ဘော်ဒါတွေနဲ့ Chill ချင်လို့ ဖြစ်စေ၊ ချစ်သူလေးနဲ့ Date ချင်လို့ဖြစ်စေ အလန်းစား ဘား တွေမှ ထိုင်ချင်တဲ့ ဘီးကျဲ တို့ရှိပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဘီးကျဲတို့အတွက်ပါပဲ။

The Embassy Bar

အလန်းစား ဘား

Photo : The Embassy Bar

လွတ်လပ်မှု အရသာအပြည့်နဲ့ ကျယ်ကျယ်ဝန်းဝန်း Chill ချင်တဲ့ ဘီးကျဲတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ အလန်းစား ဘား‌လေးကတော့ The Embassy Bar ဆိုတဲ့ ဘားလေး ပဲဖြစ်ပါတယ်။ ဒီဘားလေးမှာ ဘော်ဒါတွေနဲ့ အေးအေးထိုင်ရင်း အဖျော်ယမကာလေး သောက်ပြီး စကားပြောကြမယ်၊ တစ်ပတ်တာ အမောတွေကို ဖြေဖျောက်ကြမယ်ဆိုရင် ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။

တေးဂီတ သံစဉ်လေးတွေ နားဆင်ချင်တဲ့ ကွီးတို့အတွက်လည်း ဒီ The Embassy Bar လေးမှာ နေ့တိုင်း ညနေ ၇ နာရီမှ ည ၁၀ နာရီထိ Live Music အစီအစဉ်လေးရှိတော့ တကယ်ကို အမိုက်စားပဲ‌ပေါ့။ အဖျော်ယမကာများအပြင် အစားအသောက် Menu တွေကလည် တကယ်ကို စုံလင်တာကြောင့် တစ်နေရာတည်းမှာ ရေမီးအစုံနဲ့ Chill လို့ရတာပေါ့။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၅၆)၊ ပြည်လမ်း၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

529 Bar

အလန်းစား ဘား

Photo : 529 Bar

ကွီးတို့အတွက် နောက်ထပ်ဖော်ပြချက်တဲ့ ဘားလေးကတော့ တောင်ဥက္ကလာမှာရှိတဲ့ 529 Bar လေးပါ။ ဘီးကျဲတို့ အကြိုက်တွေ့စေမဲ့ ဘားလေးဆိုလည်း မမှားပါဘူး။ ကွီးတို့ Vibe အလိုက် Indoor မှာပဲထိုင်ထိုင်၊ Outdoor မှာပဲ ထိုင်ထိုင်၊ စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။ အဖျော်ယမကာများနဲ့ စုံလင်ပြီး အရသာရှိလှတဲ့ အစားအသောက် Menu တွေအပြင် Signature ဟင်းပွဲတွေကလည်း မြည်းစမ်း ကြည့်ချင်စရာပါပဲ။

ဒီဘား‌လေးမှာ တေးသီချင်းတွေကို ကိုယ်တိုင် ဟဲချင်တဲ့ ညီအစ်ကိုတို့အတွက်လည်း အပတ်စဉ် အင်္ဂါနဲ့ ကြာသပတေးနေ့တိုင်း Open Mic အစီအစဉ်လေး ရှိပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၅၂၉)၊ မေတ္တာလမ်း၊ ၁၁ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

AREA 51

bar

Photo : AREA 51

မြို့ထဲဘက်မှာ အလန်းစား ဘား လေးကို ရှာဖွေနေတဲ့ ဘီးကျဲတို့အတွက် ဗဟန်းမြို့နယ်ထဲက AREA 51 ဆိုတဲ့ ဘားလေးရှိပါတယ်။ ဒီဘားလေးရဲ့ အနေအထားနဲ့ အပြင်အဆင်ကတော့ တကယ်ကို အမိုက်စားဖြစ်ပြီး ဘီးကျဲတို့ ကြိုက်နှစ်သက်မှာတော့ အသေအချာပါပဲ။ ဘော်ဒါတွေနဲ့ပဲ ထိုင်ထိုင်၊ ချစ်သူလေးနဲ့ပဲ Date Date အဆင်ပြေတဲ့ ဘားလေးပါပဲ။

ဒါ့အပြင် Unplugged တေးဂီတ သံစဉ်လေးတွေကို အေးအေးဆေးဆေး ခံစားရင်း ထိုင်ချင်တဲ့ ကွီးတို့အတွက်လည်း ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။ အစားအသောက်ကောင်းတွေအပြင် ကော့လ်တေး၊ မော့လ်တေးတို့အပြင် အဖျော်ယမကာများလည်း တော်တော်စုံစုံလင်လင် ရပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ Golden Link Condo၊ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

Featured Photo : The Embassy Bar