ဘော်ဒါတွေနဲ့ အားလပ်ရက်မှာ ပျော်ပျော်ပါးပါး ဒွန့်လို့ရမယ့် Dance ပါတီပွဲ တစ်ခုကျင်းပတော့မယ်ဆိုရင် အဓိက ဘာတွေပြင်ဆင်ရမလဲ ၊ ဘာတွေလိုအပ်သလဲဆိုတာ ကွီးတို့ကို ဒီဆောင်းပါးလေးကနေ တဆင့်ပြောပြပေးချင်ပါတယ်။

(၁) ပါတီ Theme တစ်ခု ရွေးချယ်ပါ

Photo : Peerspace

Dance ပါတီပွဲ တစ်ခုကျင်းပတော့မယ်ဆိုရင် အရင်ဆုံး ပါတီ Theme တစ်ခု ရွေးချယ်သတ်မှတ်ဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက ရေပန်းစားခဲ့တဲ့ ခေတ်ဟောင်းပုံစံ ပါတီ Theme ပြင်ဆင်မလား ၊ ကွီးတို့အကြိုက်ဆုံး Artist တစ်ယောက်ယောက်ကို ကိုယ်စားပြုတဲ့ ပါတီ Theme လေးပဲ ပြင်ဆင်မလား (ဥပမာ Britney Night , Beyonce Night) ဒါမှမဟုတ် Step Up ၊ Dirty Dancing ၊ Footloose နဲ့ Saturday Night Fever တို့လို ရုပ်ရှင်တွေထဲက ပုံစံလေး ပြင်ဆင်မလား စသည်ဖြင့် ရွေးချယ်နိုင်ပါတယ်။

(၂) မီးတွေ အလှဆင်ပါ

Photo : Peerspace

Dance ပါတီပွဲ ဆိုတဲ့အတိုင်း ကာလာစုံတဲ့ မီးရောင်တွေကတော့ မပါမဖြစ် အလှဆင်ဖို့ လိုပါတယ်။ Disco ဘောလုံးတွေ ၊ ရောင်စုံမီးတွေနဲ့ နီယွန်မီးတွေက Dance ပါတီလေးကို ခမ်းခမ်းနားနားနဲ့ လှပသွားစေဖို့ အများကြီး ကူညီပေးနိုင်သလို ကွီးတို့ရွေးချယ်ထားတဲ့ ပါတီကျင်းပမယ့် အခန်းလေးကို ပျော်ရွှင်စရာ Nightclub တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) Professional DJ ငှားပါ

ပါတီပွဲ

Photo : Peerspace

Music မပါပဲ Dance ပါတီပွဲ ကျင်းပလို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အဓိက ပျော်ပျော်ပါးပါး ကခုန်ကြမယ့် အဒွန့်တလိုင်းပါတီဖြစ်တဲ့အတွက် Spotify Playlist အစား Professional DJ တစ်ယောက် ငှားရမ်းတာက ပိုပြီး ကောင်းပါတယ်။ Professional DJ ကပဲ Dance ပါတီနဲ့အလိုက်ဖက်ဆုံး Music တွေကို အချိတ်အဆက်မိမိ တင်ဆက်နိုင်မှာ ဖြစ်ပါတယ်။

(၄) Open Bar တစ်ခုထည့်ပါ

ပါတီပွဲ

Photo : Peerspace

Dance ပါတီပွဲ မှာ Non-Stop ဒွန့်နိုင်ဖို့အတွက် Alcohol က အကောင်းဆုံး လောင်စာပါပဲ။ ဒါကြောင့် ပါတီမှာ အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ် သောက်နိုင်ဖို့ အသေးစား Bar တစ်ခု ထည့်သွင်းစီစဉ်ပါ။ ပါတီစီစဉ်သူတွေကိုယ်တိုင် လက်စွမ်းပြဖျော်စပ်နိုင်သလို ကျွမ်းကျင်တဲ့ Bartender တစ်ဦးငှားရမ်းပြီးလည်း အရသာရှိတဲ့ အသောက်စရာ Drinks တွေကို ဖျော်စပ်ခိုင်းလို့ ရပါတယ်။

ပါတီပွဲ

Photo : Peerspace

Bonus အနေနဲ့ ကွီးတို့ရဲ့ Dance ပါတီပွဲ လေးကို အလုံပိတ်အခန်းထဲမှာ ကျင်းပရတာ မကြိုက်ဘူးဆိုရင် ကြယ်တွေတိမ်တွေအောက် လတ်ဆတ်တဲ့လေနုအေးလေးကို ခံစားရင်း ဒွန်းလို့ရမယ့် Rooftop နေရာလေးက ပါတီကျင်းပဖို့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ Rooftop မှာ မြို့ပြရဲ့ညရှုခင်းအလှကို ခံစားရင်း မှော်ဆန်တဲ့ လရောင်အောက် အမုန်းဒွန့်လို့ရပြီပေါ့ဗျာ။

Featured Photo : 34th Street Magazine