ကွီးတို့ရဲ့ ပါတီပွဲ ပိုမို မြူးကြွ ပြီး အသက်ဝင်လာဖို့ဆိုရင် ပါတီ ဂိမ်း များသည် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ ပါတီဂိမ်းများ မပါဘူးဆိုရင် ပါတီပွဲကျင်းပရတာသည် ခြောက်ကပ်ကပ်နှင့် ပျင်းရိဖွယ်ကောင်းလှပါတယ်။

ပါတီပွဲ ကို ပိုမို မြူးကြ ပြီး အသက်ဝင်လာအောင် ဖန်တီးပေးမယ့် ပါတီ ဂိမ်း တွေ အများကြီးရှိပါတယ်။ ထိုအထဲကမှ ကွီးတို့အတွက် အကောင်းဆုံး ပါတီဂိမ်းများကို စုစည်းတင်ဆက်ပေး လိုက်ရပါတယ်။

Truth or Dare ဂိမ်းကလည်း ဆော့ရတာ ရိုးအီနေပြီဆိုတော့ အိုင်ဒီယာအသစ်အဆန်းဖြစ်သွားအောင်လို့ အခြားသောဂိမ်းများကို ပြောင်းလဲကာ ဆော့ကစားသင့်ပါတယ်။

ပင်လယ် ဓားပြဂိမ်း

ပါတီပွဲ မြူးကြွ ဂိမ်း

ဒီဂိမ်းဆော့ကစားဖို့ရန်အတွက် အရုပ်တစ်ခုလိုအပ်ပါလိမ့်မယ်။ ပင်လယ်ဓားပြအရုပ်ကို အထဲ ထည့်ထားပြီးနောက် ဓားများကို ဓားပေါက်ရာအထဲသို့ တစ်ချောင်းစီဆီ ထိုးသွင်းပြီး ပင်လယ်ဓားပြက အထဲကနေ ခုန်ထွက်ကနေ ခုန်ထွက်သွားပြီဆိုရင်တော့ အရှုံးပဲဖြစ်ပါတယ်။

ပင်ပေါင်ဘောလုံးဂိမ်း

ပါတီပွဲ မြူးကြွ ဂိမ်း

ဒီဂိမ်းလေးကတော့ ရိုးရှင်းပါတယ်။ ပင်ပေါင်ဘောလုံးကို ဘီယာခွက်ထဲသို့ ဝင်အောင် ပစ်ရမှာပဲဖြစ်ပါတယ်။ စစချင်းကစားချိန်မှာတော့ ဘီယာခွက်ကို မနီးမဝေးမှာ ထားပြီး တဖြည်းဖြည်းနဲ့ အကွာအဝးကို ဝေးသွားအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ဆန့်ကျင်ဘက်ဂိမ်း

ပါတီပွဲ မြူးကြွ ဂိမ်း

အရင်ဦးဆုံး အဖွဲ့များအရင်ဖွဲ့ ထားလိုက်ပါ။ တစ်သင်းစီက အဖွဲ့သားတစ်ယောက်စီ ဆော့ကစားရမှာဖြစ်ပါတယ်။ ချမ်း ချမ် ချမ်းဆိုပြီးအော်ကာ လက်က ပါးရိုက်တဲ့အသွင်ပြုလုပ်ရမှာဖြစ်ပါတယ်။ (တကယ်ပါးရိုက်စရာမလိုပါဘူး။) ပြန်လည်ခုခံရမယ့်သူက တစ်ဖက်က ပါးရိုက်သူရဲ့ လက်သွားတဲ့ ဦးတည်ဘက်အတိုင်း မသွားရဘဲ လက်က ညာဘက်ကို ရိုက်လိုက်တယ်ဆို ခုခံသူအနေနဲ့ မျက်နှာက ဘယ်ဘက်ကို ရွေ့ရမှာဖြစ်ပါတယ်။ လက်သွားရာ ဦးတည်ဘက်အတိုင်း မျက်နှာကို လိုက်ရွေ့မိမယ်ဆိုရင်တော့ ခုခံသူအဖွဲ့က တစ်မှတ်ရှုံးပြီး တစ်ဖက်အသင်းက အနိုင်ရသွားမှာဖြစ်ပါတယ်။

အမူအရာဂိမ်း

party games

Photo: Pinterest

ဒီဂိမ်းလေးကလည်း ဆော့ကစားရတာ ပျော်ဖို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ အမူအရာလုပ်ဖို့အတွက် တစ်သင်းစီက တစ်ယောက်စီ ထွက်ဆော့ရမှာဖြစ်ပါတယ်။ ကျန်အဖွဲ့သားများက သူ လုပ်ပြတဲ့အမူအရာကို ကြည့်ပြီး ထိုစာလုံးကို ခန့်မှန်းရမှာဖြစ်ပါတယ်။ စာလုံးတစ်လုံးလည်းဖြစ်နိုင်သလို စာသားလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စကားပုံတွေကိုလည်း ဖွက်နိုင်ပါတယ်။

မေးခွန်းမေးတဲ့ ဂိမ်း

party games

ဒီဂိမ်းလေးကတော့ တစ်ဖက်အသင်းက မေးခွန်းမေးပြီး ကျန်အသင်းက ၃ စက္ကန့်အတွင်း အဖြေမှန် ပြောပြရမှာဖြစ်ပါတယ်။ မေးတဲ့အသင်းကလည်း အဖြေမှန်ကို သေချာသိထားဖို့လိုအပ်ပါတယ်။ ဒီဂိမ်းဆော့ကစားတဲ့အခါ မေးခွန်းများအတွက် အချိန်သပ်သပ်ပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့ရဲ့ ပါတီပွဲ ကို အသက်သွင်းကာ ပိုမို မြူးကြွ လာအောင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ ပါတီ ဂိမ်း များကို အသုံးပြုဖို့ မမေ့နဲ့နော်။

Source:  Cosmopolitan

Featured Image: Freepik