TGIF ဆိုတာ ဒီဘက်ခေတ်လူငယ်တွေနဲ့ ရင်းနှီးပြီးသားစကားလုံးလေးတစ်ခုဆိုရင် မမှားနိုင်ပါဘူး။ TGIF ကို “Thank God it’s Friday” လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပြီး တစ်ပတ်လုံး ရုံးတွေ ကျောင်းတွေနဲ့ ခေါင်းရှုပ်ခဲ့သမျှကို သောကြာနေ့မှာ အတိုးချအနားယူရင်း Weekend ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြ အလေ့အထတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် TGIF ဖြတ်သန်းပုံခြင်းတော့ တူကြမှာမဟုတ်ပါဘူး။ တစ်ချို့က မိသားစုနဲ့အတူတူပျော်ရွှင်စွာ ညစာစားရင်း ဖြတ်သန်းကြသလို တစ်ချို့ကလည်း အိမ်မှာပဲ ကော်ဖီလေးတစ်ခွက် စာအုပ်လေးတစ်အုပ်နဲ့ အနားယူအပန်းဖြေရတာကို သဘောကျကြသူတွေလည်းရှိပါတယ်။

များသောအားဖြင့် လူငယ်တွေကတော့ သောကြာနေ့ ညနေခင်းတွေမှာ ဘော်ဒါတွေနဲ့ တွေ့ဆုံပြီး သောက်ကြစားကြ စကားတွေပြောကြရင်း စိတ်အပန်းဖြေတက်ကြပါတယ်။ ပါတီတွေ ဘားတွေ ကလပ်တွေသွားရောက် အပန်းဖြေခြင်းက လူငယ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ TGIF ဖြတ်သန်းနည်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိ Covid – 19 ကာလမှာတော့ ပျော်ပွဲရွှင်ပွဲတွေလည်း မရှိသလောက်နည်းသွားပြီဆိုတော့ TGIF နေ့ရက်တွေကလည်း ပျင်းစရာကောင်းနေတာတော့ အမှန်ပါပဲ။ ရောဂါတွေဖြစ်နေချိန်မှာ ပျော်ပွဲရွှင်ပွဲတွေထက် ကျန်းမာရေးက ပိုအရေးကြီးတယ်မဟုတ်လား။

အခုလို အကြပ်အတည်းကာလမှာ ပျင်းနေကြတဲ့ ညီအစ်ကိုတို့အတွက် Covid – 19 ရန်လည်းကြောက်စရာမလိုပဲ သောကြာနေ့ညနေတိုင်းမှာ ပျော်ပျော်ရွှင်ရွှင် TGIF လုပ်နိုင်မယ့် အစီအစဉ်လေးတစ်ခုကို Grand Royal Smooth ကနေ ယူဆောင်လာခဲ့ပါပြီ။ ပျော်ပွဲရွှင်ပွဲတွေနဲ့ အဆက်ပြတ်နေတဲ့ Smooth ညီကိုတို့အတွက် ရှိးပွဲတစ်ပွဲကို VIP တန်းက ကြည့်ရသလိုခံစားရစေဖို့ Grand Royal Smooth မှ Smooth On Stage ဆိုတဲ့ Acoustic Live Show အစီအစဉ်လေးကို တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဒီ Live Show အစီအစဉ်လေးက သောကြာနေ့ညတိုင်းရှိနေမှာဖြစ်ပြီး တင်ဇာမော်၊ ဖြူဖြူကျော်သိမ်း၊ နီနီခင်ဇော်၊ ဝေလ၊ အောင်ထက်တို့အပြင် နာမည်ကြီးအဆိုတော်များစွာနဲ့ အတူဖျော်ဖြေတင်ဆက်ပေးမှာဆိုတော့ တကယ်ကိုပျော်စရာကြီးပါ။

Live အတွင်းမှာလည်း အဆိုတော်တွေနဲ့ ကောမန့်ကနေတစ်ဆင့် ပျော်ပျော်ရွှင်ရွှင် ပြန်အလှန်စကားတွေပြောကြရင်း ကိုယ်ကြိုက်တဲ့သီချင်းတွေလည်း တောင်းဆိုသွားလို့ရသေးတာဆိုတော့ ကိုယ်တိုင်နားထောင်ချင်လို့ဖြစ်စေ ဒါမှမဟုတ်လည်း နားထောင်စေချင်တဲ့ သက်ဆိုင်သူအတွက်ဖြစ်စေ သီချင်းလေးတွေတောင်းဆိုသွားလို့ရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး နောက်ထပ်ထူးခြားတဲ့ အစီအစဉ်တစ်ခုအနေနဲ့ ညီအစ်ကိုတို့အတွက် အဆိုတော်ကြေညာထားတဲ့ Post အောက်မှာ Mention အများဆုံးခေါ်ဆိုထားတဲ့သူတွေကို ရွေးချယ်ပြီးတော့ ပထမဆု JBL Speaker၊ ဒုတိယဆု Apple Air Pods 2၊ တတိယဆုအနေနဲ့ Remax Headphones တို့ကိုပေးအပ်သွားမယ့်အပြင် Live အစမှာ ဖျော်ဖြေခဲ့ပြီးသွားတဲ့ အဆိုတော်တွေနဲ့ ပတ်သက်ပြီးမေးခွန်းလေးတွေမေးမြန်းပြီးတော့ အမြန်ဆုံးနဲ့ အမှန်ဆုံးဖြေဆိုနိုင်တဲ့သူတွေကို ဖုန်းဘေလ်လက်ဆောင်ပေးသွားမှာဖြစ်လို့ တကယ့်ကို ပျော်ရွှင်စရာ သောကြာနေ့လေးဖြစ်မှာ သေချာပါတယ်။

Smooth ညီအစ်ကိုတို့အတွက် Smooth On Stage Live အစီအစဉ်ကို သောကြာနေ့ညတိုင်း (၇) နာရီခွဲအချိန်မှာ Grand Royal Smooth Whisky Facebook Page ကနေ Live လွင့်ပေးသွားမှာဖြစ်ပြီး Mention ခေါ်ပြီး ဆုတွေကံထူးနိုင်မယ့် အစီအစဉ်ကို တနင်္လာနေ့တိုင်းမှာ အဆိုတော်ကို ကြေညာပေးရင်းနဲ့ တင်ပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားဖွယ်ရာ အစီအစဉ်တွေလည်းရှိသေးတာကြောင့် Grand Royal Smooth Whisky ဆိုတဲ့ Facebook Page Like & See First လုပ်ထားဖို့တော့လိုမယ်နော်။ ကဲဒါဆို ခြောက်ကပ်နေတဲ့ TGIF နေ့ရက်တွေကို Grand Royal Smooth တစ်ခွက်နဲ့ Smooth On Stage အစီအစဉ်မှာ သီချင်းတွေနားထောင်ရင်း သောကြာနေ့တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းလိုက်ရအောင်။