လကုန်ရက် Pay Day ရောက်တိုင်း တက်ကြွတဲ့ ကြက်ဖကြီးတို့ကတော့ ရိုးရာမပျက် ဆိုင်ထိုင်ဖို့ Bar အလန်းစားတွေ ရှာဖွေနေကြမယ် ထင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့အတွက် ခံစားမှုအသစ် ၊ အတွေ့အကြုံအသစ်တွေပေးမယ့် နေရာအသစ်ဆီ ညွှန်းပေးချင်ပါတယ်။

(၁) Shambála

Bar

Photo : Shambála

ရေကူးကန်လေးဘေး သံစဉ်တွေနဲ့ Chill မယ်ဆို လေးထောင့်ကန်လမ်းပေါ်က Shambála (ရှမ်ဘဲလား) ဆိုတဲ့ ဆိုင်လေးရှိပါတယ်။ ဒီဆိုင်လေးက အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့ကတော့ တကယ်ကို အကြိုက်တွေ့စေမှာပါ။ ထူးထူးခြားခြားအနေနဲ့ သင်္ဘောသားတွေအတွက် ပရိုမိုးရှင်းအစီအစဉ်ရှိသလို နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီး ရှိပါသေးတယ်။ ဘာပုလင်းယူလာယူလာ Bottle Charges ကလည်း Free ဆိုတော့ လုံးဝအမိုက်စားပဲ။ Pay Day မှာ Unplugged Music တွေ ခံစားရင်း လွတ်လပ်မှုအပြည့်ရှိတဲ့ ပတ်ဝန်းကျင်လေးမှာ  အနားယူအပန်းဖြေချင်တယ်ဆိုရင် သင်္ဃန်းကျွန်းမြို့နယ် ၊ လေးထောင့်ကန်လမ်းပေါ် ၊ သုဝဏ္ဏဘောလုံးကွင်းနားမှာရှိတဲ့ Myanmar Sport Hotel ဝင်းထဲက Shambála Bar လေးကိုသာ အရောက်သွားလိုက်ပါ။

(၂) The Pier Rooftop Bar & Terrace

Bar

Photo : The Pier Rooftop Bar & Terrace

မြို့ပြရဲ့ မြင်ကွင်းအသစ် ၊ ဖီလင်အသစ် ၊ အတွေ့အကြုံအသစ်တွေ ခံစားနိုင်မယ့် Rooftop Bar အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးက လမ်းမတော်မြို့နယ်က The Pier Rooftop Bar & Terrace ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်ဖွင့်တာ ရက်ပိုင်းပဲရှိသေးတာမို့ လုံးဝအသစ်စက်စက် နေရာသစ်လေး တစ်ခုပါနော်။ ဆိုင်ဖွင့်ပွဲကာလ Opening Discount အနေနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အစားအသောက် Menu အားလုံး 15 % Discount ပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။  တစ်လလုံးပင်ပန်းခဲ့သမျှ Pay Day မှာ အရမ်းလှတဲ့ ရန်ကုန်မြို့ရဲ့မြင်ကွင်းနဲ့ အစားအသောက်ကောင်းတွေကို တွဲဖက်ခံစားနိုင်ဖို့ လမ်းမတော်မြို့နယ် ၊ အနော်ရထာလမ်းနဲ့ ၁လမ်းထောင့် ၊  The Rangoon Hotel အပေါ်ထပ်က The Pier Rooftop Bar & Terrace ဆိုင်လေးကို သွားရောက်ဖို့ ညွှန်းလိုက်ပါတယ်။

(၃) Flamingo Bar

Bar

Photo : Flamingo Bar

ဒီဆိုင်လေးကတော့ တောင်ဥက္ကလာ ၊ ဝေဇယန္တာလမ်းမကြီးပေါ်က အမိုက်စား Bar လေးပါ။ ဖွင့်တာလပိုင်းပဲ ရှိသေးတဲ့ Bar အသစ်လေးလည်း ဖြစ်ပါတယ်။ အရသာရှိတဲ့ အစားအသောက်ကောင်းတွေ ၊ အမိုက်စား Live Music ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ Open Space မှာ လွတ်လွတ်လပ်လပ် ၊ သက်တောင့်သက်သာ Chill ချင်တယ်ဆိုရင် Flamingo Bar လေးကို တစ်ခေါက်လောက် သွားရောက်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဆိုင်လိပ်စာလေးကတော့ အမှတ် ၂၇၆ A ၊ ဝေဇယန္တာလမ်းမကြီး ၊ Chiri – Japanesee စားသောက်ဆိုင် အပေါ်ဆုံးထပ် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

ကဲဒါဆို Pay Day မှာ ဆိုင်အတူတူထိုင်မယ့် တက်ကြွတဲ့ ကြက်ဖကြီးတွေကို မန့်ရှင်းခေါ်လိုက်ပါဦး။