တစ်ပတ်တာပြီးဆုံးလို့ ပိတ်ရက်လေး ရောက်လာပြန်ပါပြီ။ မန္တလာမြေမှ ကွီးတို့ရေ ပိတ်ရက်လေးမှာ တစ်ပတ်တာ အမောတွေဖြေဖျောက်ဖို့ ဘော်ဒါတွေနဲ့ဆုံပြီး Chill ဖို့စဉ်းစားနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ခေါင်းစားစရာမလိုဘဲ လွယ်လွယ်ကူကူ ရွေးချယ်လို့ရအောင် သောက်လည်းသောက်၊ Chill လို့လည်းကောင်းတဲ့ မန္တလာမြေမှ ဘီယာ Stations နဲ့ ဘား များ ကို ဖော်ပြပေးချင်ပါတယ်။
(၁) JJ Beer Stations Mandalay

Photo : JJ Beer Stations Mandalay Facebook Page
မန္တလာမြေမှ ဘီယာ Station နှင့် ဘားများ ထဲက ပထမဆုံးဖော်ပြချင်တာကတော့ ဘီယာချစ်သူ ကွီးတို့အတွက် အကြိုက်တွေ့စေမဲ့ JJ Beer Stations Mandalay ပဲဖြစ်ပါတယ်။ မန္တလေးမြို့မှာ ဆိုင်တည်နေရာတွေ အများကြီး ရှိတဲ့ ဘီယာ Stations လေးဖြစ်လို့ ကွီးတို့နဲ့ နီးစပ်ရာ ဆိုင်ကို ရွေးချယ်လို့ ရပါတယ်။ ဆိုင်လိပ်စာတွေကတော့ မနော်ဟရီလမ်းမှာ တစ်ဆိုင်၊ ၇၃ လမ်း နှင့် ၃၃ လမ်းထောင့်မှာ တစ်ဆိုင်၊ ၇၄ လမ်း ၃၂လမ်း နဲ့ ၃၃ ကြားမှာတစ်ဆိုင်၊ ၁၂ လမ်း ၇၈ နဲ့ ၇၉ ကြားမှာ တစ်ဆိုင်၊ ၅၇ လမ်းနဲ့ ၅၈လမ်းကြားမှာ တစ်ဆိုင်၊ ၉၁ လမ်းနဲ့ ၉၂ လမ်းကြားမှာ တစ်ဆိုင်၊ ၂၆လမ်းနဲ့ ၆၅ လမ်းထောင့်မှာတစ်ဆိုင်၊ ၆၂ လမ်း ၁၀၂လမ်းနဲ့ ၁၀၃လမ်းမှာ တစ်ဆိုင်၊ ပြီးတော့ ကန်တော်ကြီးဆိုင် ဆိုပြီး ရှိပါတယ်။ ကွီးတိုနဲ့ အနီးဆုံးဖြစ်တဲ့ Stations မှာ ဘော်ဒါတွေနဲ့ Chill လိုက်ပါ။
(၂) Holiday Sky Bar

Photo : Holiday Sky Bar Facebook Page
နောက်ထပ်ဖော်ပြပေးချင်တဲ့ ဘားလေးကတော့ တိုက်ခတ်လာတဲ့ လေနုအေးလေးတွေနဲ့ ညနေဆည်းဆာ အလှကို ခံစားရင်း အေးအေး ဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့အတွက် အကြိုက်တွေ့စေမဲ့ Holiday Sky Bar ဖြစ်ပါတယ်။ လိပ်စာကတော့ ၇၈ လမ်း၊ ကျွဲဆည်ကန် (၂) လမ်း၊ သံလမ်းအနီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့ဘဲ ဖြစ်ပါတယ်။
(၃) Bar In Bar

Photo : Bar In Bar Facebook Page
မန္တလာမြေမှ ဘားများ ထဲမှ နောက်ထပ်ဖော်ပြပေးချင်တဲ့ အလန်းစား ဘားလေးကတော့ Bar In Bar ပဲ ဖြစ်ပါတယ်။ တေးဂီတကိုပါ ခံစားနိုင်မဲ့ ဘားလေး ဖြစ်ပါတယ်။ လိပ်စာကတော့ ၅၃ လမ်း၊ ၃၂ လမ်း x ၃၃ လမ်းကြား၊ မန္တလေးမြို့ဘဲ ဖြစ်ပါတယ်။ ညနေ ၃ နာရီ ခွဲကနေ ည ၁၁ နာရီခွဲအထိဖွင့်ပါတယ်။
(၄) BARBECUE Beer & BBQ

Photo : BARBECUE Beer & BBQ Facebook Page
ဘီယာအေးအေးလေး သောက်ရင်း အရသာရှိတဲ့ အကင်တွေပါ မြည်းစမ်းကြည့်ချင်ပါတယ်တဲ့ဆိုတဲ့ မန္တလာမြေမှ ကွီးတို့အတွက် BARBECUE Beer & BBQ ဘားလေးရှိပါတယ်။ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးမလား၊ ချစ်သူလေးနဲ့ပဲ အေးဆေးထိုင်မလား၊ ကွီးတို့စိတ်ကြိုက် ရွေးချယ်လိုက်ပါ။ လိပ်စာကတော့ မန္တလာသီရိ ဘောလုံးကွင်းမြောက်ဘက်၊ ၁၀၂ A လမ်း x ၆၉ လမ်းထောင့်ပဲ ဖြစ်ပါတယ်။ မနက် ၁၀ နာရီခွဲကနေ ည ၁၀ နာရီ အထိဖွင့်ပါတယ်။
Featured Photo : Holiday Sky Bar Facebook Page
