ပုရိသ တို့ရဲ့ ရွှေစိတ်တော်အစုံ လန်းဆန်း တက်ကြွသွားအောင် ဖန်တီးပေးမယ့် နေရာ လေးတွေ ရှိတယ်ဆိုရင် စိတ်ဝင်စားပါသလား။ ဘယ်လောက်ပဲ စိတ်ညစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါစေ၊ ဒီနေရာတွေကို ရောက်သွားတဲ့အခါ စိတ်ညစ်စရာဆိုတာ ပြတိုက်မှာ သွားကြည့်ရမယ့်အရာပါလားဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချက်ချင်းပဲ လေ့လာကြည့်လိုက်ရအောင်။

Woodland X Bar

ပုရိသ လန်းဆန်း နေရာ

Photo: Facebook

ဒီနေရာရဲ့ Highlight ကတော့ ဘော်ဒါတွေနဲ့အတူတူ ကခုန်ပျော်ပါးပြီး စိတ်ညစ်စရာများကို ဖြေဖျောက်ရမှာပဲ ဖြစ်ပါတယ်။ အကောင်းစား ဘီယာနှင့် ဝီစကီတို့အပြင် ရှီရှားတို့ကလည်း ကွီးတို့ကို အဖော်ပြုပေးပါလိမ့မယ်။ ကွီးတို့ ကခုန်ပျော်ပါးနိုင်အောင် ဖျော်ဖြေတင်ဆက်ပေးမယ့် DJ တွေကလည်း အများကြီးပဲမို့ ကွီးတို့ရဲ့ စိတ်ညစ်စရာများလည်း အဝေးသို့ လွှင့်စင်သွားမှာပဲ ဖြစ်ပါတယ်။

ဆိုင်လိပ်စာကတော့ အမှတ် (၆၆) ၊ ဝေဇယန္တာလမ်း၊ ရန်ကုန်မြို့မှာ တည်ရှိပြီး Table Reservation ယူချင်တယ်ဆိုရင်တော့ 09892347766 နှင့် 09980823801 တို့ကို ဆက်သွယ်နိုင်ပါတယ်။ ရန်ကုန်မြို့ရဲ့ Nightlife ကို အပီအပြင် ခံစားချင်တယ်ဆိုရင်တော့ Woodland X Bar က ကွီးတို့ကို ကြိုဆိုနေပါတယ်။

Chris Bar

ပုရိသ လန်းဆန်း နေရာ

Photo: Facebook

ပုရိသ တို့ရဲ့ ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည် လန်းဆန်း လာအောင် ဖန်တီးပေးမယ့် နောက်ထပ် နေရာ တစ်ခုကတော့ Chris Bar ပဲဖြစ်ပါတယ်။ သူ့ရဲ့ တည်နေရာကတော့ ပတ္တမြားလမ်း၊ မြေနီးကုန်း၊ စမ်းချောင်းမြို့နယ်မှာ ဖြစ်ပါတယ်။ (မြေနီကုန်း Spirit ဘေးလမ်းက ဝင်ရင် ပိုနီးပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ Table Reservation ယူချင်တယ်ဆိုရင်တော့ 09788009019 နှင့် 09794449459 ထံ ဆက်သွယ်နိုင်ပါတယ်။

ဘီယာချစ်သူများအတွက်လည်း သတင်းကောင်းရှိပါတယ်။ ထိုသတင်းကောင်းကတော့ ဖေဖော်ဝါရီလ တစ်လလုံး ဘီယာဘူဖေး ပရိုမိုးရှင်းလေးပဲ ဖြစ်ပါတယ်။ နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီအတွင်း Heineken လား Tiger လား ကြိုက်ရာ ကစ်နိုင်ပြီး ဈေးနှုန်းကလည်း ၁၃၀၀၀ ကျပ်သာ ကုန်ကျမှာဖြစ်ပါတယ်။ ဒီအစီအစဥ်လေးက ဒီတစ်လလုံး ရှိတာဆိုတော့ ဘီယာချစ်သူများလည်း ပြုံးပျော်နိုင်မှာပါ။

7Bar

7Bar

Photo: Facebook

နောက်ထပ် ဆိုင်ကောင်းကောင်းလေးတစ်ဆိုင်ကို ညွှန်းပေးချင်ပါသေးတယ်။ ဒီဆိုင်လေးကတော့ ဦးဝိစာရလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ Table Reservation ပြုလုပ်ချင်သူများအနေနဲ့ 09-250 967 336 ၊ 09-794 444 017 နှင့် 09- 794 444 019 တို့ထံ ဆက်သွယ်နိုင်ပါတယ်။

ကွီးတို့ကို စိတ်အပန်းပြေအောင် ဖျော်ဖြေတင်ဆက်ပေးမယ့် Band တွေကလည်း အဆင်သင့် စောင့်ကြိုနေပြီး ဝီစကီ ကြိုက်လား၊ ဘီယာ ကြိုက်သလား၊ ကော့တေးကို အာသီသဖြစ်နေပါသလား။ အမြည်းမှာဆိုရင်တော့ အကင်လား၊ အသုပ်လား၊ အသားဟင်းလား၊ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်မယ့် အခွင့်အရေးလည်း ရှိပါတယ်။

ပုရိသ တို့လည်း ရွေစိတ်တော်အစုံ မြန်မြန် ရွှင်လန်း သွားချင်တယ်ဆိုရင်တော့ ဒီ နေရာ များဆီသို့ အခုချက်ချင်းပဲ ချီတက်သင့်နေပြီနော်။

Featured Image: Sevenbarunpluged