လူတိုင်းလူတိုင်းမှာ လှပတဲ့ မျှော်လင့်ချက်အိပ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ကိုယ့်ရဲ့အိပ်မက်တွေ အကောင်ထည်ဖော်နိုင်ဖို့ဆိုတာ ကံ၊ဉာဏ်၊ ဝီရိယ သုံးခုပေါင်းပြီး ကြိုးစားမှသာ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အမှန်တကယ်ပြည့်ဝလာမှာပါ။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ရနိုင်တဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းတဲ့လမ်းမှာ ကျရှုံးမှုတွေ အကြိမ်ကြိမ်ကြုံတွေ့ရနိုင်ပါတယ်။ အဓိကက တစ်ခါလဲကျတာနဲ့ လက်လျှော့အရှုံးမပေးလိုက်ဖို့ပါပဲ။ လဲကျတိုင်းပြန်ထနိုင်ဖို့နဲ့ အရှုံးတွေကနေ သင်ခန်းစာယူပြီး အနာဂတ်ကိုအကောင်းမွန်ဆုံး ပြင်ဆင်လျှောက်လှမ်းဖို့က အင်မတန်အရေးကြီးပါတယ်။

ဒီလိုဘဝအတွက် ကြီးမားတဲ့မျှော်လင့်ချက်၊ အိပ်မက်တွေများစွာနဲ့ ကြိုးစားနေကြတဲ့ ဘော်ဒါတို့အတွက် အမိုက်စားဖန်တီးမှုလေးတစ်ခုကို Grand Royal Smooth ကနေ စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။ Grand Royal Smooth က တင်ဆက်လိုက်တဲ့ အစီအစဉ်လေးမှာဆိုရင် ညီအစ်ကိုတို့အတွက် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကိုယ်ယုံကြည်ရာလမ်းကို လျှောက်လှမ်းတဲ့နေရာမှာ စိတ်ခွန်အားအပြည့်ရစေမယ့် အမိုက်စားသီချင်း MTV လေးတစ်ပုဒ်ကို ဖန်တီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ Music MTV ရဲ့ နာမည်လေးကတော့ “အဆုံးအစမဲ့ ရှင်သန်ပါ ” လို့ အမည်ရပါတယ်။

ဒီ Music MTV လေးမှာဆိုရင် နိုင်ငံကျော်လူငယ်တေးသံရှင် X Box နဲ့အတူ Smooth Cover Song Contest ရဲ့ Top Ten Winner တစ်ဦးဖြစ်တဲ့ Say Han တို့နှစ်ဦးမှ အမိုက်စားဖန်တီးမှုတွေနဲ့ ပူးပေါင်းသီဆိုထားကြတာဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့အိပ်မက်တွေအတွက် ကြိုးစားနေတဲ့လူငယ်တစ်ယောက်ချင်းစီတိုင်း တကယ့်ကိုစိတ်ခွန်အားရစေမယ့် သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Say Han ရဲ့ စွဲဆောင်မှုရှိတဲ့ အသံပါဝါ၊ X Box ရဲ့ အမိုက်စား Rhyme တွေ၊ Rap သီဆိုမှုတွေနဲ့ တကယ့်ကိုစိတ်ခွန်အားဖြစ်စေမယ့် သီချင်းစာသားတွေက ဘော်ဒါတို့လုံးဝအကြိုက်တွေ့စေမယ့် သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

ကိုယ့်ဘဝအတွက် မျှော်မှန်းထားတဲ့အိပ်မက်တွေက ဈေးကြီးနေလို့ဖြစ်စေ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ပြီး စိတ်ဓာတ်ကျနေလို့ပဲဖြစ်ဖြစ် “အဆုံးအစမဲ့ ရှင်သန်ပါ” ဆိုတဲ့ သီချင်းလေးနားထောင်ပြီး ဘော်ဒါတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေကို ပြန်လည်ရယူနိုင်မယ်ဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ အမိုက်စား Music MTV လေးကိုနားဆင်ပြီး ဘဝအိမ်မက်တွေအတွက်ကြိုးစားနေတဲ့ ကိုယ့်ရဲ့သူငယ်ချင်းတွေကိုလည်း စိတ်ဓာတ်ခွန်အားတွေရရှိစေဖို့ သီချင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။ Grand Royal Smooth နဲ့အတူ ညီအကိုတို့ရဲ့ အဆင်မပြေမှုတွေ စိတ်ဓာတ်ကျမှုတွေအားလုံးကို အဝေးဆီ မောင်းထုတ်ပြီး ကိုယ့်ယုံကြည်ရာအိပ်မက်တွေဆီသို့ ဆက်လက်လျှောက်လှမ်းလိုက်ပါ။