ဖေဖော်ဝါရီလ ထဲမှာ ပါတီကျင်းပချင်တဲ့ ကွီးတို့အတွက် အမိုက်စား ပါတီ အိုင်ဒီယာလေးတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖေဖော်ဝါရီလနဲ့ အလိုက်ဖက်ဆုံး ပါတီ အိုင်ဒီယာတချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။ ကဲဒါဆို စလိုက်ရအောင်ပါ။

(၁) ပီဇာ ပါတီအိုင်ဒီယာ

Photo : iStock

ဒီလထဲမှာ အစားအသောက်ချစ်သူတွေ အထူးသဖြင့် ပီဇာချစ်သူတွေအတွက် အထူးနေ့ရက်လေး ရှိပါတယ်။ ဒါကတော့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျရောက်မယ့် Pizza Day လေးပါ။ Pizza Day မှာ ချစ်ရတဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပီဇာအတူတူ ပြုလုပ်ပြီး ပါတီပွဲလေး ကျင်းပနိုင်သလို ပီဇာဆိုင်ကနေ အရသာရှိတဲ့ ပီဇာတွေမှာယူပြီးလည်း ပျော်ပျော်ပါးပါး စားသောက်ပွဲလေး ကျင်းပလို့ရပါတယ်။

(၂) ဂြိုလ်သား ပါတီအိုင်ဒီယာ

ဖေဖော်ဝါရီလ

Photo : Las Vegas Review-Journal

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ Extraterrestrial Culture Day ဖြစ်ပါတယ်။ ဒီနေ့လေးဟာ Alien ပါတီပွဲလေး ကျင်းပဖို့အတွက် အချိန်ကောင်းပါ။ ဂြိုလ်သားဝတ်စုံတွေ ၊ Area 51 Decorations အပြင်အဆင်တွေနဲ့ ဂြိုလ်သားပါတီလေးကို အလန်းစား ပြင်ဆင်ကျင်းပလို့ ရပါတယ်။

(၃) Yoga ပါတီအိုင်ဒီယာ

ဖေဖော်ဝါရီလ

Photo : West End Yoga Studio

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ ကမ္ဘာ့ယောဂနေ့ ဖြစ်ပါတယ်။ World Yoga Day မှာ Yoga ပါတီပွဲလေး ကျင်းပတာက အကောင်းဆုံးအိုင်ဒီယာလေးပဲ မဟုတ်လား။ ယောဂဝါသနာပါသူတွေ စုပြီး ယောဂလေ့ကျင့်ခန်းတွေ အတူတူပြုလုပ်တာ ၊ ယောဂနဲ့ဆိုင်တဲ့ ကျန်းမာရေးဆွေးနွေးပွဲစကားဝိုင်းလေးတစ်ခု ဖန်တီးတာ စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။ Yoga ပါတီပွဲလေးကတော့ ကျန်းမာရေးကို အလေးထားပြီး Healthy‌ Lifestyle တစ်ခု မွေးမြူချင်သူတိုင်း နှစ်ခြိုက်သဘောကျစေမယ့် ပါတီအိုင်ဒီယာကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

(၄) Margarita ပါတီအိုင်ဒီယာ

ဖေဖော်ဝါရီလ

Photo : 5280 Magazine

Margarita ကော့လ်တေးကြိုက်တဲ့ ကွီးတွေ ရှိပါသလား။ ဒါဆိုရင်တော့ ပျော်လိုက်တော့နော်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ Margarita Day ဖြစ်ပါတယ်။ အသောက်တလိုင်းဘော်ဒါတွေနဲ့စုပြီး Margarita ပါတီပွဲလေးကို အမိုက်စားပြင်ဆင် ကျင်းပလို့ ရပါတယ်။ Margarita ဖျော်စပ်နည်းလေး မသိသေးဘူးဆိုရင် ဒီ Link ကနေ (Margarita ကော့လ်တေး) တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Featured Photo : Las Vegas Review-Journal