ကော့တေးဖျော်ရည်များသည် ပါတီတစ်ခုရဲ့အသက်လို့ ဆိုနိုင်ပါတယ်။ ကော့တေးဖျော်ရည်များ မပါဘဲနဲ့ ပါတီပွဲများ ကျင်းပတဲ့အခါ တစ်ခုခုလိုနေသလို ခံစားရပါလိမ့်မယ်။ ၁၈၀၀ ခုနှစ်က အနောက်နိုင်ငံများတွင် ပါတီပွဲများ၌ ကော့တေးဖျော်စပ်ခြင်းယဉ်ကျေးမှု စတင်ထွန်းကားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည်တွင်တော့ ကော့တေးဖျော်ရည်များသည် ဘီယာ၊ ဝီစကီများလောက်တော့ လူကြိုက်သိပ်မများပါဘူး။

ကော့တေးဖျော်ရည် ဖျော်နည်းအမျိုးအစားအများအပြားရှိသည့်အနက် လူကြိုက်အများဆုံး ကော့တေးဖျော်စပ်နည်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

Mojito

different types of cocktail for men

Mojito ဖျော်တဲ့အခါ သကြား (သို့) သကြားရည်၊ သံပုယိုရည်၊ ဆိုဒါရေ၊ ပင်စိမ်းရွက်နှင့် ရမ်အဖြူစတဲ့ အဓိကပါဝင်ပစ္စည်း (၅) မျိုးဖြင့် ဖျော်ရပါတယ်။ ဖျော်ပြီးတဲ့နောက်မှာတော့ ပင်စိမ်းရွက်၊ သံပုယိုသီးစိတ်များဖြင့် အလှဆင်တတ်ကြပါတယ်။

Long Island Iced Tea

different types of cocktail for men

LIIT လို့ အတိုကောက်ခေါ်တဲ့ ကော့တေးကိုတော့ ဗို့ဒ်ကာ၊ Triple Sec ၊ Tequila ၊ ရမ်အပျော့စား၊ ဂျင်မ်နှင့် ကိုလာတို့ဖြင့် ဖော်စပ်လေ့ရှိပါတယ်။ သူ့ကိုတော့ ဖန်ခွက်ရှည်ရှည်ထဲ ထည့်သောက်လေ့ရှိကြပါတယ်။

Margarita

different types of cocktail for men

ကော့တေးချဉ်ချဉ်လေးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Margarita ကော့တေးက သင့်အတွက်ပါပဲ။ သူ့ကို ဖျော်စပ်ဖို့အတွက် Tequila ၊ Triple Sec နှင့် သံပုယိုရည် (သို့) သံပုရာရည်ဖြင့် အဓိကထား ဖျော်စပ်ကြလေ့ရှိပါတယ်။ ဖန်ခွက်နှုတ်ခမ်းဝတွင်တော့ သကြား (သို့) ဆားဖြင့် သုတ်ထားလေ့ရှိပါတယ်။

Bloody Mary

different types of cocktail for men

Bloody Mary ဆိုပြီး ကြောက်စရာအမည်နာမရှိတဲ့ ကော့တေးကတော့ နီနီရဲရဲအရောင်လေးရှိပါတယ်။ သူ့ကို ဗို့ဒ်ကာ၊ ခရမ်းချဉ်သီးဖျော်ရည်နှင့် အခြားသော အမွှေးအကြိုက်အရသာများဖြစ်တဲ့ ငရုတ်ကောင်းမှုန့်၊ နံနံပင်၊ သံလွင်သီး စတဲ့ အနံ့အရသာများနဲ့ ပြည့်စုံအောင် ဖော်စပ်ထားတာပဲဖြစ်ပါတယ်။ သူ့ကိုလည်း ဖန်ခွက်ရှည်ဖြင့် ထည့်သောက်လေ့ရှိကြပါတယ်။

Cosmopolitan

different types of cocktail for men

ဒီကော့တေးအမျိုးအစားကိုတော့ ဗို့ဒ်ကာ၊ Triple Sec ၊ ခရိန်းဘယ်ရီသီးဖျော်ရည်နှင့် သံပုရာရည်တို့ဖြင့် ဖျော်စပ်လေ့ရှိပါတယ်။ သူ့ကိုတော့ အခုလို ခွက်လှလှလေးဖြင့် ထည့်သောက်လေ့ရှိကြပါတယ်။

Moscow Mule

different types of cocktail for men

Moscow Mule ဆိုတဲ့ ကော့တေးဖျော်ရည်ကတော့ အမေရိကန်ပြည်ထောင်စုက စတင်ဖော်စပ်ခဲ့တာလို့ ပြောစမှတ်ပြုကြပါတယ်။ သူ့ကိုတော့ ဗို့ဒ်ကာ၊ ဂျင်း၊ သံပုယိုရည်တို့ဖြင့် ဖျော်စပ်ပြီး ခွက်နှုတ်ခမ်းဝတွင်တော့ သံပုရာသီးစိပ်လေးဖြင့် အလှဆင်ထားကြပါတယ်။ သောက်သုံးတဲ့ခွက်ကတော့ ကြေးနီခွက်လေးပဲဖြစ်ပါတယ်။

Martini

different types of cocktail for men

Martini ကတော့ လူကြိုက်များတဲ့ ကော့တေးတစ်မျိုးပဲဖြစ်ပြီး အခုလိုပဲ ခွက်လှလှလေးဖြင့် အလှဆင်ကာ ဖျော်သောက်နိုင်ပါတယ်။

Sangria

different types of cocktail for men

Sangria ကော့တေးကိုတော့ ဝိုင်နီ၊ ဝိုင်ဖြူနှင့် လတ်ဆတ်သော သစ်သီးများ၊ သစ်သီးဖျော်ရည်များဖြင့် ပေါင်းစပ်ဖျော်စပ်ထားတာပဲဖြစ်ပါတယ်။ ဝိုင်ချစ်သူများအတွက်တော့ Sangria က ကိုယ့်ဘာသာအလွယ်တကူဖျော်သောက်နိုင်တဲ့ ကော့တေးတစ်မျိုးပါ။

Source: Food.ndtv.com