ရုံးနဲ့ အိမ်၊ အိမ်နဲ့ ရုံးချည်းပဲ လုံးလည်ချာလည် လိုက်နေမယ်ဆိုရင်တော့ ဘဝကြီးက ပျင်းရိငြီးငွေ့စရာ ဖြစ်သွားပါလိမ့်မယ်။ ဘဝကြီးက အဖြူနဲ့ အမဲချည်းပဲဆိုရင် စိတ်ညစ်စရာကောင်းတာမို့​ အရောင်စုံ လင်သွားဖို့ဆိုရင် ပျော်စရာကောင်းတဲ့ ပါတီပွဲ များကို လက်မလွတ်သင့်ပါဘူး။

ဘယ်လိုပါတီပွဲမျိုးတွေက ကွီးတို့ရဲ့ ဘဝကြီးကို အဖြူ အမဲဇုန်ထဲကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ထင်ပါသလဲ။

ကလပ်မှာ ကျင်းပလေ့ရှိတဲ့ ပါတီပွဲများ

club party

Nightlife တွေသည် တဖြည်းဖြည်း အသက်ဝင်လာသည်နှင့်အမျှ ကလပ်များ၊ ဘားများသည်လည်း တစ်စထက် တစ်စ ပိုမိုများပြားလားပါတယ်။ အပျော်အပါး ခုံမင်ကြတဲ့ လူငယ်များ စုဝေးရာ အရပ်ဖြစ်တဲ့ ကလပ်များ၊ ဘားများမှာ ပါတီပွဲများ ကျင်းပတဲ့အခါ မလွတ်တမ်း သွားသင့်ပါတယ်။ ဘဝဆိုတာ တိုတောင်းလှပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝမှာ လူဖြစ်ရကျိုးနပ်ချင်တယ်ဆိုရင်တော့ ကလပ်တွေ၊ ဘားတွေမှာ ကျင်းပတဲ့ ပါတီပွဲများကိုလည်း တစ်ခါတစ်ခေါက်လောက်တော့ အရောက်သွားသင့်ပါတယ်။

အိမ်တွင်း ပါတီပွဲများ

home party

ဘယ်ဘော်ဒါရဲ့ အိမ်မှာ ဘယ်လိုပါတီပွဲမျိုး ရှိသလဲဆိုတာ နားစွင့်ထားပါ။ မွေးနေ့ပါတီပွဲများလား၊ နှစ်ကူးပါတီပွဲဖြစ်မလား၊ ဒါမှမဟုတ် ဂုဏ်ပြုပါတီပွဲဖြစ်မလား၊ ကိုယ့်ကို ဖိတ်ထားတဲ့ အိမ်တွင်း ပါတီပွဲတွေရှိရင် မပျက်မကွက်နဲ့ သွားရောက်သင့်ပါတယ်။ ဒါ့အပြင် မွေးနေ့ပါတီပွဲဆိုရင် မွေးနေ့လက်ဆောင်ပစ္စည်းတစ်မျိုး ဝယ်သွားဖို့ မမေ့ပါနဲ့။

ဒင်နာပါတီပွဲများ

အရောင်စုံ ပါတီပွဲ

ဒင်နာပါတီပွဲများသည်လည်း လူငယ်မဆန်ပေမယ့် တခမ်းတနားနဲ့ ပျော်ဖို့ကောင်းတဲ့ ပါတီပွဲတစ်မျိုးပဲ ဖြစ်ပါတယ်။ ပါတီပွဲကို ပိုအသက်ဝင်အောင် ပါတီဂိမ်းများဖြင့် ဆော့ကစားမယ်ဆိုရင်တော့ ပိုပြီး ပျော်ဖို့ကောင်းမှာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ ဒီအချက်သည်လည်း ပါတီ Host ပြုလုပ်သူနှင့်သာ သက်ဆိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပါတီပွဲကျင်းပသူကို သေချာစည်းရုံထားဖို့တော့ လိုပါလိမ့်မယ်။

ရုံးတွင်း Staff ပါတီပွဲများ

အရောင်စုံ ပါတီပွဲ

ရုံးတွင်းပါတီပွဲများကတော့ ရုံးမှာ အထိမ်းအမှတ်တစ်ခုခု ရှိတဲ့အချိန်၊ နှစ်ပတ်လည်နေ့များ ကျင်းပချင်တဲ့အချိန်မျိုးမှာ ပါတီပွဲကျင်းပလေ့ရှိကြပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့်အတူတူ ရင်းနှီးခင်မင်မှုများ ဖလှယ်ချင်တယ်ဆိုရင်တော့ ရုံးတွင်းပါတီပွဲများကိုလည်း လက်လွတ်မခံသင့်ပါဘူး။

နိုင်ငံတကာရှိ ပါတီပွဲများ

အရောင်စုံ ပါတီပွဲ

နိုင်ငံနှင့်အဝှမ်းမှာလည်း နိုင်ငံအလိုက် ပွဲတော်များ၊ ပါတီပွဲများ ကျင်းပလေ့ရှိကြပါတယ်။ ကွီးတို့အနေနဲ့ နိုင်ငံတစ်နိုင်ငံသို့ သွားရောက်လည်ပတ်ချိန်နဲ့ ကြုံကြိုက်တဲ့အခါမျိုးမှာ ပါတီပွဲများကို တစ်ပါတည်း ကျင်းပသင့်ပါတယ်။ ဒါဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ ယဥ်ကျေးမှုများ၊ ရိုးရာဓလေ့များကို တစ်ခါတည်း လေ့လာသင်ယူပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကွီးတို့ရဲ့ ဘဝ အရောင်စုံ လင်ဖို့ဆိုရင်တော့ ဒီလိုမျိုး ပါတီပွဲ များဆီသို့ တစ်ခါတစ်ခေါက်မက သွားရောက်သင့်တာတော့ အမှန်ပါပဲ။

Source: Vickyflipfloptravels

Featured Image: Freepik