မင်္ဂလာပါ ကွီးတို့ရေ။ ကွီးတို့အတွက် အရသာရှိတဲ့ စားသောက်ဆိုင်တွေ ထိုင်လို့ကောင်းတဲ့ ဘားလေးတွေကို အမြဲတင်တက်ပေးနေတဲ့ အစီအစဉ်လေးရောက်လို့ လာပြန်ပါပြီ။ ဒီနေ့မှာတော့ ကွီး တို့အတွက် ရန်ကုန်မြို့ထဲက ထိုင်လို့ကောင်းတဲ့ ဘား အမိုက်စားလေးတွေကို ထပ်မံဝေမျှပေးချင်ပါတယ်။
The Yard

Photo : The Yard
ပထမဆုံးဖော်ပြပေးချင်တဲ့ ထိုင်လို့ကောင်းတဲ့ ဘား အမိုက်စားလေးကတော့ The Yard ဆိုတဲ့ ဘားလေးပါ။ ဒီဘားလေးက ဖွင့်ထားတာ သိပ်မကြာသေးတဲ့ အသစ်စက်စက် ဖြစ်တဲ့အတွက် ထိုင်လို့ကောင်းတဲ့ ဘား အသစ်လေးတွေကို ရှာနေတဲ့ ကွီး တို့ အတွက် ရွေးချယ်စရာကောင်းတဲ့ ဘား လေးပါပဲ။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က တကယ်ကို ကျယ်ဝန်းပြီး လွတ်လွတ်လပ်လပ် ထိုင်လို့လည်းရသလို၊ မိုးလုံလေလုံ နေရာများလည်း ရှိပါတယ်။ ဒါ့အပြင် အေးအေးဆေးဆေး သီးသန့် ထိုင်ချင်သူများအတွက် VIP Air-Con ခန်းများလည်း ရှိပါသေးတယ်။

Photo : The Yard
ချစ်ရသူလေးနဲ့ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ အေးဆေးဆေးဆေး စကားပြောရင်း အပန်းဖြေစားသောက်နိုင်ဖို့ ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါပဲ။ ဒီဆိုင်လေးမှာ ဘီယာအေးအေးလေးနဲ့ လတ်ဆတ်တဲ့ BBQ တွေကိုလည်း သုံးဆောင်လို့ ရပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် (၂၃) ၊ ဘောက်ထော် ဘူတာလမ်း ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
The Cuban

Photo : The Cuban
မြို့ထဲဘက်မှာ ထိုင်ချင်တဲ့ ကွီးတို့အတွက် ၁၉ လမ်းက The Cuban ဆိုတဲ့ အမိုက်စား ဘားလေးရှိပါတယ်။ ဒီ ဘားလေးရဲ့ အပြင်အဆင်ကတော့ တကယ်ကို လူငယ်ဆန်တဲ့ အတွက် ကွီးတို့ အကြိုက်တွေ့မဲ့ ဘားလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Unplugged ကောင်းကောင်းလေးရှိတဲ့ ဘားမှာ TGIF ရင်း ဘော်ဒါတွေနဲ့ Chill ချင်ရင်တော့ ဒီဘားလေးကို ရွေးတာ တကယ်ကို စိတ်ကူးကောင်းပါပဲ။

Photo : The Cuban
ဒီဘားလေးမှာ Open Mic အစီအစဉ်လည်းရှိတာကြောင့် သီချင်းတွေနဲ့ မိုက်ခဲချင်တဲ့ ကွီးတို့အတွက် တကယ်ကို အကြိုက်တွေ့စေမှာပါ။ ဒီဘားလေးရဲ့ လိပ်စာကတော့ ၁၉ လမ်း ၊ အလယ်ဘလောက် ၊ China Town ၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Boho Bar

Photo : Boho Bar
လွတ်လွတ်လပ်လပ်နဲ့ Outdoor နေရာမျိုးကို ထိုင်ချင်တဲ့ ကွီးတို့အတွက် Boho Bar ဆိုတဲ့ ဘား အမိုက်စားလေးရှိပါတယ်။ ဒီ ဘားလေးရဲ့ အပြင်အဆင်အမိုက်စားလေးက ဓာတ်ပုံလှလှ ရိုက်ချင်တဲ့ ကွီးတို့ရဲ့ ချစ်သူလေးနဲ့ အတူတူထိုင်မယ်ဆိုရင် ရွေးချယ်လို့ကောင်းတဲ့ ဘားလေးပါပဲ။ ဒီဘားလေးက နှစ်ထပ်ရှိတဲ့အတွက် အောက်ထပ်မှာပဲ ဖြစ်ဖြစ်၊ အပေါ်မှာပဲ ဖြစ်ဖြစ် အေးဆေးထိုင်လို့ ရပါတယ်။

Photo : Boho Bar
ဒီဘားလေးမှာ အဖျော်ယမကာများအပြင် ရှယ် ကော့လ်တေးများနဲ့ အရသာရှိတဲ့ Menu တွေကို မြည်းစမ်းရင်း ကမ်းနားလမ်းရဲ့ အလှအပကို ခံစားလို့ရပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ ရန်ကုန်ညဈေးတန်း ၊ ကမ်းနားလမ်း ၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ နေ့လည် ၂ နာရီခွဲ ကနေ ည ၁၀ နာရီခွဲ အထိဖွင့်ပါတယ်။
Featured Photo : Boho Bar
