ဘားနှင့် စားသောက်ဆိုင်များသည် လူ့ပြည်မှာသာ ရရှိနိုင်တဲ့ လူ့စည်းစိမ်များပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး လူ့စည်းစိမ်ကို အပြည့်အဝ မခံစားလိုက်ရဘူးဆိုရင် လူဖြစ်ရကျိုးဘယ်နှပ်နိုင်ပါ့မလိမ့်။ လူ့ စည်းစိမ် ကို မိုင်ကုန် ခံစားချင်တယ်ဆိုရင် တစ်ပတ်မှာ အနည်းဆုံး တစ်ရက်လောက်တော့ ဘော်ဒါတွေနဲ့အတူတူ ဘားထိုင်သင့်တယ်မဟုတ်လား။

ဘယ်ဘားတွေက ထိုင်လို့ကောင်းသလဲဆိုတာ ကွီးတို့ မသိသေးရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပြီး ပညာယူလို့ရပါတယ်။

Bar Industry

စည်းစိမ် မိုင်ကုန်

Photo: Facebook

ဆိုင်နာမည်လေးကတော့ အမိုက်စားပါပဲ။ Bar Industry ဖြစ်ပါတယ်။ သူ့ရဲ့ တည်နေရာကတော့ အမှတ် (၂၁)၊ စက်မှု (၄) လမ်း၊ ၈ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ Table ယူဖို့အတွက် ဘိုကင်တင်ချင်တယ်ဆိုရင်တော့ 09 950 442 442 သို့ ဆက်သွယ်နိုင်ပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်လေးကလည်း လူငယ်ဆန်ဆန်နဲ့ ထိုင်လို့ကောင်းအောင် ပြင်ဆင်ထားပြီး Acoustic ဖျော်ဖြေတင်ဆက်မှုများကိုလည်း နားသောတဆင် ခံစားနိုင်ပါတယ်။

Transporter Restaurant

စည်းစိမ် မိုင်ကုန်

Photo: Facebook

နောက်တစ်ဆိုင်ကတော့ အမှတ် (၅၀) ၊ ဝေဇယန္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်မှာ တည်ရှိတဲ့ Transporter Restaurant ပဲဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ဖျော်ဖြေတင်ဆက်မှုများကို တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် ဖျော်ဖြေပေးနေတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ တကယ့် ဒိတ်ဒိတ်ကြဲအဆိုတော်တွေ၊ DJ သမားတွေကို ဖိတ်ကြားထားတာ ဖြစ်တာကြောင့် ဘီယာလေးသောက်လိုက် သီချင်းနားထောင်ကာ ကဲလိုက်ဖြင့် လူ့ စည်းစိမ် ကို မိုင်ကုန် ခံစားနိုင်ပါတယ်။ ဘီယာမျိုးစုံ၊ ကော့တေးမျိုးစုံကိုလည်း မှာယူစားသုံးနိုင်တဲ့အပြင် အကင်မျိုးစုံနှင့် အခြားသော အမြည်းမျိုးစုံကိုလည်း မနားတမ်း မှာယူ သုံးဆောင်နိုင်ပါတယ်။

CELE BAR

CELE BAR

Photo: Facebook

CELE BAR ရဲ့ လိပ်စာကတော့ အမှတ် (၃၀၆)၊ သုမင်္ဂလာလမ်း၊ တောင်ဥက္ကလာပါမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ တီဝိုင်းမျိုးစုံရဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ အဆိုတော်မျိုးစုံရဲ့ အလန်းစား တင်ဆက်မှုများကို နားသောတဆင် ခံစားနိုင်တဲ့အပြင် ကွီးတို့ဘော်ဒါတွေနဲ့အတူတူ Private ပါတီ ဆင်နွှဲချင်တာလား၊ (သို့) ကိုယ့်ကောင်မလေးအတွက် စပရိုက်ပါတီ ဖန်တီးပေးချင်တာလား၊ ကွီးတို့ကြိုက်တဲ့ ဝန်ဆောင်မှုများကို တမ်းတလိုက်ပါ။ CELE BAR က အဆင်သင့်ပါပဲ။ ကော့တေးမျိုးစုံ၊ ဘီယာ မျိုးစုံ၊ ဝီစကီမျိုးစုံ၊ အမြည်းမျိုးစုံကလည်း ကွီးတို့ရဲ့ အသည်းနှလုံးကို ဆွဲကိုင်ထားမှာပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဆိုင်များအားလုံးသည် တောင်ဥက္ကလာပမြို့နယ်ထဲကဆိုတော့ ကွီးတို့လည်း တောင်ဥက္ကလာပဘက် ခြေဦးလှည့်ဖြစ်တယ်ဆို တစ်ခါလောက် သွားထိုင်ကြည့်လိုက်ပါဦးလို့ လက်တို့လိုက်ရပါတယ်။

Featured Image: Barindustrymm