ကွီးတို့ရေ ရေလျှံတဲ့ လကုန်ရက်လည်းဖြစ်၊ ပိတ်ရက်လည်းဖြစ်တဲ့ ဒီလိုနေ့မျိုးမှာ ဘော်ဒါတွေနဲ့ အတူပျော်ပျော်ပါးပါး ထိုင်ပြီး တစ်ပတ်တာ အမောတွေကို ဖြေဖျောက်ဖို့ ဘားမှာဆုံတွေ့ဖို့ စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ဘော်ဒါတွေနဲ့ အတူသောက်ရင်း စားရင်း ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးလို့ကောင်းမဲ့ ဘား တွေကိုဖော်ပြပေးချင်ပါတယ်။
Freesia Rooftop Lounge

Photo : Freesia Rooftop Lounge Facebook Page
ကွီးတို့ ဘော်ဒါတွေနဲ့ အတူ Chill ဖို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ ဘား လေးကတော့ Freesia Rooftop Lounge ပဲ ဖြစ်ပါတယ်။ ဒီဘားလေးမှာ အဖျော်ယမကာများအပြင့် ၎င်းရဲ့ Signature ကော့လ်တေးတွေကို မြည်းစမ်းရင်း အထပ်မြင့်ကနေမြင်ရတဲ့ ရန်ကုန်မြို့အလှကို ခံစားနိုင်ပါတယ်။ တေးဂီတ အစီအစဉ်တွေလည်း ပါဝင်တယ်။ ဒါ့အပြင် အခြားအရသာရှိတဲ့ အစားအသောက်များကို သုံးဆောင်လို့ရပါသေးတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၁၆၄)၊ အနောက် ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ နေ့လည် ၂ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ထားပါတယ်။ Rooftop မှာ အေးအေးဆေးဆေး ထိုင်ချင်တယ်ဆိုရင် ရွေးချယ်လို့ကောင်းတဲ့ ဘားလေးပဲ ဖြစ်ပါတယ်။
Tap House Beer and Grill

Photo : Tap House Beer and Grill Facebook Page
ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တာကတော့ Tap House Beer and Grill ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးကတော့ ကွီးတို့ သူငယ်ချင်းတွေ တူတူဘီယာလေးသောက်ရင်း အကင်လေးစားရင်းနဲ့ ပျော်ပျော်ပါးပါး Chill ဖို့အတွက် အကောင်းဆုံးပါပဲ။ ဒါ့အပြင် တေးဂီတ အစီအစဉ်တွေလည်း ပါဝင်တဲ့အတွက် တကယ်ကို ထိုင်လို့ကောင်းတဲ့ ဘားလေးပါပဲ။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၃၄)၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၁ နာရီ ကနေ ည ၁၁ နာရီ အထိဖြစ်ပါတယ်။
Roof Alchemy

Photo : Roof Alchemy
ကွီးတို့ ဘော်ဒါတွေနဲ့ ပဲဖြစ်စေ၊ ချစ်သူလေးနဲ့ပဲ ဖြစ်စေ လှပတဲ့ နေဝင်ချိန်ကို ငေးမောရင်း အထပ်မြင့်လေးမှာ ထိုင်ချင်ရင်တော့ သာယာတဲ့ Roof Garden လေးပါ ပါရှိတဲ့ Roof Alchemy ဆိုတဲ့ ဘား လေးကို ညွှန်းပါရစေ။ ဒါ့အပြင် ကော့လ်တေးကြိုက်တဲ့ ကွီးတို့အတွက် မြည်းစမ်းချင်စရာ ကော့လ်တေးတွေ၊ အဖျော်ယမကာများအပြင် Roof Alchemy ရဲ့ အရသာရှိလှတဲ့ Special Menu တွေကိုပါ မြည်းစမ်း ကြည့်လို့ရပါသေးတယ်။ လိပ်စာကတော့ Sayarsan Hotel ရဲ့ Rooftop၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပါတယ်။ ညနေ ၄ နာရီကနေ ည ၁၁ နာရီ အထိဖွင့်ပါတယ်။ ရန်ကုန်မြို့ရဲ့ ညနေဆည်းဆာကို ခံစားနိုင်တဲ့ အကောင်းဆုံး ဘားလေးတွေထဲက တစ်ခုဖြစ်ပါတယ်။
Featured Photo : Roof Alchemy Facebook Page
