ပါတီပွဲအမျိုးအစား အများအပြားရှိတဲ့အနက် ကမ်းခြေ ပါတီပွဲ သည်လည်း ပျော်ရွှင်စရာကောင်းတဲ့ ပါတီပွဲတစ်ခုဖြစ်ပါတယ်။ ကမ်းခြေ သို့ အလည်အပတ်သွားဖြစ်တဲ့အခါ အမှတ်တရဖြစ်စေမယ့် ပါတီပွဲ တစ်ခု ဆင်နွှဲသင့်ပါတယ်။ ဒါမှ ခရီးသွားတုန်း ပါတီပွဲကျင်းပရတဲ့အရသာက ဘယ်လိုမျိုးလဲဆိုတာကို သိရှိနားလည်ကာ စွဲလမ်းသွားမှာပဲဖြစ်ပါတယ်။

ကမ်းခြေ သို့ ရောက်တုန်းရောက်ခိုက် ပျော်ရွှင်ဖွယ်ကောင်းပြီး တစ်သက်လုံး အမှတ်ရစေမယ့် ပါတီပွဲ တစ်ခုကို ဘယ်လိုဖန်တီးကြမလဲ။

ပြီးပြည့်စုံပြီး လှပတဲ့နေရာတစ်ခုကို ရှာဖွေပါ

beach party

Photo: Greenvelope

ကမ်းခြေတစ်ခုလုံးက လှပတယ်ဆိုပေမယ့် အပြီးပြည့်စုံဆုံးသောနေရာ၊ အလှပဆုံးသော နေရာတစ်ခုကို ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် လူသွားလူလာနည်းပြီး ပါတီ ဆင်နွှဲလို့ရမယ့်နေရာလေးဖြစ်ဖို့ လိုအပ်ပါတယ်။

များသောအားဖြင့် လူပျို အပျိုည ပါတီပွဲ ဆင်နွှဲချင်ကြသူများ (သို့) မင်္ဂလာ ဧည့်ခံပွဲ တည်ခင်းဧည့်ခံပြီးတဲ့နောက်မှာ ပါတီပွဲအဖြစ် ဆင်နွှဲချင်ကြသူများသည် အခုလိုမျိုး ကမ်းခြေ မှာ ပါတီပွဲ တစ်ခု ကျင်းပလေ့ရှိကြပါတယ်။

ကမ်းခြေ ပါတီပွဲနဲ့ လိုက်ဖက်မယ့် Theme တစ်ခု ရွေးချယ်ပါ

beach party

Photo: Pinterest

ဘယ်ရည်ရွယ်ချက်ကြောင့် ပါတီပွဲဆင်နွှဲချင်သလဲဆိုတာကို အရင်ဦးဆုံး မေးခွန်းထုတ်ပါ။ ဘော်ဒါအချင်းချင်း ပျော်ကြမယ့် ပါတီပွဲလား၊ မင်္ဂလာဆောင်အတွက် ဒင်နာပါတီ သဘောမျိုးလား စသည်ဖြင့် သိရှိထားဖို့လိုအပ်ပါတယ်။ ဒါမှသာ သူနဲ့ လိုက်ဖက်တဲ့ Theme အမျိုးအစား၊ Decoration အပြင်အဆင်များကို လိုက်လံပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဧည့်သည်များကို ဖိတ်ကြားပါ

ကမ်းခြေ ပါတီပွဲ

ကမ်းခြေမှာ လာရောက်တည်းခိုကြတဲ့ သူစိမ်းဧည့်သည်တွေအကုန်လုံးကို ဖိတ်ကြားမှာလား။ ဒါမှမဟုတ် ကိုယ့်အသိတွေချည်းပဲ လာရောက်ကြမှာလား။ ဧည့်သည်တွေ ဖိတ်တဲ့အခါမှာ လှပတဲ့ ဖိတ်စာတွေနဲ့ ဖိတ်ကြားနိုင်သလို ဖိတ်စာရိုက်တာ ဖိတ်စာဝေတာတွေနဲ့ အလုပ်ရှုပ်မခံချင်ဘူးဆိုရင်တော့ အွန်လိုင်းပေါ်ကနေ ဖိတ်ကြားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ယခုနောက်ပိုင်းမှာ ပါတီပွဲတွေ ဖိတ်ကြားတဲ့အခါ အွန်လိုင်းကနေဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ ဖိတ်ကြားကြတာများပါတယ်။

ထိုနေရာနှင့် လိုက်ဖက်မယ့် အစားအစာများ ဖျော်ရည်များ ပြင်ဆင်ထားပါ

ကမ်းခြေ ပါတီပွဲ

Photo: Foodandwine

ကမ်းခြေဆိုတော့ ပင်လယ်စာကတော့ အဓိကမပါမဖြစ်ပါဘဲ။ ပင်လယ်စာအပြင်၊ အခြားသော အကင်များ၊ အမြည်းများ၊ အချိုပွဲများအပြင် ကော့တေး၊ ဘီယာ၊ ဝီစကီ၊ ဝိုင် စသည်ဖြင့် အမျိုးအစား စုံစုံလင်လင် ပြင်ဆင်ထားတဲ့အခါ ပါတီပွဲလာရောက်သူတွေအနေနဲ့လည်း သူတို့ ကြိုက်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

Beach ဂိမ်းများ ဆော့ကစားပါ

ကမ်းခြေ ပါတီပွဲ

Photo: Road Affair

ကမ်းခြေပေါ်မှာပဲ ဘောလီဘောကစားကြမလား။ ကြက်တောင်ရိုက်ကြမလား စသည်ဖြင့် ဆော့ကစားနိုင်သလို ညနေခင်းအချိန်မှာ မီးပုံလေး ပြုလုပ်ပြီး မီးပုံနားမှာ ပတ်ပတ်လည် ဝိုင်းထိုင်ကြကာ သီချင်းဆို၊ ဂီတာတီး၊ ကခုန်ခြင်း အစရှိတဲ့ Activities မျိုးစုံကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါသေးတယ်။ ဂိမ်းတွေကတော့ ကိုယ် ဉာဏ်ကွန့်ရင် ကွန့်သလောက် အိုင်ဒီယာမျိုးစုံ ထွက်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းကောင်းလေးတွေကို သိထားပြီဆိုတော့ ကွီးတို့လည်း ကမ်းခြေ ပါတီပွဲဆင်နွှဲချင်တဲ့အခါ အသက်ဝင်ပြီး ပျော်စရာကောင်းအောင် ဘယ်လိုဆင်နွှဲကြမလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

Source: Greenvelope

Featured Image: Freepik