ကိုယ်ချစ်တဲ့သူနဲ့ တစ်အိုးတစ်အိမ် ထူထောင်တော့မယ်ဆိုတာက ပျော်ရွှင်ကြည်နူးစရာကောင်းသလို တစ်ဖက်မှာလည်း ကွီးတို့ရဲ့ လူပျိုဘဝသည် မကြာခင်မှာပဲ အဆုံးသတ်တော့မှာဆိုတော့ ဝမ်းနည်းသလိုလို ခံစားရကောင်း ခံစားရပါလိမ့်မယ်။ ဒီလိုမျိုး ဝမ်းနည်း ဝမ်းသာ ရောပြွမ်းနေတဲ့ ခံစားချက်ကြီးကို ဖျောက်ဖျက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကို အသုံးပြုသင့်ပါတယ်။ ထိုနည်းလမ်းကတော့ ကွီးတို့ရဲ့ နောက်ဆုံးသော လူပျိုည ကို ဘော်ဒါများနှင့်အတူတူ ပျော်ပျော်ပါးပါး ဖြတ်သန်း ခြင်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းများဖြင့် ကွီးတို့ရဲ့ နောက်ဆုံးသော လူပျိုည ကို ပျော်ပျော်ပါးပါး မ ဖြတ်သန်း လိုက်ရဘူးဆိုရင်တော့ နောင်တအကြီးအကျယ်ရသွားပါလိမ့်မယ်။

ကွီးတို့ရဲ့ ဘော်ဒါတွေနဲ့အတူတူ လူပျိုညပါတီ ကျင်းပဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါ အဖြစ်သင့်ဆုံးအရာကတော့ အဓိကဇာတ်ဆောင်ကိုယ်တိုင် ပြင်ဆင်တာမျိုးမဟုတ်ဘဲ ကွီးတို့ရဲ့ ဘော်ဒါတွေက ပြင်ဆင်ပေးရင် အကောင်းဆုံးပါပဲ။ လူပျိုညပါတီဆိုတာ မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့် လူကို ဂုဏ်ပြုပေးတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့က ဘာမှမလုပ်ဘဲ အဆင်သင့်လေး ဝင်ဆင်နွှဲလိုက်ရုံပါပဲ။

ပါတီပွဲကို ဘယ်မှာ ကျင်းပမှာလဲ

လူပျိုည ဖြတ်သန်း

ပါတီပွဲ ပြုလုပ်ဖို့ စဥ်းစားပြီးပြီဆိုရင် ဘယ်နေရာမှာ ပါတီပွဲ ကျင်းပမလဲဆိုတာ စဥ်းစားရမှာပဲဖြစ်ပါတယ်။ ဘားနှင့် စားသောက်ဆိုင်မှာ ပါတီပွဲ ကျင်းပမှာလား။ ဒါမှမဟုတ် ခရီးထွက်ရင်း ပါတီပွဲ ဆင်နွှဲမလား အစရှိတဲ့ ပါတီကျင်းပမယ့် နေရာကို စဥ်းစားရမှာပဲဖြစ်ပါတယ်။

Camp ထွက်ရင်း ပါတီပွဲ ကျင်းပပါ

လူပျိုည ဖြတ်သန်း

Photo: Freepik

ခရီးထွက်ပြီး ပါတီပွဲ ကျင်းပချင်သူများအတွက် ဒီနည်းလမ်းကလည်း သင့်တော်ပါတယ်။ ဘော်ဒါတွေပဲစုရင်း ပျော်ပျော်ပါးပါး Camp ထွက်ကြတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Skydiving ၊ Bungee Jumping လိုမျိုး သာမန်အားကစားမျိုးမဟုတ်ဘဲ Extreme Sports လိုမျိုး အားကစားတွေကို စမ်းကြည့်သင့်ပါတယ်။ ဒါမှသာ ဘဝမှာ မှတ်မှတ်ရရ ထင်ကျန်ရစ်စေမယ့် အမှတ်တရမျိုး ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။

ဘယ်အချိန်မှာ ကျင်းပသင့်သလဲ

လူပျိုည ဖြတ်သန်း

Photo: Freepik

များသောအားဖြင့် လူပျိုည ပါတီကို မင်္ဂလာဆောင်ခါနီး ၄ လအလိုကနေ ၁ လအလို အချိန်မျိုးမှာ ကျင်းပလေ့ရှိကြပါတယ်။ ဒီလိုမျိုး ကျင်းပတဲ့အခါမှာလည်း ရက်ရှည်ရုံးပိတ်ရက်လိုအချိန်မျိုးနဲ့ ခရီးသွားရာသီအချိန်မျိုးကို ရှောင်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဟိုတယ်များ၊ လေယာဥ်စရိတ်များသည် ခရီးသွားရာသီတွင် ပုံမှန်အချိန်ထက် ဈေးတင်ထားကြလို့ပဲဖြစ်ပါတယ်။

ဘယ်သူတွေကို ပါတီပွဲဆီသို့ ဖိတ်ကြားသင့်သလဲ

man bachelor party

ဒီပါတီပွဲလေးသည် သတို့သားလောင်းရဲ့ ဘော်ဒါတွေ စီစဥ်ပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲစီစဥ်သူတွေအနေနဲ့ သတို့သားအရံတွေကိုလည်း ဖိတ်ကြားသင့်ပြီး သတို့သားလောင်းရဲ့ ယောက္ခမ၊ ယောက်ဖ၊ အဖေနှင့် အခြားသော ညီအစ်ကိုများကိုပါ ဖိတ်ကြားမယ်ဆိုရင်တော့ သူတို့လည်း ပျော်သွားမှာပဲဖြစ်ပါတယ်။

တစ်ချိန်ချိန်မှာ နောင်တရစေမယ့် အလုပ်မျိုး မလုပ်ပါနဲ့

man bachelor party

Photo: Freepik

သတို့သားလောင်းသည် မကြာခင်မှာ မင်္ဂလာဆောင်တော့မယ့်သူဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပါတီပွဲက သူ့ကို ချီးမြှောက်ဂုဏ်ပြုပေးတဲ့ပွဲလေးဖြစ်ပါတယ်။ ဒီလိုပါတီပွဲမှာ မဟုတ်တရုတ်တွေကို မြှောက်ပြီး သတို့သားလောင်းအား ပြုလုပ်ခိုင်းတာမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။ ဥပမာအားဖြင့် အခြားသော မိန်းကလေးတစ်ယောက်နှင့် တစ်ညတာ ပျော်ပါးဖို့ မြှောက်ပင့်ပြောဆိုတာမျိုး၊ အခြားသော အန္တရာယ်များသော အရာများ ပြုလုပ်ရန် တွန်းပို့တာမျိုးကို ရှောင်ကြဥ်ရပါမယ်။ သတို့သားလောင်းက ပျော်ပျော်ပါးပါးနဲ့ပဲ ပါတီပွဲမှာ အပီကဲနိုင်အောင်လို့ ထိန်းကျောင်းပေးရမှာက ဘော်ဒါကောင်းတွေရဲ့ လုပ်ရပ်ပဲမဟုတ်လား။

Source: Themanregistry

Featured Image: Freepik