သင့်သူငယ်ချင်းအတွက် မွေးနေ့ပွဲများ ကျင်းပပေးချင်လို့ပဲဖြစ်ဖြစ် သင့်မွေးနေ့ပွဲအတွက် ပါတီပွဲများ ကျင်းပပေးချင်လို့ပဲဖြစ်ဖြစ် အမှတ်တရဖြစ်စေမယ့် မွေးနေ့ပွဲမျိုးကို ကျင်းပပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာ ကျင်းပရတဲ့ မွေးနေ့ပွဲဖြစ်တဲ့အတွက်ကြောင့် သင့်ပါတီပွဲသည် သာမန်ပွဲမျိုးနဲ့ တူမနေသင့်ပါဘူး။

သင့်အနေနဲ့ အမှတ်တရဖြစ်စေမယ့် ပါတီပွဲမျိုးကို ဘယ်လိုပြင်ဆင်သင့်သလဲဆိုတာကို စဉ်းစားရကြပ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပါတီအမျိုးအစားများကို လေ့လာကာ မိမိစိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။

ဘီယာပါတီ

beer party for men

အဖျော်ယမကာများ၊ ဘီယာများဖြင့် DIY Bar ပုံစံလေးကို ကိုယ့်အိမ်မှာ ပြင်ဆင်ပြီး သူငယ်ချင်းများနှင့် တပျော်တပါးကြီး မွေးနေ့ပွဲ ကျင်းပလိုက်ပါ။

ဘူဖေးပါတီ

burger party for men

ဘာဂါများ၊ ဒိုးနတ်များ၊ အာလူးကြော်များ စတဲ့ မုန့်ပဲသရေစာများ စိတ်ကြိုက်ဝယ်ထားကာ Burger Bar ပုံသဏ္ဍာန် ဖန်တီးလိုက်ပါ။

သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများနဲ့ Camp ထွက်ရင်း မွေးနေ့ပွဲကျင်းပပါ

camping party for men

Camp ထွက်တာက ပျော်ဖို့ကောင်းပြီး စိတ်အပန်းလည်း ပြေစေပါတယ်။ Camp ထွက်ရင်း မွေးနေ့ပွဲကျင်းပကာ ညဘက်မှာလည်း မီးပုံပွဲလေး ကျင်းပနိုင်ပါသေးတယ်။ ညဘက်ကောင်းကင်ယံတွင်လည်း ကြယ်ရောင်စုံများကို ရှုစားနိုင်ပါသေးတယ်။

ဂိမ်းမျိုးစုံနှင့် ဘီယာပါတီ

board game party for men

ဘီယာသောက်ရင်း ပျင်းလာတဲ့အခါ ဂိမ်းများ ဆော့ကစားလိုက်ပါ။ အချိန်ကုန်မြန်လွန်းလို့တောင် အချိန်ကို ရပ်တန့်ပစ်ချင်စိတ်များ ပေါက်လာပါလိမ့်မယ်။

တစ်ယောက်တည်း ခရီးထွက်ပါ

travel alone on your birthday

သင့်ဘဝမှာ တစ်ခါမှ တစ်ယောက်တည်း ခရီးမသွားဖူးရင် အခုကျရောက်လာမယ့်မွေးနေ့မှာ တစ်ယောက်တည်း ခရီးသွားကြည့်လိုက်ပါ။ နေ့ချင်းပြန်ခရီးပဲဖြစ်ဖြစ် ညအိပ်ခရီးပဲဖြစ်ဖြစ်ပေါ့။ တစ်ယောက်တည်းခရီးသွားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ့်လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ခေါင်မိုးထပ်မှာ ပါတီပွဲကျင်းပပါ

roof top party for men

ကိုယ့်ရဲ့အရင်းနှီးဆုံး သူငယ်ချင်းအချို့နဲ့ပဲ ပါတီပွဲအသေးစား ကျင်းပချင်တယ်ဆိုရင်တော့ ခေါင်းမိုးထပ်က အသင့်တော်ဆုံးပါပဲ။ ခေါင်မိုးထပ်ဖြစ်တဲ့အတွက်ကြောင့် မနက်ပိုင်းမှာ ကျင်းပမယ့်အစား ညနေ နေအေးချိန် (သို့) ညပိုင်းအချိန်တွေကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ အများသူငါ အိပ်စက်အနားယူချိန်မှာ သင့်ရဲ့ပါတီပွဲက ဆူညံ့မနေဖို့တော့ လိုပါတယ်။

Source: Thebottomsupblog.com