်။ ကိုယ့်ရဲ့ ဟန်ပန်ကို ပျက်စီးနိုင်စေတဲ့အရာတွေ အများကြီး ရှိပြီး ဒီထဲကမှ အရေးကြီးတာ ၃ ခု အကြောင်း ပြောချင်ပါတယ်။

(၁) လူတွေရဲ့ အထင်ကို စိတ်ပူတာ

Source: pexels

စိုးရိမ်တာနဲ့ ဂနာမငြိမ်တာဟာ လူရဲ့စတိုင်ကို အကြီးအကျယ် ဖျက်ပါတယ်။ စိတ်ဓါတ်ကျလို့ လက်ပြင်လေးကုန်းပြီး ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်လာသူတွေကို ကြည့်ရင် သိသာပါတယ်။ နေ့စဉ်ဘဝမှာတော့ လူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုပြီး တွေးပူနေတာကိုက ရုပ်ရည်ကို ထိခိုက်စေပါတယ်။လူတွေနဲ့ စကားပြောချိန် ၊ သူတို့ရှေ့က ဖြတ်လျှောက်သွားချိန် င့ါကို သူတို့ ဘယ်လိုများ မြင်နေကြသလဲလို့ တွေးနေရင် အလိုလိုနေရင်း ကိုယ့်ရဲ့ အမူအယာဟာ အဆင်မပြေ ဖြစ်လာတတ်ပါတယ်။

ဘာပဲလုပ်လုပ် ယုံယုံကြည်ကြည် အေးအေးဆေးဆေး လုပ်ပါ။ စကားပြောရင်လည်း အေးအေးဆေးဆေး သက်သက်သာသာနဲ့ ရှင်းအောင် ပြောပါ။ လိုအပ်လို့ လက်ဟန်ခြေဟန် သုံးရင်လည်း စကားလုံးနဲ့ အဆင်ပြေ လျော်ညီပြီး Over မဆန်တဲ့ အမူအယာနဲ့ ပြောပါ။ ပြုံးတတ်ဖို့ကလည်း အရေးကြီးတာဖြစ်လို့ လူတွေကို ပြုံးပြနှုတ်ဆက်ဖို့ ဝန်မလေးပါနဲ့။

(၂) လိုတာထက်ပိုပြီး ကိုယ့်ကိုယ်ကို မပြင်ပါနဲ့

Source: ShutterStock

ဆံပင်ကို စိတ်ကြိုက်ညှပ်လို့ရပေမယ့် တစ်လထဲ ၂ ခါ ၃ ခါလောက် ဆိုင်သွားပြီး ပြင်တာက လွန်လာပါပြီ။ အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်ပြီး သွားရမှာ မှန်ပေမယ့် မထော်မနန်း တောက်တောက်ပြောင်ပြောင်ကြီးတွေပဲ ဝတ်ဖို့ မစဉ်းစားသင့်ပါဘူး။ ပိုကောင်းအောင် နေနိုင်ပါတယ်။ ဒါပေမယ့် ကိုပြည့်စုံ ၊ မောင်ပြည့်စုံဖြစ်အောင် Perfectionist ဝါဒီဖြစ်ရင်တော့ အဆင်မပြေပါဘူး။ စတိုင်ကျအောင်ဆိုပြီး ယောကျာၤးတန်မဲ့ မျက်ခုံးမွေးရိတ်တာ ၊ မျက်နှာပေါင်းတင်တာတို့ လုပ်တာကလည်း ယောကျာၤးတစ်ယောက်ရဲ့ ဥပဓိရုပ်ကို ထိခိုက်စေပါတယ်။

(၃) ကိုယ့်အတွက် ဝတ်တာပဲ ဖြစ်ပါစေ

Source: pexels

ဘာပဲလုပ်လုပ် ဘယ်သူ့မျက်လုံးထဲတော့ ဒီလိုဝတ်တာ အဆင်ပြေမယ်ထင်တယ်ဆိုတဲ့ အတွေးကြီးနဲ့ အဝတ်အစား ဝတ်သွားသင့်ပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ရဲ့ ပင်ကိုယ်ဟန်ကို ထိန်းသိမ်းပါ။ သရုပ်မပျက်တဲ့ ၊ ကိုယ့်ရဲ့ ပုံရိပ်ကို မြှင့်ပေးနိုင်မယ့် အဝတ်အစားမျိုးပဲ ဝတ်ဆင်သင့်ပါတယ်။ ပွဲတက်တာမှ မဟုတ်ရင် ကိုယ့်ရဲ့ လူနေမှုဘဝမှာ ကိုယ့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး ယုံကြည်မှုအပြည့်ရှိစေမယ့် အဝတ်အစားကိုပဲ ရွေးဝတ်သင့်ပါတယ်။ လူငယ်ဆန်ဆန် ဂျင်းဘောင်းဘီနဲ့ တီရှပ်ကြိုက်တယ်ဆိုရင်လည်း ဝတ်လို့ရပါတယ်။ အရေးကြီးတာက ယောကျာၤးတစ်ယောက်ဟာ လှနေဖို့ထက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိနဲ့ ကိုယ့်ရဲ့ ပင်ကိုယ်ဟန်ကို ဖော်ဆောင်နေဖို့ပါပဲ။