အားလုံးပဲ မင်္ဂလာပါ။ အမျိုးသားတိုင်းကတော့ သူတို့ရဲ့ စတိုင်လ်၊ အသွင်အပြင်ကို အပြတ်မိုက်တဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆင်ယင်တွဲဖက်ပြီးတော့ လန်းချင်ကြတာချည်းပါပဲ။

အခုတစ်ခါလည်း ကျွန်တော်တို့ရဲ့ Kwee ကနေပြီးတော့ စာဖတ်ပရိတ်သတ်အမျိုးသားတို့အတွက် ဘာတွေလိုအပ်သလဲ၊ ရှောင်ရှားရမလဲဆိုတာကို ထုံးစံအတိုင်း ပြောပြပေးသွားချင်ပါတယ်။

၁။ နာရီကောင်းကောင်းတစ်လုံး

Source: watchreviewblog.com

အမျိုးသားတို့ရဲ့ အသွင်အပြင်ကို ပြီးပြည့်စုံသွားစေမယ့် Accessory တစ်ခုကတော့ နာရီတစ်လုံးပါပဲ။ Formal ပုံစံပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစတိုင်ပဲဖြစ်ဖြစ် အမျိုးသားတစ်ယောက်အနေနဲ့ လက်ပတ်နာရီလေးတစ်လုံးကိုတော့ အမြဲပတ်ပေးသင့်ပါတယ်။

၂။ နက်ကတိုင်

Source: gentlemansgazette.com

ပွဲလမ်းသဘင်တွေတက်ရမယ်၊ အရေးကြီးတဲ့ အစည်းအဝေးတွေသွားရမယ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့အလုပ်ခွင်က ဝတ်စုံအပြည့်ဝတ်သွားရမယ်လို့ သတ်မှတ်ထားတယ်ဆိုရင်တော့ နက်ကတိုင်လေးက မရှိမဖြစ်လိုအပ်လာပါပြီ။

၃။ ခါးပတ်

Source: Anaradio

ဂျင်းဘောင်းဘီဖြစ်ဖြစ်၊ စတိုင်လ်ပန့်ဘောင်းဘီဖြစ်ဖြစ် ဝတ်တဲ့အခါမှာ ခါးပတ်က လိုကိုလိုအပ်ပါတယ်။ ကိုယ်ဝတ်ထားတဲ့ ဘောင်းဘီက ပျော့တွဲတွဲကြီးဖြစ်မနေအောင်၊ သူ့ဟာနဲ့သူ ကပ်ကပ်ရပ်ရပ်ဖြစ်ပြီး ကြည့်ကောင်းနေစေဖို့ ခါးပတ် ပတ်ပေးပါ။

၄။ နေကာမျက်မှန်

Source: D’Marge

ရာသီဥတု ပူအိုက်တဲ့အခါတွေမှာ မျက်လုံးပျက်စီးမှုမရှိလေအောင် နေကာမျက်မှန်ကို တပ်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း ဖက်ရှင်တစ်ခုကို ပြီးပြည့်စုံစေဖို့အတွက် နေကာမျက်မှန်ကလည်း အမျိုးသားတွေပိုင်ဆိုင်ထားဖို့ လိုအပ်တဲ့ ပစ္စည်းတစ်ခုပါပဲ။

Featured Image Source: RCS