Black ကာလာဆိုတာ အရောင်တွေရဲ့ ဘုရင်ပါပဲ။ အနက်ရောင်ဟာ တည်ငြိမ်မှု ၊ Classic ဖြစ်မှုတို့ကို ကိုယ်စားပြုပြီး ဘယ်တော့မှ ဒိတ်အောက်မသွားသလို ဒီနေ့ခေတ်အထိကို လူကြိုက်များ ၊ ရေပန်းစားနေဆဲ ပြိုင်စံရှား အရောင်တစ်မျိုးပါ။ ကွီးတို့ထဲမှာလည်း အနက်ရောင် Crazy တွေ ရှိကြမယ်ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အနက်ရောင်ကို အရူးအမူးကြိုက်တဲ့ ကွီးတို့အတွက် မှောင်နက်မဲမဲ Black Theme ပါတီ ပွဲ တစ်ခု ဘယ်လိုကျင်းပရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) Black ပါတီ Decorations

Photo : Pinterest

Black Theme ပါတီလို့ ဆိုတဲ့အတိုင်း Decorations တွေက အနက်ရောင်ကို အသားပေးထားတဲ့ အပြင်အဆင်မျိုး ဖြစ်ဖို့လိုပါတယ်။ စားပွဲခင်း ၊ ထိုင်ခုံ ၊ လိုက်ကာ ၊ ပန်းကန်နဲ့ အလှဆင်ပန်းအိုးလေးတွေကအစ အနက်ရောင်ကို များများသုံးပေးပါ။ အကယ်၍ အရောင်အနည်းငယ်ပေါင်းစပ်ဖန်တီးချင်တယ်ဆိုရင်တော့ ငွေရောင် သို့မဟုတ် ရွှေရောင်နဲ့ ရောစပ်ပြင်ဆင်လို့ ရပါတယ်။

(၂) အနက်ရောင် Balloons

Photo : Walmart.com

Black Theme ပါတီအတွက် အနက်ရောင် Balloons တွေကတော့ မပါမဖြစ် ထည့်သွင်းသင့်ပါတယ်။ အနက်ရောင် Balloons တွေက ပါတီရဲ့အသွင်အပြင်ကို ပိုကြွသွားစေမှာ အသေအချာပါပဲ။ အနက်ရောင်သီးသန့် Balloons တွေကို သုံးလို့ရသလို မွေးနေ့ပါတီလို ပွဲမျိုးအတွက်တော့ ရွှေရောင် Balloons တွေကို ရောစပ်သုံးတာ ပိုပြီး ဆွဲဆောင်မှုရှိစေပါတယ်။

(၃) Black ပါတီ ဖက်ရှင်

Photo : A Subtle Revelry

ပါတီ Dress Code ကိုတော့ သေချာပါတယ် အနက်ရောင်ပဲ ဖြစ်ရမှာပေါ့။ ခေါင်းအစခြေအဆုံး All Black ဖက်ရှင်တွေ ဝတ်နိုင်သလို အနက်ရောင် အဝတ်အစား ၊ ဖက်ရှင်အသုံးအဆောင်နဲ့ ဖိနပ်တွေကိုလည်း Black ကာလာ ဝတ်ဆင်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ပါတီက တကယ့်ကို လူငယ်ဆန်ပြီး အထာကျတဲ့ Black Theme ပါတီပွဲ တစ်ခု ဖြစ်ပြီပေါ့။

(၄) Black ပါတီ အစားအသောက်

Photo : Parties Made Personal

ပါတီမှာ တည့်ခင်းဧည့်ခံမယ့် အစားအသောက်တွေကိုလည်း ပါတီဆောင်ပုဒ်နဲ့အညီ ပြင်ဆင်ရမှာပဲ မဟုတ်လား။ ပုံမှန်ပါတီတွေမှာ ဧည့်ခံနေကျဖြစ်တဲ့ အသားကင်နဲ့ Sausages တွေလို အစားအစာတွေအစား Black Theme ပါတီနဲ့ ပိုပြီး အပ်စပ်မှုရှိမယ့် ဆူရှီ ၊ အနက်ရောင် Burgers ၊ Black ခေါက်ဆွဲ ၊ ချောကလက်ကိတ် နဲ့ Black Rice စတာတွေကို တည့်ခင်းနိုင်ပါတယ်။ သောက်စရာတွေ ထဲမှာတော့ Black ကော်ဖီ ၊ အနက်ရောင် စပျစ်သီးဖျော်ရည် ၊ Blackberry Cocktail တွေနဲ့ တခြား အနက်ရောင်ကို ကိုယ်စားပြုတဲ့ Drinks တွေ ထည့်သွင်းနိုင်ပါတယ်။ အဆာပြေစားဖို့ Oreo လို အနက်ရောင် ကွတ်ကီးတွေ ၊ အနက်ရောင် သကြားလုံးလေးတွေလည်း ပြင်ဆင်ထားပေးပါ။

Black Theme ပါတီ ပွဲ တွေဟာ Halloween နဲ့သာ သက်ဆိုင်တာမဟုတ်ပဲ ကွီးတို့ ဘော်ဒါတွေနဲ့ အချိန်ရာသီမရွေး ကျင်းပနိုင်မယ့် ပါတီအိုင်ဒီယာတစ်ခုပဲ ဖြစ်ပါတယ်။ Black Friday ပါတီ ၊ Blackjack ပါတီ ၊ Goth ပါတီနဲ့ Black Tie ပါတီ စတဲ့ ပါတီ Themes လေးတွေကိုလည်း ပြင်ဆင်ကျင်းပလို့ ရပါတယ်။

Featured Photo : Parties Made Personal