စိတ်ညစ်စရာတွေသည် တစ်နေ့ကိုတစ်မျိုး မရိုးရအောင် ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိလာတတ်ကြပါတယ်။ စိတ်ဖိစီး စရာများကို အမြန်ဆုံး ဖယ်ရှားချင်တယ်ဆိုရင်တော့ စိတ်ဖိစီးမှု ကင်းမဲ့နယ်မြေမှာ မိုင်ကုန်ကဲ ပစ်ရမှာပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှု ကင်းမဲ့နယ်မြေဆိုတာက ဘယ်နားမှာ ရှိတာတုန်းခင်ဗျ။

အထူးတလည် ရှာနေစရာမလိုပါဘူး။ ကွီးတို့ အနီးအနားမှာပဲရှိပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အခုပဲ ဆက်ဖတ်ကြည့်လိုက်ပါ။

Zee Kwet Skybar

Zee Kwet Skybar

Photo: Facebook

ဒီနေရာလေးကတော့ 852D/852E, ရှုခင်းသာမြို့ပတ်လမ်း၊ Waterboom မျက်စောင်းထိုး၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲဖြစ်ပါတယ်။ Uptown ဟိုတယ်ရဲ့ အပေါ်ဆုံးထပ် Zee Kwet Roof Top မှာ တည်ရှိတာပဲဖြစ်ပါတယ်။

လတ်တလောမှာလည်း ချစ်သူများနေ့အတွက် ပရိုမိုးရှင်းလေးရှိပါတယ်။ ဒီပရိုမိုးရှင်းလေးကတော့ ၈.၂.၂၀၂၃ ကနေ ၁၄.၂.၂၀၂၃ အထိပဲဖြစ်ပါတယ်။ ပရိုမိုးရှင်းလေးမှာ ဘာတွေ ပါမလဲဆိုတော့ ဝိုင်ချစ်သူတွေအတွက် 19 Crimes ဝိုင်တစ်လုံး အားပေးတာနဲ့ Hip Flash လက်ဆောင်၊ Creamy Cheese လက်ဆောင်၊ အသီးလက်ဆောင်များ ပေးသွားမှာပဲဖြစ်ပါတယ်။ ဝိုင်တင် မဟုတ်ပါဘူး၊ ကြိုက်တဲ့ ပုလင်းဖောက်၊ ရေခဲ၊ ရေသန့်၊ ငါးမုန့်ကြော်တစ်ပွဲ လက်ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

Terminal5-Bar & Grill

စိတ်ဖိစီး မိုင်ကုန်ကဲ

Photo: Facebook

စိတ်ဖိစီး စရာများကို ဖယ်ရှားပေးပြီး မိုင်ကုန်ကဲ လို့ရမယ့် နောက်ထပ်နေရာတစ်ခုကတော့ စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။ အမှတ် ၁၇/F ၊ စမ်းချောင်းလမ်း၊ ပဒုမ္မာ အားကစားကွင်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့လည် ၁ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကွီးတို့ကြိုက်တဲ့ ဘီယာ၊ ဝီစကီ၊ ကော့တေးမျိုးစုံကို စိတ်ကြိုက် မှာသောက်နိုင်တဲ့အပြင် အာလူးချောင်းကြော်လား၊ ပင်လယ်စာလား၊ ကြက်သား၊ ဝက်သားလား၊ အရွက်ကြော်လည်း အမျိုးအစားစုံလင်တဲ့ အမြည်းများကိုလည်း စိတ်ကြိုက် မှာယူစားသုံးနိုင်ပါတယ်။​

Gravity Restaurant & Bar

စိတ်ဖိစီး မိုင်ကုန်ကဲ

Photo: Facebook

ဒီဆိုင်လေးကတော့ ပြီးခဲ့တဲ့ သောကြာနေ (၃.၂.၂၀၂၃) ကမှ နေရာအသစ်ပြောင်းပြီး Soft Opening အနေနဲ့ ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီခွဲမှ ည ၁၁ နာရီအထိ ဖြစ်ပါတယ်။ တည်နေရာကတော့ Star City နားက Gravity Bar & Restaurant Thanlyin မှာပဲ ဖြစ်ပါတယ်။ စိတ်ညစ်စရာများကို ဖြေဖျောက်ဖို့အတွက် ဘီယာလေး သောက်လိုက်၊ ဘာဘီကျူး အကင်လေး စားလိုက်ဖြင့် အေးဆေး Chill လို့ရတဲ့အပြင် အခြားသော မီနူးမျိုးစုံလည်း ရှိတဲ့အတွက်ကြောင့် ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ ဘားနှင့် စားသောက်ဆိုင်တွေထဲက ဘယ်နေရာကို အသွားချင်ဆုံးဖြစ်နေပါသလဲ။

Featured Image: Facebook